
ချဲလ်ဆီးနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ အရန်အဖြစ်သာရှိခဲ့ပြီး
ဒုတိယပိုင်းရောက်မှလူစားဝင်ခဲ့ရတဲ့ စီရော်နယ်ဒိုဟာပွဲအပြီးမှာ
ပရိသတ်တွေနဲ့ ပြိုင်ဘက်တွေကိုနှုတ်ဆက်ခြင်းမရှိဘဲ
ဥမင်လမ်းထဲကိုတိုက်ရိုက်ဝင်သွားခဲ့ပါတယ်။
သူဟာအခုလိုမျိုးပြုမူတာ ဒါပါနဲ့ဆို နှစ်ကြိမ်ရှိနေပြီဖြစ်ပြီး
ပထမတစ်ကြိမ်ကအောက်တိုဘာလအတွင်း အဲဗာတန်နဲ့ ၁-၁ သရေကျတဲ့ပွဲမှာဖြစ်ပြီး
အဲဒီတုန်းကနည်းပြ ဆိုးလ်ရှားကသူ့ကိုအရန်အဖြစ်သာထားခဲ့တာပါ။
အဲဒီတုန်းကဘယ်သူ့ကိုမှနှုတ်ဆက်လိုခြင်းမရှိခဲ့တဲ့ စီရော်နယ်ဒိုဟာ ချဲလ်ဆီးနဲ့ပွဲ
အပြီးမှာလည်း ဘယ်သူ့ကိုမှလက်ဆွဲနှုတ်ဆက်ခြင်းမရှိခဲ့သလို
အဝေးကွင်းလိုက်အားပေးတဲ့ ပရိသတ်တွေကိုလည်းနှုတ်ဆက်ခဲ့ခြင်းမရှိပါဘူး။
သူဒီလိုလုပ်တာကိုသေချာတွေ့ခဲ့သူက ESPN သတင်းဌာနက မာ့ခ်အော့ဒန် ဖြစ်ပြီး
သူ့တွစ်တာကနေအခုလိုဘဲဖော်ပြသွားခဲ့ပါတယ်။
သူက” ရော်နယ်ဒိုဟာဥမင်လမ်းထဲကိုတန်းပြီးဝင်သွားတာဗျ။
ဘယ်သူ့ကိုမှလည်းနှုတ်ဆက်ခြင်းမရှိသလို ပရိသတ်တွေကိုလည်း မနှုတ်ဆက်ခဲ့ပါဘူး။
သူဟာကွင်းထဲကနေတန်းပြီး ထွက်သွားခဲ့တာပါ” လို့ပြောခဲ့ပါတယ်။
ပွဲမတိုင်ခင်မှာ စီရော်နယ်ဒိုတစ်ယောက်အရန်အဖြစ်သာရှိနေခဲ့တာကို
လူပြောများခဲ့ပေမယ့် ကာရစ်က ကာကွယ်စကားဆိုသွားပါသေးတယ်။
ပွဲမစခင်မှာသူက”အရင်ညကနဲ့မတူတဲ့အပြောင်းအလဲဖြစ်ချင်လို့
အနည်းငယ်လှည့်ဖျားမှုတွေလုပ်ခဲ့ရပါတယ်။ ဒါကလည်းအသင်းတိုးတက်ဖို့အတွက်ပါ။
စီရော်နယ်ဒိုဟာကျွန်တော်တို့အတွက် အရေးပါတဲ့သူဖြစ်ပေမယ့်
အခုလိုလုပ်ရတာပွဲအတွက်ချမှတ်ထားတဲ့ အစီအမံကြောင့်ပါ။
ဒါကိုသူနဲ့လည်းပြောဆိုပြီးသွားပါပြီ။ သူ့ဘက်ကလက်ခံခဲ့သလို
အခြေအနေပေါ်မူတည်ပြီး ဒီကနေ့လိုမျိုးထပ်ကြုံရဖို့ရှိ
နိုင်တယ်လို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။
ကျွန်တော်က အကောင်းဆုံးဖြစ်မယ်ထင်တဲ့အသင်းကို ရိုးသားစွာနဲ့ဘဲ
ရွေးချယ်ခဲ့တာပါ။ ဒါ့ထက်လည်းဘာမှမပိုပါဘူး” လို့ပြောခဲ့တာပါ။
ဒါပေမယ့် စီရော်နယ်ဒိုရဲ့ပြုမူပုံကြောင့် သူဟာအရန်အဖြစ်နေရတာကို
လုံးဝမနှစ်သက်သလိုဖြစ်နေတယ်လို့ သုံးသပ်နေကြပါတယ်။
zawgyi
