ပရိသတ်က မက်ဂွိုင်းယားခရေဇီတွေပြန်ဖြစ်လာတော့မယ်လို့ ပေါလ်စခိုးလ်နဲ့ ဟားဂရေ့ဗ် သုံးသပ်

တံကောက်ကြောဒဏ်ရာကပြန်လည်သက်သာလာတဲ့ မန်ယူနောက်ခံ လူမက်ဂွိုင်းယားဟာ ရှရစ်ဖ်နဲ့ယူရိုပါလိဂ်ပွဲစဉ် ဒုတိယပိုင်းမှာ မန်ယူအတွက်လူစားဝင်ကစားသွားခဲ့ပါတယ်။

ဒုတိယပိုင်းအရောက်မှာ ဘရူနိုရဲ့ကပ္ပတိန်လက်ပတ်ကိုလွှဲပြောင်းယူခဲ့တဲ့ မက်ဂွိုင်းယားဟာဆက်တိုက်ဝေဖန်ခံခဲ့ရပေမဲ့ ပရိသတ်တွေကိုယ်တိုင် အင်္ဂလန်နောက်ခံလူရဲ့

နောက်လိုက်တွေပြန်ဖြစ်သွားလိမ့်မယ်လို့ BT Spoorts ဘောလုံးပွဲဝေဖန်သူတွေဖြစ်တဲ့ ပေါလ်စခိုးလ်နဲ့ အိုဝင်ဟားဂရေ့ဗ်တို့က သုံးသပ်လိုက်ပါတယ်။ ဒုတိယပိုင်းမှာ

မာတီနက်ဇ်နေရာလူစားဝင်လာပြီး လင်ဒီလော့ဖ်ရဲ့ပါတနာအဖြစ်ကစားသွားတဲ့ မက်ဂွိုင်းယားနဲ့ပတ်သတ်လို့ ပေါလ်စခိုးလ်က “သူ့မှာခက်ခဲတဲ့အချိန်တွေရှိခဲ့ပြီး

ပရိသတ်တွေသူ့နောက်လိုက်သွား ကြပါလိမ့်မယ်။ မက်ဂွိုင်းယားအတွက် လွန်ခဲ့တဲ့ ၁၈လ လောက်ကဘယ်လောက် ခက်ခဲတယ်ဆိုတာ သူတို့သိပြီးသားပါ။

သူ့ကိုဖြစ်နိုင်တဲ့အခြေအနေထိပြန်ရောက်ဖို့ အတွက် ကျွန်တော်တို့အလိုရှိခဲ့ကြတယ်။ ဒီညက စမ်းသပ်မှုတစ်ခုမဟုတ်ပါဘူး။ ဝက်စ်ဟမ်းနဲ့ပွဲကျရင် ပိုကြီးတဲ့စမ်းသပ်မှုတွေ လုပ်ရပါလိမ့်မယ်။

ဝက်စ်ဟမ်းနဲ့ပွဲက သူ့ပုံစံအတွက်တကယ့်စမ်းသပ်မှုဖြစ်လို့ ဒါကိုကျော်ဖြတ်ပြီးရင် လက်ချောင်းတွေ အားလုံးကိုဖြတ်ပြီး သူကအားလုံးသိတဲ့ မက်ဂွိုင်းယားဆီကို ပြန်ရောက်သွားမှာပါ”

လို့ ဆိုခဲ့ပါတယ်။ ဆက်လက်ပြီး ဟားဂရေ့ဗ်က “အင်္ဂလန်အတွက် သူပြန်လာနိုင် မယ်လို့မျှော်လင့်နေပါတယ်။ ပရိသတ်တွေကအံ့မခန်းပါပဲ။ သူ့ဘက်ကဝမ်းသာနေမယ်လို့ယူဆသလို

အင်္ဂလန်အတွက်အံဝင်ခွင်ကျဖြစ်လာမယ် ထင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

(Zawgyi)

