ပရိသတ်တွေဆိုတာ ဒေါသထွက်ပိုင်ခွင့်ရှိတဲ့ လူတန်းစားတွေဆိုတဲ့ လမ်းပတ်

ဘုန်းမောက်ကို ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ကစားသမားတွေနဲ့ ပရိ သတ်တွေအကြား အချင်းများခဲ့တဲ့အပေါ် အဲဗာတန်နည်းပြ လမ်းပတ်က ပရိသတ်တွေအနေနဲ့

အခုလိုမျိုး သူတို့ရဲ့ ဆန္ဒကို ထုတ်ပြခွင့် ရှိတယ်လို့ ပြော ဆိုလိုက်ပါတယ်။ အဲဒီပွဲစဉ်အပြီးမှာ လမ်းပတ်နဲ့အတူ အဲဗာတန်ကစားသမား တွေဟာ ပရိသတ်တွေကို သွားရောက်

အားပေး နှစ်သိမ့်ခဲ့ကြပေမဲ့ ဒေါသ ထွက်နေတဲ့ ပရိသတ်တွေကတော့ သူတို့ကို လှောင်ပြောင်အော်ဟစ် ကြိမ်း မောင်းခဲ့ကြပြီး တင်းမာမှုတွေ ဖြစ်ခဲ့လို့ လုံခြုံရေးတွေက

ဝင်ရောက် ထိန်းသိမ်း ပေးခဲ့ရပါတယ်။ ဒီပွဲစဉ်မှာ ဂိုးသမား ပစ်ဖို့ဒ်ကိုယ်တိုင်လည်း အမှားလုပ်မိခဲ့သလို အဲဗာတန် ကစားသမားတွေရဲ့ ပေါ့လျော့မှုကြောင့် အခုလိုမျိုး ဂိုးပြတ်

ရှုံးခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် မှာ ပရိသတ်တွေက ဒေါသထွက်တာမျိုး ဖြစ်တယ်လို့ လမ်းပတ်က ယုံကြည်နေပြီး သူတို့ရဲ့ စိတ်ထဲက

ဆန္ဒကို ထုတ်ပြောခွင့် ရှိတယ်လို့ ယူဆနေပါ တယ်။ နောက်ပြီး အဲဒီလို ထုတ်ပြောခွင့်ဟာလည်း သူတို့ရဲ့ ကိုယ်ပိုင် အခွင့် အရေး ဖြစ်တယ်လို့ လမ်းပတ်က ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

‘’ပရိသတ် တွေမှာ သူတို့ရဲ့ အမြင်နဲ့ ဆန္ဒတွေကို ထုတ်ပြောခွင့် ရှိတယ်ဆိုတာကို ကစားသမားတွေက လေးစားမှု ရှိပေးရပါမယ်။ နောက်ပြီး ဒီနေ့ပွဲစဉ်မှာလည်း သူတို့ မှန်ခဲ့ပါတယ်’’ လို့

လမ်းပတ်က ပြောဆိုခဲ့ပါတယ်။ ပရီးမီးယားလိဂ် ၁၅ ပွဲ ကစားပြီးသွားတဲ့အချိန်၊ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တစ်ထောက်နားမယ့် ကာလမှာတော့ အဲဗာတန်ဟာ အမှတ်ပေးဇယားရဲ့

အဆင့် ၁၇ နေရာကို ရောက်နေပြီး နည်းပြ လမ်းပတ်အပေါ်မှာလည်း ဖိအားတွေ ပိုမို များပြားလာနေပါတယ်။ နောက်ပြီး အသင်းကစားသမားတွေနဲ့ ပရိသတ်တွေ ကြားမှာ အခုလိုမျိုး

အချင်းများမှုတွေ ဖြစ်ခဲ့တာဟာဆိုရင်လည်း နားလည်မှု လွဲတဲ့ကိစ္စကြောင့် ဖြစ်နိုင်တယ်လို့ ယူဆတဲ့အကြောင်း လမ်းပတ်က ထပ်ပြောခဲ့ပါသေးတယ်။ ဒါ့အပြင် ဒီနေ့ပွဲစဉ်မှာ

ဘုန်းမောက်ကို ခြေပြတ်၊ ဂိုးပြတ် နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်တဲ့အတွက် ဘောလုံးနဲ့ ပတ်သက်လို့ကတော့ ထည့်ပြောစရာ အကြောင်းကို မရှိပါဘူးလို့ အင်္ဂလန်သားနည်းပြက ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ပရိသတ္ေတြဆိုတာ ေဒါသထြက္ပိုင္ခြင့္ရွိတဲ့ လူတန္းစားေတြဆိုတဲ့ လမ္းပတ္