ပရိသတ္ေတြနဲ႔ ၿပိဳင္ဘက္ေတြကိုႏႈတ္ဆက္ျခင္းမရွိဘဲဥမင္လမ္းထဲကိုတိုက္႐ိုက္ဝင္သြားခဲ့ျပန္တဲ့ စီေရာ္နယ္ဒို
ခ်ဲလ္ဆီးနဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲမွာ အရန္အျဖစ္သာရွိခဲ့ၿပီး
ဒုတိယပိုင္းေရာက္မွလူစားဝင္ခဲ့ရတဲ့ စီေရာ္နယ္ဒိုဟာပြဲအၿပီးမွာ
ပရိသတ္ေတြနဲ႔ ၿပိဳင္ဘက္ေတြကိုႏႈတ္ဆက္ျခင္းမရွိဘဲ
ဥမင္လမ္းထဲကိုတိုက္႐ိုက္ဝင္သြားခဲ့ပါတယ္။
သူဟာအခုလိုမ်ိဳးျပဳမူတာ ဒါပါနဲ႔ဆို ႏွစ္ႀကိမ္ရွိေနၿပီျဖစ္ၿပီး
ပထမတစ္ႀကိမ္ကေအာက္တိုဘာလအတြင္း အဲဗာတန္နဲ႔ ၁-၁ သေရက်တဲ့ပြဲမွာျဖစ္ၿပီး
အဲဒီတုန္းကနည္းျပ ဆိုးလ္ရွားကသူ႔ကိုအရန္အျဖစ္သာထားခဲ့တာပါ။
အဲဒီတုန္းကဘယ္သူ႔ကိုမွႏႈတ္ဆက္လိုျခင္းမရွိခဲ့တဲ့ စီေရာ္နယ္ဒိုဟာ ခ်ဲလ္ဆီးနဲ႔ပြဲ
အၿပီးမွာလည္း ဘယ္သူ႔ကိုမွလက္ဆြဲႏႈတ္ဆက္ျခင္းမရွိခဲ့သလို
အေဝးကြင္းလိုက္အားေပးတဲ့ ပရိသတ္ေတြကိုလည္းႏႈတ္ဆက္ခဲ့ျခင္းမရွိပါဘူး။
သူဒီလိုလုပ္တာကိုေသခ်ာေတြ႕ခဲ့သူက ESPN သတင္းဌာနက မာ့ခ္ေအာ့ဒန္ ျဖစ္ၿပီး
သူ႔တြစ္တာကေနအခုလိုဘဲေဖာ္ျပသြားခဲ့ပါတယ္။
သူက” ေရာ္နယ္ဒိုဟာဥမင္လမ္းထဲကိုတန္းၿပီးဝင္သြားတာဗ်။
ဘယ္သူ႔ကိုမွလည္းႏႈတ္ဆက္ျခင္းမရွိသလို ပရိသတ္ေတြကိုလည္း မႏႈတ္ဆက္ခဲ့ပါဘူး။
သူဟာကြင္းထဲကေနတန္းၿပီး ထြက္သြားခဲ့တာပါ” လို႔ေျပာခဲ့ပါတယ္။
ပြဲမတိုင္ခင္မွာ စီေရာ္နယ္ဒိုတစ္ေယာက္အရန္အျဖစ္သာရွိေနခဲ့တာကို
လူေျပာမ်ားခဲ့ေပမယ့္ ကာရစ္က ကာကြယ္စကားဆိုသြားပါေသးတယ္။
ပြဲမစခင္မွာသူက”အရင္ညကနဲ႔မတူတဲ့အေျပာင္းအလဲျဖစ္ခ်င္လို႔
အနည္းငယ္လွည့္ဖ်ားမႈေတြလုပ္ခဲ့ရပါတယ္။ ဒါကလည္းအသင္းတိုးတက္ဖို႔အတြက္ပါ။
စီေရာ္နယ္ဒိုဟာကြၽန္ေတာ္တို႔အတြက္ အေရးပါတဲ့သူျဖစ္ေပမယ့္
အခုလိုလုပ္ရတာပြဲအတြက္ခ်မွတ္ထားတဲ့ အစီအမံေၾကာင့္ပါ။
ဒါကိုသူနဲ႔လည္းေျပာဆိုၿပီးသြားပါၿပီ။ သူ႔ဘက္ကလက္ခံခဲ့သလို
အေျခအေနေပၚမူတည္ၿပီး ဒီကေန႔လိုမ်ိဳးထပ္ႀကဳံရဖို႔ရွိ
ႏိုင္တယ္လို႔လည္း ဆုံးျဖတ္ခဲ့ပါတယ္။
ကြၽန္ေတာ္က အေကာင္းဆုံးျဖစ္မယ္ထင္တဲ့အသင္းကို ႐ိုးသားစြာနဲ႔ဘဲ
ေ႐ြးခ်ယ္ခဲ့တာပါ။ ဒါ့ထက္လည္းဘာမွမပိုပါဘူး” လို႔ေျပာခဲ့တာပါ။
ဒါေပမယ့္ စီေရာ္နယ္ဒိုရဲ႕ျပဳမူပုံေၾကာင့္ သူဟာအရန္အျဖစ္ေနရတာကို
လုံးဝမႏွစ္သက္သလိုျဖစ္ေနတယ္လို႔ သုံးသပ္ေနၾကပါတယ္။