ပထမသွင်းဂိုးဟာ ရော်နယ်ဒိုရဲ့သွင်းဂိုး ဖြစ်သင့်တယ်လို့ ဖာနန်ဒက်စ်ပြော

ဥရုဂွေးကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ဦးဆောင်ဂိုးဟာ စီရော်နယ်ဒိုရဲ့ သွင်းဂိုး ဖြစ်သင့်တယ်လို့ အသင်းဖော် ဖာနန်ဒက်စ်က တုံ့ပြန်လိုက်ပါတယ်။ ပေါ်တူဂီအတွက် ပွဲချိန် ၅၃ မိနစ်မှာ သွင်းယူခဲ့တဲ့ ဒီဂိုးကို

ဖာနန်ဒက်စ်က စီရော်နယ်ဒိုဆီကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တင်ပေးခဲ့တာဖြစ်ပြီး ရီးရဲလ်တိုက် စစ်မှူးဟောင်းကလည်း အချိန်ကိုက် ခေါင်းတိုက် သွင်းယူဖို့ ကြိုးစားခဲ့တာဖြစ် ပါတယ်။

ဒါပေမဲ့ ဘောလုံးဟာ စီရော်နယ်ဒိုရဲ့ ဦးခေါင်းနဲ့ အပ်တစ်ထောက်စာလေး လွဲသွားခဲ့ပြီး ဂိုးဝင်သွားခဲ့တာကြောင့် တာဝန်ရှိသူတွေက ဒီသွင်းဂိုးဟာ ဖာနန်ဒက်စ် အမည်ပေါက် စာရင်းသွင်းခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး ဂိုးဝင် သွားခဲ့ပြီးတဲ့နောက် စီရော်နယ်ဒိုကလည်း သူ့ရဲ့ သွင်းဂိုးလို့ ယူဆပြီး အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံခဲ့တာကြောင့် လိုင်းပေါ်မှာလည်း လူပြောများခဲ့ပါသေးတယ်။

ဒါပေမဲ့လည်း ကာယကံရှင်ဖြစ်နေတဲ့ ဖာနန်ဒက်စ်ကတော့ ဒီ သွင်းဂိုးအတွက် စီရော်နယ်ဒိုကိုပဲ ခွင့်ပြုသင့်တယ်လို့ မှတ်ချက်ပြုသွားခဲ့ပါ တယ်။ ‘’စီရော်နယ်ဒိုဟာ ဘောလုံးကို ထိလိုက်တယ်လို့ ကျွန်တော် ထင်နေခဲ့ တာ။

ကျွန်တော်ကလည်း သူ့ဆီကိုပဲ ပေးတာလေ။ အရေးကြီးတာကတော့ အရမ်းခက်ခဲတဲ့ ပြိုင်ဘက်နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီးတဲ့အခါ နောက်တစ်ဆင့် ကို တက်နိုင်ခဲ့တာပါပဲ’’ လို့ ဖာနန်ဒက်စ်က ဥရုဂွေးနဲ့ ပွဲစဉ်အပြီးမှာ

ပြောဆိုသွား ခဲ့ပါတယ်။ စီရော်နယ်ဒိုရဲ့ မန်ယူအသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ ဖာနန်ဒက်စ်ဟာ ပွဲပြီးခါနီးမှာလည်း သူ့ကြောင့်ရတဲ့ ပင်နယ်တီကိုပဲ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါသေးတယ်။ အခုလိုမျိုး နိုင်ပွဲရခဲ့ပြီး

ပွဲစဉ် ၂ ပွဲအပြီးမှာ ရမှတ် ၆ မှတ်ရထားပေမဲ့လည်း အုပ်စုပထမနေရာအတွက် အာမခံချက် မရှိသေးဘူး လို့တော့ နည်းပြ ဆန်းတို့စ်က ဆိုပါတယ်။ ‘’ပထမနေရာအတွက် အာမခံ ချက်မရှိပါဘူး။

အုပ်စုပထမနေရာအတွက်တော့ ကျွန်တော်တို့ တိုက်ပွဲဝင်မှာ ပါ။ ဘရာဇီးနဲ့ ထိပ်တိုက်တွေ့မှာစိုးရိမ်နေလို့တော့ မဟုတ်ဘူးနော်’’ လို့ ပေါ်တူဂီနည်းပြက ဆိုပါတယ်။ ဘရာဇီးဟာ အုပ်စု (G) ရဲ့

ပထမနေရာကို ရဖို့ သေချာသလောက်ရှိနေပြီဖြစ်တဲ့အတွက် တကယ်လို့များ ပေါ်တူဂီဟာ အုပ်စု ဒုတိယနေရာနဲ့သာ အဆုံးသတ်ခဲ့ရမယ်ဆိုရင်တော့ ၁၆ သင်းအဆင့်မှာ ထိပ် တိုက်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

(Zawgyi)

ပထမသြင္းဂိုးဟာ ေရာ္နယ္ဒိုရဲ႕သြင္းဂိုး ျဖစ္သင့္တယ္လို႔ ဖာနန္ဒက္စ္ေျပာ

ဥ႐ုေဂြးကို ၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္ရဲ႕ ဦးေဆာင္ဂိုးဟာ စီေရာ္နယ္ဒိုရဲ႕ သြင္းဂိုး ျဖစ္သင့္တယ္လို႔ အသင္းေဖာ္ ဖာနန္ဒက္စ္က တုံ႔ျပန္လိုက္ပါတယ္။ ေပၚတူဂီအတြက္ ပြဲခ်ိန္ ၅၃ မိနစ္မွာ သြင္းယူခဲ့တဲ့