ဘုန္းေမာက္ကို ၃-၀ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ကစားသမားေတြနဲ႔ ပရိ သတ္ေတြအၾကား အခ်င္းမ်ားခဲ့တဲ့အေပၚ အဲဗာတန္နည္းျပ လမ္းပတ္က ပရိ သတ္ေတြအေနနဲ႔

အခုလိုမ်ိဳး သူတို႔ရဲ႕ ဆႏၵကို ထုတ္ျပခြင့္ ရွိတယ္လို႔ ေျပာ ဆိုလိုက္ပါတယ္။ အဲဒီပြဲစဥ္အၿပီးမွာ လမ္းပတ္နဲ႔အတူ အဲဗာတန္ကစားသမား ေတြဟာ ပရိသတ္ေတြကို သြားေရာက္

အားေပး ႏွစ္သိမ့္ခဲ့ၾကေပမဲ့ ေဒါသ ထြက္ေနတဲ့ ပရိသတ္ေတြကေတာ့ သူတို႔ကို ေလွာင္ေျပာင္ေအာ္ဟစ္ ႀကိမ္း ေမာင္းခဲ့ၾကၿပီး တင္းမာမႈေတြ ျဖစ္ခဲ့လို႔

လုံၿခဳံေရးေတြက ဝင္ေရာက္ ထိန္းသိမ္း ေပးခဲ့ရပါတယ္။ ဒီပြဲစဥ္မွာ ဂိုးသမား ပစ္ဖို႔ဒ္ကိုယ္တိုင္လည္း အမွားလုပ္မိခဲ့ သလို အဲဗာတန္ ကစားသမားေတြရဲ႕ ေပါ့ေလ်ာ့မႈေၾကာင့္

အခုလိုမ်ိဳး ဂိုးျပတ္ ရႈံးခဲ့ရတာျဖစ္ပါတယ္။ ဒါေၾကာင့္ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္အေပၚ မွာ ပရိသတ္ေတြက ေဒါသထြက္တာမ်ိဳး ျဖစ္တယ္လို႔ လမ္းပတ္က ယုံၾကည္ ေနၿပီး

သူတို႔ရဲ႕ စိတ္ထဲက ဆႏၵကို ထုတ္ေျပာခြင့္ ရွိတယ္လို႔ ယူဆေနပါ တယ္။ ေနာက္ၿပီး အဲဒီလို ထုတ္ေျပာခြင့္ဟာလည္း သူတို႔ရဲ႕ ကိုယ္ပိုင္ အခြင့္ အေရး ျဖစ္တယ္လို႔ လမ္းပတ္က ပြဲအၿပီးမွာ

ေျပာသြားခဲ့ပါတယ္။ ‘’ပရိသတ္ ေတြမွာ သူတို႔ရဲ႕ အျမင္နဲ႔ ဆႏၵေတြကို ထုတ္ေျပာခြင့္ ရွိတယ္ဆိုတာကို က စားသမားေတြက ေလးစားမႈ ရွိေပးရပါမယ္။ ေနာက္ၿပီး

ဒီေန႔ပြဲစဥ္မွာလည္း သူတို႔ မွန္ခဲ့ပါတယ္’’ လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။ ပရီးမီးယားလိဂ္ ၁၅ ပြဲ ကစားၿပီးသြားတဲ့အခ်ိန္၊ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ တစ္ေထာက္နားမယ့္

ကာလမွာေတာ့ အဲဗာတန္ဟာ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၇ ေနရာကို ေရာက္ေနၿပီး နည္းျပ လမ္းပတ္အေပၚမွာလည္း ဖိအားေတြ ပိုမို မ်ားျပားလာေနပါတယ္။

ေနာက္ၿပီး အသင္းကစားသမားေတြနဲ႔ ပရိသတ္ေတြ ၾကားမွာ အခုလိုမ်ိဳး အခ်င္းမ်ားမႈေတြ ျဖစ္ခဲ့တာဟာဆိုရင္လည္း နားလည္မႈ လြဲတဲ့ကိစၥေၾကာင့္ ျဖစ္ႏိုင္တယ္လို႔

ယူဆတဲ့အေၾကာင္း လမ္းပတ္က ထပ္ ေျပာခဲ့ပါေသးတယ္။ ဒါ့အျပင္ ဒီေန႔ပြဲစဥ္မွာ ဘုန္းေမာက္ကို ေျချပတ္၊ ဂိုးျပတ္ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္တဲ့အတြက္ ေဘာလုံးနဲ႔

ပတ္သက္လို႔ကေတာ့ ထည့္ေျပာ စရာ အေၾကာင္းကို မရွိပါဘူးလို႔ အဂၤလန္သားနည္းျပက ေျပာဆိုသြားခဲ့ပါ တယ္။