ပရိသတ္က မက္ဂြိဳင္းယားခေရဇီေတြျပန္ျဖစ္လာေတာ့မယ္လို႔ ေပါလ္စခိုးလ္နဲ႔ ဟားဂေရ႕ဗ္ သုံးသပ္

တံေကာက္ေၾကာဒဏ္ရာကျပန္လည္သက္သာလာတဲ့ မန္ယူေနာက္ခံလူမက္ဂြိဳင္းယားဟာ ရွရစ္ဖ္နဲ႔ယူ႐ိုပါလိဂ္ပြဲစဥ္ ဒုတိယပိုင္းမွာ မန္ယူအတြက္လူစားဝင္ကစားသြားခဲ့ပါတယ္။

ဒုတိယပိုင္းအေရာက္မွာ ဘ႐ူႏိုရဲ႕ကပၸတိန္လက္ပတ္ကိုလႊဲေျပာင္းယူခဲ့တဲ့ မက္ဂြိဳင္းယားဟာဆက္တိုက္ေဝဖန္ခံခဲ့ရေပမဲ့ ပရိသတ္ေတြကိုယ္တိုင္ အဂၤလန္ေနာက္ခံလူရဲ႕

ေနာက္လိုက္ေတြျပန္ျဖစ္သြားလိမ့္မယ္လို႔ BT Spoorts ေဘာလုံးပြဲေဝဖန္သူေတြျဖစ္တဲ့ ေပါလ္စခိုးလ္နဲ႔ အိုဝင္ဟားဂေရ႕ဗ္တို႔က သုံးသပ္လိုက္ပါတယ္။ ဒုတိယပိုင္းမွာ

မာတီနက္ဇ္ေနရာလူစားဝင္လာၿပီး လင္ဒီေလာ့ဖ္ရဲ႕ပါတနာအျဖစ္ကစားသြားတဲ့ မက္ဂြိဳင္းယားနဲ႔ပတ္သတ္လို႔ ေပါလ္စခိုးလ္က “သူ႔မွာခက္ခဲတဲ့အခ်ိန္ေတြရွိခဲ့ၿပီး

ပရိသတ္ေတြသူ႔ေနာက္လိုက္သြား ၾကပါလိမ့္မယ္။ မက္ဂြိဳင္းယားအတြက္ လြန္ခဲ့တဲ့ ၁၈လ ေလာက္ကဘယ္ေလာက္ ခက္ခဲတယ္ဆိုတာ သူတို႔သိၿပီးသားပါ။

သူ႔ကိုျဖစ္ႏိုင္တဲ့အေျခအေနထိျပန္ေရာက္ဖို႔ အတြက္ ကြၽန္ေတာ္တို႔အလိုရွိခဲ့ၾကတယ္။ ဒီညကစမ္းသပ္မႈတစ္ခုမဟုတ္ပါဘူး။ ဝက္စ္ဟမ္းနဲ႔ပြဲက်ရင္

ပိုႀကီးတဲ့စမ္းသပ္မႈေတြလုပ္ရပါလိမ့္မယ္။ ဝက္စ္ဟမ္းနဲ႔ပြဲက သူ႔ပုံစံအတြက္တကယ့္စမ္းသပ္မႈျဖစ္လို႔ ဒါကိုေက်ာ္ျဖတ္ၿပီးရင္ လက္ေခ်ာင္းေတြ

အားလုံးကိုျဖတ္ၿပီး သူကအားလုံးသိတဲ့ မက္ဂြိဳင္းယားဆီကို ျပန္ေရာက္သြားမွာပါ” လို႔ ဆိုခဲ့ပါတယ္။ ဆက္လက္ၿပီး ဟားဂေရ႕ဗ္က “အဂၤလန္အတြက္ သူျပန္လာႏိုင္

မယ္လို႔ေမွ်ာ္လင့္ေနပါတယ္။ ပရိသတ္ေတြကအံ့မခန္းပါပဲ။ သူ႔ဘက္ကဝမ္းသာေနမယ္လို႔ယူဆသလို အဂၤလန္အတြက္အံဝင္ခြင္က်ျဖစ္လာမယ္ ထင္ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။