ဒီဂိုးကို ဖာနန္ဒက္စ္က စီေရာ္နယ္ဒိုဆီကို ရည္႐ြယ္ခ်က္ရွိရွိ ျဖတ္တင္ေပးခဲ့တာျဖစ္ၿပီး ရီးရဲလ္တိုက္ စစ္မႉးေဟာင္းကလည္း အခ်ိန္ကိုက္ ေခါင္းတိုက္ သြင္းယူဖို႔ ႀကိဳးစားခဲ့တာျဖစ္ ပါတယ္။

ဒါေပမဲ့ ေဘာလုံးဟာ စီေရာ္နယ္ဒိုရဲ႕ ဦးေခါင္းနဲ႔ အပ္တစ္ေထာက္စာ ေလး လြဲသြားခဲ့ၿပီး ဂိုးဝင္သြားခဲ့တာေၾကာင့္ တာဝန္ရွိသူေတြက ဒီသြင္းဂိုးဟာ ဖာနန္ဒက္စ္ အမည္ေပါက္ စာရင္းသြင္းခဲ့တာျဖစ္ပါတယ္။

အခုလိုမ်ိဳး ဂိုးဝင္ သြားခဲ့ၿပီးတဲ့ေနာက္ စီေရာ္နယ္ဒိုကလည္း သူ႔ရဲ႕ သြင္းဂိုးလို႔ ယူဆၿပီး အသင္း ေဖာ္ေတြနဲ႔အတူ ေအာင္ပြဲခံခဲ့တာေၾကာင့္ လိုင္းေပၚမွာလည္း လူေျပာမ်ားခဲ့ပါ ေသးတယ္။

ဒါေပမဲ့လည္း ကာယကံရွင္ျဖစ္ေနတဲ့ ဖာနန္ဒက္စ္ကေတာ့ ဒီ သြင္းဂိုးအတြက္ စီေရာ္နယ္ဒိုကိုပဲ ခြင့္ျပဳသင့္တယ္လို႔ မွတ္ခ်က္ျပဳသြားခဲ့ပါ တယ္။ ‘’စီေရာ္နယ္ဒိုဟာ ေဘာလုံးကို

ထိလိုက္တယ္လို႔ ကြၽန္ေတာ္ ထင္ေနခဲ့ တာ။ ကြၽန္ေတာ္ကလည္း သူ႔ဆီကိုပဲ ေပးတာေလ။ အေရးႀကီးတာကေတာ့ အရမ္းခက္ခဲတဲ့ ၿပိဳင္ဘက္နဲ႔ ထိပ္တိုက္ရင္ဆိုင္ၿပီးတဲ့အခါ ေနာက္တစ္ဆင့္ ကို

တက္ႏိုင္ခဲ့တာပါပဲ’’ လို႔ ဖာနန္ဒက္စ္က ဥ႐ုေဂြးနဲ႔ ပြဲစဥ္အၿပီးမွာ ေျပာဆိုသြား ခဲ့ပါတယ္။ စီေရာ္နယ္ဒိုရဲ႕ မန္ယူအသင္းေဖာ္ေဟာင္းတစ္ဦးျဖစ္တဲ့ ဖာနန္ဒက္စ္ဟာ ပြဲၿပီးခါနီးမွာလည္း သူ႔ေၾကာင့္ရတဲ့

ပင္နယ္တီကိုပဲ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ပါေသးတယ္။ အခုလိုမ်ိဳး ႏိုင္ပြဲရခဲ့ၿပီး ပြဲစဥ္ ၂ ပြဲအၿပီးမွာ ရမွတ္ ၆ မွတ္ရထားေပမဲ့လည္း အုပ္စုပထမေနရာအတြက္ အာမခံခ်က္ မရွိေသးဘူး လို႔ေတာ့

နည္းျပ ဆန္းတို႔စ္က ဆိုပါတယ္။ ‘’ပထမေနရာအတြက္ အာမခံ ခ်က္မရွိပါဘူး။ အုပ္စုပထမေနရာအတြက္ေတာ့ ကြၽန္ေတာ္တို႔ တိုက္ပြဲဝင္မွာ ပါ။ ဘရာဇီးနဲ႔ ထိပ္တိုက္ေတြ႕မွာစိုးရိမ္ေနလို႔ေတာ့

မဟုတ္ဘူးေနာ္’’ လို႔ ေပၚတူဂီနည္းျပက ဆိုပါတယ္။ ဘရာဇီးဟာ အုပ္စု (G) ရဲ႕ ပထမေနရာကို ရဖို႔ ေသခ်ာသေလာက္ရွိေနၿပီျဖစ္တဲ့အတြက္ တကယ္လို႔မ်ား ေပၚတူဂီဟာ အုပ္စု ဒုတိယေနရာနဲ႔သာ

အဆုံးသတ္ခဲ့ရမယ္ဆိုရင္ေတာ့ ၁၆ သင္းအဆင့္မွာ ထိပ္ တိုက္ရင္ဆိုင္ရဖို႔ ရွိေနပါတယ္။