ပရိသတ်တွေကို ချီးကျူးဂုဏ်ပြုဖို့ ဒါလော့က ကြိမ်တို့ပေးနေရတဲ့ စီရော်နယ်ဒို

နည်းပြသစ် အဲရစ်တန်ဟတ်ရဲ့ လက်အောက်မှာ မန်ယူတိုက်စစ်မှူး စီရော် နယ်ဒိုဟာ ပုံမှန်ပွဲထွက်ခွင့် မရတာကြောင့် စိုးရိမ်စိတ်တွေဝင်နေတယ်ဆိုတဲ့ သတင်းမျိုးစုံ ထွက်နေခဲ့တာ အားလုံးသိကြပြီးသားပါ။

ဒါကြောင့် လက်ရှိ ဘောလုံးရာသီဟာ ဒီပေါ်တူဂီသားအတွက် အဆိုးရွားဆုံး ရာသီတစ်ခုတောင် ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။

ပုံစံကောင်း ပျောက်ဆုံးနေတဲ့အတွက် ဝေဖန် မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စီရော်နယ်ဒိုဟာ စိတ်နဲ့ကိုယ်နဲ့ မကပ်တဲ့ပုံစံမျိုး ရှိနေ ပြီး ဒီအချက်ကိုလည်း အိုမိုနီယာနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ မြင်တွေ့ခဲ့ ရသလို အဲဗာတန်ကို အနိုင်ရခဲ့တဲ့ ဂွတ်ဒီဆင်ပါ့ခ် ပွဲစဉ်မှာလည်း မြင်တွေ့ခဲ့ရ ပါတယ်။

အဲဗာတန်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ စီရော်နယ်ဒိုဟာ မာရှယ်နေရာမှာ လူစားဝင်ခွင့်ရခဲ့ပြီး အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းနိုင်ခဲ့ပေမယ့် ပျက်ကွက်မှု တစ်ခုတော့ ရှိခဲ့ပါတယ်။

အဲဒါကတော့ ယူနိုက်တက်အသင်းကို အဝေးကွင်းဆီ လိုက်လံအားပေးတဲ့ ပရိသတ်တွေကို ချီးကျူးဂုဏ်ပြုနှုတ် ဆက်ဖို့ မစဉ်းစားဘဲ မဆိုင်သလိုနေခဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

ဒါပေမဲ့ စိတ်နဲ့ ကိုယ်နဲ့ မကပ်တဲ့ စီရော်နယ်ဒိုကို သတိထားမိတဲ့ အသင်းဖော် ဒါလော့က တော့ ပွဲအပြီးမှာ အဝတ်လဲခန်းထဲဆီကို တန်းပြန်ဖို့ တာစူနေတဲ့ စီရော်နယ်ဒို ကို သတိပေးခဲ့ပြီး ပရိသတ်တွေကို သွားရောက် နှုတ်ဆက်ဖို့အတွက် တိုက် တွန်းခဲ့ပါတယ်။

အဲဒီအခါကျမှပဲ ဒီရီးရဲလ်တိုက်စစ်မှူးဟောင်းဟာ သတိပြန် လည်လာပြီး ဒါလော့၊ အဲရစ်ဆင်၊ ကက်စ်မီရိုအပါအဝင် မန်ယူအသင်းသားတွေနဲ့အတူ ပရိသတ်တွေကို လိုက်လံ နှုတ်ဆက်ခဲ့ပါတယ်။

ဒီရာသီ အစောပိုင်းမှာ ကစားခဲ့တဲ့ ဘရန်ဖို့ဒ်ကို ၄-၀ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း စီရော်နယ်ဒိုဟာ သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် အလိုမကျဖြစ်ခဲ့ပြီး ပွဲအပြီးမှာ အခုလိုမျိုး စိတ်နဲ့ကိုယ်နဲ့ မကပ်တဲ့ အမူအရာ မျိုးတွေ ရှိခဲ့တာကို တွေ့ရပါတယ်။

အဲဒီပွဲစဉ်မှာလည်း အဝေးကွင်းဆီ လိုက် လံအားပေးတဲ့ ပရိသတ်တွေကို ချီးကျူးဂုဏ်ပြု နှုတ်ဆက်ရမယ့်အစား ဒေါသ ထွက်နေတဲ့ပုံစံနဲ့ ကွင်းထဲကနေ ပြန်ထွက်လာခဲ့တဲ့သူပါ။

အဲဒီပွဲစဉ်မှာ စီရော် နယ်ဒိုဟာ ပရိသတ်တွေကို ပစ်ထားခဲ့လို့ နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မက္က လာရင်က ပရိသတ်တွေကို သွားပြီး နှုတ်ဆက်ဖို့ တိုက်တွန်းခဲ့ပေမယ့် ဒီ ပေါ် တူဂီသားကတော့ ငြင်းဆန်ခဲ့သလို နည်းပြ တန်ဟတ်ကိုလည်း လက်ဆွဲ နှုတ် ဆက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

(Zawgyi)

ပရိသတ္ေတြကို ခ်ီးက်ဴးဂုဏ္ျပဳဖို႔ ဒါေလာ့က ႀကိမ္တို႔ေပးေနရတဲ့ စီေရာ္နယ္ဒို

နည္းျပသစ္ အဲရစ္တန္ဟတ္ရဲ႕ လက္ေအာက္မွာ မန္ယူတိုက္စစ္မႉး စီေရာ္ နယ္ဒိုဟာ ပုံမွန္ပြဲထြက္ခြင့္ မရတာေၾကာင့္ စိုးရိမ္စိတ္ေတြဝင္ေနတယ္ဆိုတဲ့ သတင္းမ်ိဳးစုံ ထြက္ေနခဲ့တာ အားလုံးသိၾကၿပီးသားပါ။

