ပဒီးပဒါးတွေ လျှောက်ပြောနေတဲ့ တန်ဟတ်ကို တိတ်စမ်းဆိုတဲ့ တင်ရှားဝုဒ်

ဗီလာကိုရှုံးပြီးတဲ့နောက် ရှေ့နောက်မညီတဲ့ စကားမျိုးတွေ ပြောဆိုနေတဲ့ မန်ယူနည်းပြ အဲရစ်တန်ဟတ်ကို အင်္ဂလန်ကစားသမားဟောင်းဖြစ်သလို

ဗီလာနည်းပြဟောင်းတစ်ယောက်လည်းဖြစ်တဲ့ တင်ရှားဝုဒ်က ပါးစပ်ပိတ် ထားစမ်းလို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ဗီလာနဲ့ပွဲစဉ်မှာ

အသင်းခေါင်းဆောင်လက်ပတ် ဝတ်ဆင်ခွင့်ရခဲ့တဲ့ စီရော်နယ်ဒိုဟာ ယူနိုက်တက်ရဲ့ စတုတ္ထမြောက် အသင်းခေါင်းဆောင် ဖြစ်တယ်ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး

ကွဲလွဲချက်တွေကို တင်ရှားဝုဒ်က ထောက်ပြခဲ့တာဖြစ်ပါတယ်။ မန်ယူရဲ့ အ သင်းခေါင်းဆောင်ဟာ မက်ဂွိုင်းယား၊ ဒုတိယ အသင်းခေါင်းဆောင်က ဒီဂီ ယာ၊ တတိယ

အသင်းခေါင်းဆောင်က ဖာနန်ဒက်စ်၊ စတုတ္ထမြောက်က စီ ရော်နယ်ဒိုလို့ တန်ဟတ်က ပြောဆိုခဲ့ပေမဲ့ အဲဒီ ပြောစကားတွေထဲမှာ ကက်စ် မီရို အကြောင်းလည်း ပါဝင်ခဲ့ပါတယ်။

ကက်စ်မီရိုဟာ အင်္ဂလိပ်စကားကို ပြည့် ပြည့်စုံစုံ မပြောနိုင်သေးတာကြောင့် စီရော်နယ်ဒိုကို ဦးစားပေးခဲ့ရတာဖြစ် တယ်လို့ တန်ဟတ်က ပြောပါတယ်။

ဒါကြောင့် တကယ်ဆိုရင် စီရော်နယ်ဒို ကို ပဉ္စမမြောက် အသင်းခေါင်းဆောင်လို့ ပြောလိုက်တာနဲ့ အတူတူပဲဖြစ်နေတယ်လို့ တင်ရှားဝုဒ်က သဘောထားမှတ်ချက် ပေးလိုက်ပါတယ်။

‘’သူပြော နေတာတွေက ဘာများ လက်တွေ့ကျလို့လဲ။ သူက ပဉ္စမမြောက်ဖြစ်နေပြီ။ မဟုတ်ဘူးလား။ ဘာကြောင့် ဒီလိုမျိုး တန်းညှိရတာလဲ။

ဘာကြောင့်များ စီ ရော်နယ်ဒိုကို အခုလိုမျိုး အသင်းခေါင်းဆောင် လက်ပတ် ပေးလိုက်ရတာလဲ။ ကျွန်တော်လည်း မသိဘူးဗျာ။ ခင်ဗျားပါးစပ်လေးကို ပိတ်ထားစမ်းပါဗျ’’ လို့်

တင်ရှားဝုဒ်က Talk Sprot ရဲ့ ရုပ်သံ အစီအစဉ်တစ်ခုမှာ တန်ဟတ်ကို ရည် ရွယ်ပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ နည်းပြတန်ဟတ်ရဲ့

မန်ယူူအသင်းဟာ စီရော်နယ်ဒို အသင်းခေါင်းဆောင် တာဝန်ယူခဲ့တဲ့ ဗီလာနဲ့ ပွဲစဉ်မှာ ပြိုင်ဘက် အသင်းကို ခြေပြတ်၊ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး အသင်းကြီးတစ်သင်းရဲ့

ခြေစွမ်းမျိုး ရှိမနေခဲ့တာကြောင့် ဘောလုံးရေးရာ ဝေဖန်သူအတော်များများရဲ့ ပစ်မှတ်ထားမှုကို ခံခဲ့ရပါတယ်။ သရဲနီတွေဟာ လာမယ့် ကြာသပတေးနေ့မှာတော့

ပူပူနွေးနွေး ရန်သူတော်ကြီး ဗီလာကို အိုးလ်ထရက်ဖို့ဒ်မှာ ခါရာဘောင်ဖလား ပွဲစဉ်အဖြစ် ဧည့်ခံကစားရဖို့ ရှိနေပါတယ်။

(Zawgyi)

ပဒီးပဒါးေတြ ေလွ်ာက္ေျပာေနတဲ့ တန္ဟတ္ကို တိတ္စမ္းဆိုတဲ့ တင္ရွားဝုဒ္

ဗီလာကိုရႈံးၿပီးတဲ့ေနာက္ ေရွ႕ေနာက္မညီတဲ့ စကားမ်ိဳးေတြ ေျပာဆိုေနတဲ့ မန္ယူနည္းျပ အဲရစ္တန္ဟတ္ကို အဂၤလန္ကစားသမားေဟာင္းျဖစ္သလို

