ပရိသတ်တွေကို အမြင်ကွဲပြားစေခဲ့တဲ့ အက်သလက်ရဲ့ ၅-၅-၀ နည်းဗျူဟာ

အက်သလက်တီကိုအသင်းနည်းပြ ှဆီမြွန်နီဟာ မန်စီးတီးကို

၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်
ပ-အကျော့ပွဲမှာ ၅-၅-၀ နည်းဗျူဟာ အသုံးပြုခဲ့ရာ
လူမှုမီဒီယာမှာ ပရိသတ်တွေကြားထဲ အမြင်တွေလည်း ကွဲပြားနေပါတယ်။
၁၆သင်းအဆင့်မှာ ယူနိုက်တက်ကို နောက်ကောက်ချနိုင်ခဲ့တဲ့
အက်သလက်ဟာ ကွာတားဖိုင်နယ်မှာလည်း မန်ချက်စတာကို

ထပ်မံအရောက်လာရပြီး တိုက်စစ်အားထက်မြက်နေတဲ့ မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
အက်သလက်ဟာ အီတီဟတ်မှာ ခံစစ်ပိတ်ကစားသွားပြီး
ဒု-အကျော့ အိမ်ကွင်းပွဲအတွက် ၅-၅-၀ နည်းဗျူဟာ
အသုံးပြုခဲ့ပေမယ့် ဒီဘရိုင်းနားရဲ့ဂိုးကြောင့် ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။
ဆီမြွန်နီက မန်စီးတီးအသင်း အခွင့်အရေးများများစားစားမရစေဖို့

တိုက်စစ်မှာ တစ်ယောက်မှ တင်မကစားဘဲ ၅ယောက်တန်းခံစစ်ကို
နှစ်ထပ်ဆင့်ကစားခဲ့ရာ ပရိသတ်တွေလည်း အမြင်အမျိုးမျိုးကွဲပြားနေပါတယ်။
”ဆီမြွန်နီရဲ့ခံစစ်ကတော့ လူအပြည့်ပဲ”
”အက်သလက်က ၅-၅-၀ ပုံစံနဲ့ ကစားနေတာပဲ။
ဆီမြွန်နီရဲ့နောက်ထပ်ဘက်စ်ကားအကွက်ပေါ့”

”ဆီမြွန်နီရဲ့နည်းစနစ်တွေက အရမ်းပျင်းဖို့ကောင်းတယ်”
”တကယ်လို့ တိုက်စစ်အသားပေးနည်းဗျူဟာက ပွဲတွေ
အနိုင်ရဖို့ ရာခိုင်နှုန်းများတယ်ဆိုရင်တောင် ခံစစ်နည်းဗျူဟာ
သုံးပြီး ပွဲတွေအနိုင်ရဖို့ ကြိုးစားတာကို သွားပြီးအပြစ်တင်လို့မရပါဘူး”လို့
ပရိသတ်တွေက လူမှုမီဒီယာမှာ အသီးသီးရေးသားခဲ့ပါတယ်။

ဆီမြွန်နီရဲ့ဗျူဟာက မိနစ် ၇၀ နီးပါးအထိ အလုပ်ဖြစ်ခဲ့ပေမယ့်
ပွဲချိန်မိနစ် ၇၀ မှာ ဒီဘရိုင်းနားက စီးတီးအတွက်
တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

Zawgyi

ပရိသတ္ေတြကို အျမင္ကဲြျပားေစခဲ့တဲ့ အက္သလက္ရဲ႕ ၅-၅-၀ နည္းဗ်ဴဟာ
အက္သလက္တီကိုအသင္းနည္းျပ ွဆီျမြန္နီဟာ မန္စီးတီးကို
၁-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ကြာတားဖုိင္နယ္
ပ-အေက်ာ့ပြဲမွာ ၅-၅-၀ နည္းဗ်ဴဟာ အသုံးျပဳခဲ့ရာ

လူမႈမီဒီယာမွာ ပရိသတ္ေတြၾကားထဲ အျမင္ေတြလည္း ကြဲျပားေနပါတယ္။
၁၆သင္းအဆင့္မွာ ယူႏုိက္တက္ကို ေနာက္ေကာက္ခ်ႏိုင္ခဲ့တဲ့
အက္သလက္ဟာ ကြာတားဖုိင္နယ္မွာလည္း မန္ခ်က္စတာကို
ထပ္မံအေရာက္လာရၿပီး တုိက္စစ္အားထက္ျမက္ေနတဲ့ မန္စီးတီးနဲ႔ ရင္ဆိုင္ခဲ့ရတာပါ။
အက္သလက္ဟာ အီတီဟတ္မွာ ခံစစ္ပိတ္ကစားသြားၿပီး

ဒု-အေက်ာ့ အိမ္ကြင္းပြဲအတြက္ ၅-၅-၀ နည္းဗ်ဴဟာ
အသုံးျပဳခဲ့ေပမယ့္ ဒီဘရိုင္းနားရဲ႕ဂိုးေၾကာင့္ ၁-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရတာျဖစ္ပါတယ္။
ဆီျမြန္နီက မန္စီးတီးအသင္း အခြင့္အေရးမ်ားမ်ားစားစားမရေစဖုိ႔
တုိက္စစ္မွာ တစ္ေယာက္မွ တင္မကစားဘဲ ၅ေယာက္တန္းခံစစ္ကို
ႏွစ္ထပ္ဆင့္ကစားခဲ့ရာ ပရိသတ္ေတြလည္း အျမင္အမ်ိဳးမ်ိဳးကြဲျပားေနပါတယ္။

”ဆီျမြန္နီရဲ႕ခံစစ္ကေတာ့ လူအျပည့္ပဲ”
”အက္သလက္က ၅-၅-၀ ပုံစံနဲ႔ ကစားေနတာပဲ။
ဆီျမြန္နီရဲ႕ေနာက္ထပ္ဘက္စ္ကားအကြက္ေပါ့”
”ဆီျမြန္နီရဲ႕နည္းစနစ္ေတြက အရမ္းပ်င္းဖို႔ေကာင္းတယ္”
”တကယ္လုိ႔ တုိက္စစ္အသားေပးနည္းဗ်ဴဟာက ပြဲေတြ

အႏိုင္ရဖို႔ ရာခုိင္ႏႈန္းမ်ားတယ္ဆုိရင္ေတာင္ ခံစစ္နည္းဗ်ဴဟာ
သုံးၿပီး ပြဲေတြအႏိုင္ရဖို႔ ႀကိဳးစားတာကို သြားၿပီးအျပစ္တင္လုိ႔မရပါဘူး”လို႔
ပရိသတ္ေတြက လူမႈမီဒီယာမွာ အသီးသီးေရးသားခဲ့ပါတယ္။
ဆီျမြန္နီရဲ႕ဗ်ဴဟာက မိနစ္ ၇၀ နီးပါးအထိ အလုပ္ျဖစ္ခဲ့ေပမယ့္
ပြဲခ်ိန္မိနစ္ ၇၀ မွာ ဒီဘရိုင္းနားက စီးတီးအတြက္

တစ္လုံးတညး္ေသာအႏိုင္ဂိုးကို သြင္းယူခဲ့ပါတယ္။