ဒါေၾကာင့္ လက္ရွိ ေဘာလုံးရာသီဟာ ဒီေပၚတူဂီသားအတြက္ အဆိုး႐ြားဆုံး ရာသီတစ္ခုေတာင္ ျဖစ္ေကာင္း ျဖစ္ေနႏိုင္ပါတယ္။

ပုံစံေကာင္း ေပ်ာက္ဆုံးေနတဲ့အတြက္ ေဝဖန္ မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ စီေရာ္နယ္ဒိုဟာ စိတ္နဲ႔ကိုယ္နဲ႔ မကပ္တဲ့ပုံစံမ်ိဳး ရွိေန ၿပီး ဒီအခ်က္ကိုလည္း အိုမိုနီယာနဲ႔ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ ျမင္ေတြ႕ခဲ့ ရသလို အဲဗာတန္ကို အႏိုင္ရခဲ့တဲ့ ဂြတ္ဒီဆင္ပါ့ခ္ ပြဲစဥ္မွာလည္း ျမင္ေတြ႕ခဲ့ရ ပါတယ္။

အဲဗာတန္နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ စီေရာ္နယ္ဒိုဟာ မာရွယ္ေနရာမွာ လူစားဝင္ခြင့္ရခဲ့ၿပီး အသင္းအတြက္ အဖိုးတန္ အႏိုင္ဂိုးကို သြင္းႏိုင္ခဲ့ေပမယ့္ ပ်က္ကြက္မႈ တစ္ခုေတာ့ ရွိခဲ့ပါတယ္။ အဲဒါကေတာ့ ယူႏိုက္တက္အသင္းကို အေဝးကြင္းဆီ လိုက္လံအားေပးတဲ့ ပရိသတ္ေတြကို ခ်ီးက်ဴးဂုဏ္ျပဳႏႈတ္ ဆက္ဖို႔ မစဥ္းစားဘဲ မဆိုင္သလိုေနခဲ့တဲ့ လုပ္ရပ္ျဖစ္ပါတယ္။

ဒါေပမဲ့ စိတ္နဲ႔ ကိုယ္နဲ႔ မကပ္တဲ့ စီေရာ္နယ္ဒိုကို သတိထားမိတဲ့ အသင္းေဖာ္ ဒါေလာ့က ေတာ့ ပြဲအၿပီးမွာ အဝတ္လဲခန္းထဲဆီကို တန္းျပန္ဖို႔ တာစူေနတဲ့ စီေရာ္နယ္ဒို ကို သတိေပးခဲ့ၿပီး ပရိသတ္ေတြကို သြားေရာက္ ႏႈတ္ဆက္ဖို႔အတြက္ တိုက္ တြန္းခဲ့ပါတယ္။

အဲဒီအခါက်မွပဲ ဒီရီးရဲလ္တိုက္စစ္မႉးေဟာင္းဟာ သတိျပန္ လည္လာၿပီး ဒါေလာ့၊ အဲရစ္ဆင္၊ ကက္စ္မီ႐ိုအပါအဝင္ မန္ယူအသင္းသားေတြနဲ႔အတူ ပရိသတ္ေတြကို လိုက္လံ ႏႈတ္ဆက္ခဲ့ပါတယ္။ ဒီရာသီ အေစာပိုင္းမွာ ကစားခဲ့တဲ့ ဘရန္ဖို႔ဒ္ကို ၄-၀ ဂိုး နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာလည္း စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕ စြမ္းေဆာင္ရည္အေပၚ အလိုမက်ျဖစ္ခဲ့ၿပီး ပြဲအၿပီးမွာ အခုလိုမ်ိဳး စိတ္နဲ႔ကိုယ္နဲ႔ မကပ္တဲ့ အမူအရာ မ်ိဳးေတြ ရွိခဲ့တာကို ေတြ႕ရပါတယ္။

အဲဒီပြဲစဥ္မွာလည္း အေဝးကြင္းဆီ လိုက္ လံအားေပးတဲ့ ပရိသတ္ေတြကို ခ်ီးက်ဴးဂုဏ္ျပဳ ႏႈတ္ဆက္ရမယ့္အစား ေဒါသ ထြက္ေနတဲ့ပုံစံနဲ႔ ကြင္းထဲကေန ျပန္ထြက္လာခဲ့တဲ့သူပါ။

အဲဒီပြဲစဥ္မွာ စီေရာ္ နယ္ဒိုဟာ ပရိသတ္ေတြကို ပစ္ထားခဲ့လို႔ နည္းျပအဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ မကၠ လာရင္က ပရိသတ္ေတြကို သြားၿပီး ႏႈတ္ဆက္ဖို႔ တိုက္တြန္းခဲ့ေပမယ့္ ဒီ ေပၚ တူဂီသားကေတာ့ ျငင္းဆန္ခဲ့သလို နည္းျပ တန္ဟတ္ကိုလည္း လက္ဆြဲ ႏႈတ္ ဆက္ဖို႔ ျငင္းဆန္ခဲ့ပါတယ္။