ဗီလာနည္းျပေဟာင္းတစ္ေယာက္လည္း ျဖစ္တဲ့ တင္ရွားဝုဒ္က ပါးစပ္ပိတ္ ထားစမ္းလို႔ ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ပါတယ္။ ဗီလာနဲ႔ပြဲစဥ္မွာ

အသင္း ေခါင္းေဆာင္လက္ပတ္ ဝတ္ဆင္ခြင့္ရခဲ့တဲ့ စီေရာ္နယ္ဒိုဟာ ယူႏိုက္တက္ရဲ႕ စတုတၳေျမာက္ အသင္းေခါင္းေဆာင္ ျဖစ္တယ္ဆိုတဲ့

စကားနဲ႔ပတ္သက္ၿပီး ကြဲလြဲခ်က္ေတြကို တင္ရွားဝုဒ္က ေထာက္ျပခဲ့တာျဖစ္ပါတယ္။ မန္ယူရဲ႕ အ သင္းေခါင္းေဆာင္ဟာ မက္ဂြိဳင္းယား၊

ဒုတိယ အသင္းေခါင္းေဆာင္က ဒီဂီ ယာ၊ တတိယ အသင္းေခါင္းေဆာင္က ဖာနန္ဒက္စ္၊ စတုတၳေျမာက္က စီ ေရာ္နယ္ဒိုလို႔ တန္ဟတ္က ေျပာဆိုခဲ့ေပမဲ့

အဲဒီ ေျပာစကားေတြထဲမွာ ကက္စ္ မီ႐ို အေၾကာင္းလည္း ပါဝင္ခဲ့ပါတယ္။ ကက္စ္မီ႐ိုဟာ အဂၤလိပ္စကားကို ျပည့္ ျပည့္စုံစုံ မေျပာႏိုင္ေသးတာေၾကာင့္

စီေရာ္နယ္ဒိုကို ဦးစားေပးခဲ့ရတာျဖစ္ တယ္လို႔ တန္ဟတ္က ေျပာပါတယ္။ ဒါေၾကာင့္ တကယ္ဆိုရင္ စီေရာ္နယ္ဒို ကို ပၪၥမေျမာက္

အသင္းေခါင္းေဆာင္လို႔ ေျပာလိုက္တာနဲ႔ အတူတူပဲျဖစ္ေန တယ္လို႔ တင္ရွားဝုဒ္က သေဘာထား မွတ္ခ်က္ ေပးလိုက္ပါတယ္။

‘’သူေျပာ ေနတာေတြက ဘာမ်ား လက္ေတြ႕က်လို႔လဲ။ သူက ပၪၥမေျမာက္ျဖစ္ေနၿပီ။ မဟုတ္ဘူးလား။ ဘာေၾကာင့္ ဒီလိုမ်ိဳး တန္းညႇိရတာလဲ။

ဘာေၾကာင့္မ်ား စီ ေရာ္နယ္ဒိုကို အခုလိုမ်ိဳး အသင္းေခါင္းေဆာင္ လက္ပတ္ ေပးလိုက္ရတာလဲ။ ကြၽန္ေတာ္လည္း မသိဘူးဗ်ာ။ ခင္ဗ်ားပါးစပ္ေလးကို

ပိတ္ထားစမ္းပါဗ်’’ လို႔္ တင္ရွားဝုဒ္က Talk Sprot ရဲ႕ ႐ုပ္သံ အစီအစဥ္တစ္ခုမွာ တန္ဟတ္ကို ရည္ ႐ြယ္ၿပီး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ နည္းျပတန္ဟတ္ရဲ႕ မန္ယူူအသင္းဟာ

စီေရာ္နယ္ဒို အသင္းေခါင္းေဆာင္ တာဝန္ယူခဲ့တဲ့ ဗီလာနဲ႔ ပြဲစဥ္မွာ ၿပိဳင္ဘက္ အသင္းကို ေျချပတ္၊ ဂိုးျပတ္ ရႈံးနိမ့္ခဲ့ရတာျဖစ္ၿပီး

အသင္းႀကီးတစ္သင္းရဲ႕ ေျခစြမ္းမ်ိဳး ရွိမေနခဲ့တာေၾကာင့္ ေဘာလုံးေရးရာ ေဝဖန္သူအေတာ္မ်ားမ်ားရဲ႕ ပစ္မွတ္ထားမႈကို ခံခဲ့ရပါတယ္။

သရဲနီေတြဟာ လာမယ့္ ၾကာသပေတးေန႔မွာ ေတာ့ ပူပူေႏြးေႏြး ရန္သူေတာ္ႀကီး ဗီလာကို အိုးလ္ထရက္ဖို႔ဒ္မွာ ခါရာေဘာင္ ဖလား ပြဲစဥ္အျဖစ္ ဧည့္ခံကစားရဖို႔ ရွိေနပါတယ္။