ပထမအကျော့အရှက်ရစရာရှုံးကြွေးကို သရဲနီတွေပြန်ဆပ်နိုင်ခဲ့ပြီ။

ဂွါဒီယိုလာရဲ့နည်းပြဘ၀ ထိပ်တန်းလိဂ် ပွဲ ၅၀၀ ပြည့်ဖြစ်သလို

မြို့ခံပြိုင်ဘက်ကိုအနိုင်ရဖို့အတွက်လူစုံထုတ်သုံးခဲ့ပါတယ်။

တန်ဟတ်ကတော့ လုခ်ရှောကိုဗဟိုခံစစ်အဖြစ်သုံးပြီး

ရက်ရှ်ဖို့ဒ်၊ မာရှယ် ဦးဆောင်တဲ့တိုက်စစ်နဲ့ပွဲထွက်လာခဲ့တာဖြစ်တယ်။

ဒီရာသီမှာ အဖွင့်ဂိုးရတဲ့ ပရီးမီးယားလိဂ်ပွဲတိုင်းအနိုင်ရခဲ့တဲ့

ယူနိုက်တက်ကတော့ ဒီပွဲမှာ ဂျက်ဂရီလစ်ရှ်ရဲ့ဦးဆောင်ဂိုးကြောင့်

နောက်ကလိုက်ကစားခဲ့ရတာဖြစ်တယ်။ ကမ္ဘာ့ဖလားအပြီး

၆ပွဲ ဆက်ဂိုးသွင်းထားတဲ့ ရက်ရှ်ဖို့ဒ်ဟာ သူနောက်ဆုံး

ပါဝင်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီနောက်ဆုံး ၅ပွဲ ဆက်

ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်တယ်။

ပွဲချိန် မိနစ် ၃၀ ကျော်လောက်ကတည်းက ရက်ရှ်ဖို့ဒ်ဂိုးရဖို့

အခွင့်အရေး နှစ်ကြိမ်ရခဲ့ပေမဲ့ စိတ်လောခဲ့လို့ အဆုံးမသတ်

နိုင်ခဲ့ပါဘူး။ မန်စီးတီးဘက်မှာတော့ ပရီးမီးယားလိဂ်

နောက်ဆုံး ၅ပွဲဆက် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုမလုပ်နိုင်ခဲ့တဲ့

ဒီဘရိုင်းက ဂျက်ဂရီလစ်ရှ်ရဲ့အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပေမဲ့

အသင်းကတော့ရှုူံးပွဲကြုံခဲ့ရပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ

ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်တွေမှာ ၆ပွဲ အထိအနိုင်ရပြီး

အသာစီးယူထားတဲ့ ဂွါဒီယိုလာရဲ့မှတ်တမ်းကလည်း

ရေစုံမျောခဲ့ရတာဖြစ်တယ်။ ၅၆ မိနစ်မှာတော့ မန်စီးတီးက

ဖိုဒန်နေရာမှာ ဂရီလစ်ရှ်ဝင်လာခဲ့ပြီး ဒီဘရိုင်းရဲ့ပေးပို့မှုကနေ

မိနစ် ၆၀မှာဦးဆောင်ဂိုးကို ခေါင်းတိုက်ဂိုးသွင်းယူခဲ့ပါတယ်။

ပွဲချိန် ၇၈ မိနစ်အရောက်မှာတော့ ဘရူနိုဖာနန်ဒက်စ်က

ယူနိုက်တက်အတွက်ချေပဂိုးသွင်းခဲ့ပါတယ်။ စည်းကြပ်ဒိုင်က

လူကျွံဘောအလံထောင်ခဲ့ပေမဲ့ ကက်စ်မီရိုရဲ့ပေးပို့မှုမှာ

လူကျွံအနေအထားရှိတဲ့ ရက်ရှ်ဖို့ဒ်က ရှောင်ပေးခဲ့ပြီး

နောက်ကလိုက်လာတဲ့ ဘရူနိုကကန်သွင်းသွားခဲ့တာဖြစ်တယ်။

၈၁ မိနစ်အရောက်မှာတော့ လူစားဝင်ဂါနာချိုရဲ့ ပေးပို့မှုကို

ရက်ရှ်ဖို့ဒ်ကပိတ်သွင်းပြီး ယူနိုက်တက်ကိုအနိုင်ရစေခဲ့တာပါ။

ပွဲအနေအထားကိုခြုံကြည့်ရင်တော့ ယူနိုက်တက်ဟာ

ရဲရင့်မှုအပြည့်နဲ့ရင်ဆိုင်ခဲ့တာတွေ့ရပြီး လူစားဝင်လာတဲ့

ဂါနာချိုကလည်း အတော်လေးအကျိုးပြုသွားခဲ့တာဖြစ်တယ်။

zawgyi

ပထမအေက်ာ့အရွက္ရစရာ႐ႈံးေၾကြးကို သရဲနီေတြျပန္ဆပ္ႏုိင္ခဲ့ၿပီ။

ဂြါဒီယိုလာရဲ႕နည္းျပဘ၀ ထိပ္တန္းလိဂ္ ပြဲ ၅၀၀ ျပည့္ျဖစ္သလို

ၿမိဳ႕ခံၿပိဳင္ဘက္ကိုအႏိုင္ရဖို႔အတြက္လူစုံထုတ္သုံးခဲ့ပါတယ္။

တန္ဟတ္ကေတာ့ လုခ္ေရွာကိုဗဟိုခံစစ္အျဖစ္သုံးၿပီး

ရက္ရွ္ဖို႔ဒ္၊ မာရွယ္ ဦးေဆာင္တဲ့တိုက္စစ္နဲ႔ပြဲထြက္လာခဲ့တာျဖစ္တယ္။

ဒီရာသီမွာ အဖြင့္ဂိုးရတဲ့ ပရီးမီးယားလိဂ္ပြဲတိုင္းအႏိုင္ရခဲ့တဲ့

ယူႏိုက္တက္ကေတာ့ ဒီပြဲမွာ ဂ်က္ဂရီလစ္ရွ္ရဲ႕ဦးေဆာင္ဂိုးေၾကာင့္

ေနာက္ကလိုက္ကစားခဲ့ရတာျဖစ္တယ္။ ကမာၻ႔ဖလားအၿပီး

၆ပြဲ ဆက္ဂိုးသြင္းထားတဲ့ ရက္ရွ္ဖို႔ဒ္ဟာ သူေနာက္ဆုံး

ပါဝင္ကစားခဲ့တဲ့ မန္ခ်က္စတာဒါဘီေနာက္ဆုံး ၅ပြဲ ဆက္

ဂိုးေပါက္ေပ်ာက္မႈကို အဆုံးသတ္ႏိုင္ခဲ့တာျဖစ္တယ္။

ပြဲခ်ိန္ မိနစ္ ၃၀ ေက်ာ္ေလာက္ကတည္းက ရက္ရွ္ဖို႔ဒ္ဂိုးရဖို႔

အခြင့္အေရး ႏွစ္ႀကိမ္ရခဲ့ေပမဲ့ စိတ္ေလာခဲ့လို႔ အဆုံးမသတ္

ႏိုင္ခဲ့ပါဘူး။ မန္စီးတီးဘက္မွာေတာ့ ပရီးမီးယားလိဂ္

ေနာက္ဆုံး ၅ပြဲဆက္ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈမလုပ္ႏိုင္ခဲ့တဲ့

ဒီဘ႐ိုင္းက ဂ်က္ဂရီလစ္ရွ္ရဲ႕အဖြင့္ဂိုးကို ဖန္တီးေပးႏိုင္ခဲ့ေပမဲ့

အသင္းကေတာ့ရႈူံးပြဲႀကဳံခဲ့ရပါတယ္။ အိုးလ္ထရက္ဖို႔ဒ္မွာ

ကစားခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲစဥ္ေတြမွာ ၆ပြဲ အထိအႏိုင္ရၿပီး

အသာစီးယူထားတဲ့ ဂြါဒီယိုလာရဲ႕မွတ္တမ္းကလည္း

ေရစုံေမ်ာခဲ့ရတာျဖစ္တယ္။ ၅၆ မိနစ္မွာေတာ့ မန္စီးတီးက

ဖိုဒန္ေနရာမွာ ဂရီလစ္ရွ္ဝင္လာခဲ့ၿပီး ဒီဘ႐ိုင္းရဲ႕ေပးပို႔မႈကေန

မိနစ္ ၆၀မွာဦးေဆာင္ဂိုးကို ေခါင္းတိုက္ဂိုးသြင္းယူခဲ့ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္အေရာက္မွာေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္က

ယူႏိုက္တက္အတြက္ေခ်ပဂိုးသြင္းခဲ့ပါတယ္။ စည္းၾကပ္ဒိုင္က

လူကြၽံေဘာအလံေထာင္ခဲ့ေပမဲ့ ကက္စ္မီ႐ိုရဲ႕ေပးပို႔မႈမွာ

လူကြၽံအေနအထားရွိတဲ့ ရက္ရွ္ဖို႔ဒ္က ေရွာင္ေပးခဲ့ၿပီး

ေနာက္ကလိုက္လာတဲ့ ဘ႐ူႏိုကကန္သြင္းသြားခဲ့တာျဖစ္တယ္။

၈၁ မိနစ္အေရာက္မွာေတာ့ လူစားဝင္ဂါနာခ်ိဳရဲ႕ ေပးပို႔မႈကို

ရက္ရွ္ဖို႔ဒ္ကပိတ္သြင္းၿပီး ယူႏိုက္တက္ကိုအႏိုင္ရေစခဲ့တာပါ။

ပြဲအေနအထားကိုၿခဳံၾကည့္ရင္ေတာ့ ယူႏိုက္တက္ဟာ

ရဲရင့္မႈအျပည့္နဲ႔ရင္ဆိုင္ခဲ့တာေတြ႕ရၿပီး လူစားဝင္လာတဲ့

ဂါနာခ်ိဳကလည္း အေတာ္ေလးအက်ိဳးျပဳသြားခဲ့တာျဖစ္တယ္။