ပထမဆုံး ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲထိုးသတ်တော့မယ့် သရဲနီဟောင်းအီဗရာ

မန်ယူအသင်းနောက်ခံလူဟောင်း ပက်ထရစ်အီဗရာ ဟာ

လာမယ့်ဧပြီ လမှာသူ့ရဲ့ပထမဆုံးသောပရော်ဖက်ရှင်နယ်လက် ဝှေ့ ပွဲကို

စတင်ထိုးသတ်တော့မယ်လို့ သိရပါတယ်။

လာမယ့်ဧပြီ ၂ ရက်ကျရင် လန်ဒန်မြို့မှာရှိတဲ့ O2 Arena မှာကျင်းပမယ့်

ဟဲဗီးဝိတ်အကျော်အမော်နှစ်ဦးဖြစ်တဲ့ မာတင်ဖို့ဒ်နဲ့ အီရန်ဟော့ခ် လို့ခေါ်ကြတဲ့

ဆာဂျစ်ဂါရီဘီ တို့ရဲ့ပွဲမှာ အီဗရာကသူ့ပြိုင် ဘက်တစ်ဦးနဲ့အတူ

ကြားပွဲအဖြစ်ထိုးသတ် သွားမှာဖြစ်ပါတယ်။

အဲဒီကြားပွဲတွေထဲမှာ စပါးနဲ့ ပို့စ်မောက်အသင်းကွင်းလယ် လူဟောင်း

ဂျေမီအိုဟားရား ရဲ့ကြားပွဲလည်းပါဝင်မှာဖြစ်ပါတယ်။

မန်ယူနဲ့အတူ ချန်ပီယံလိဂ်တစ်ကြိမ်နဲ့ ပရီးမီးယားလိဂ် ၅ ကြိမ်ရယူနိုင်ခဲ့တဲ့

အီဗရာ ဟာ ၂၀၁၉ ဇူလိုင်လက ဘောလုံးသမားဘဝကနေအနားယူခဲ့သူဖြစ်ပြီး

အဲဒီကတည်းက လက်ဝှေ့ ထိုးသတ်ဖို့ လေ့ကျင့်ခန်းတွေ

စတင်ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

သူဟာ ၂၀၂၀ အတွင်းက Soccer Aid ရဲ့ရန်ပုံငွေပွဲတစ်ခုမှာ

ပါဝင်ကစားခဲ့သေးသူဖြစ်ပါတယ်။ အဓိကပွဲရဲ့ ထိုးသတ်သူနှစ်ဦးဟာ

အရင်ကတည်းကယှဥ်ပြိုင်ဘက်တွေဖြစ်ခဲ့ကြပြီး

ဗြိတိန်သား မာတင်ဖို့ဒ် ဟာကိုယ်အလေး ချိန် ၂၃ စတုံရှိပြီး

အရပ်က ၆ ပေနဲ့ ၈ လက်မမြင့်ကာ သရုပ်ဆောင်၊

ကာယဗလမောင် လည်းဖြစ်ကာအင်စတာဂရမ်ပေါ်မှာ

ဖော်လိုဝါ ၃ သန်းကျော်ရှိတဲ့သူဖြစ်ပါတယ်။

ဆာဂျစ်ဂါဘရီကတော့ ကိုယ်အလေးချိန် ၃၉၀ ပေါင်ရှိပြီး

ဆိုရှယ်မီဒီယာပေါ်မှာ သူလည်း ဖော်လိုဝါအင်အားတောင့်တင်းသူဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ အခုကတည်းက ဆိုရှယ်မီဒီယာပေါ်မှာ

တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်ကြိမ်းဝါးနေကြလို့

ပွဲဆူနေပြီးသူတို့တွေ့မယ့်ပွဲကို စိတ်ဝင်တစားရှိနေကြပါတယ်။

မာတင်ဖို့ဒ်နဲ့ ဂါဘရီ တို့ရဲ့ပွဲမှာပါဝင်ထိုးသတ်မယ့်ကြားပွဲတွေကတော့

အီဗရာနဲ့ TBC(ဘောက်ဆင်ကလပ်)၊ အိုဟားရားနဲ့ ခရစ်ဘွိုင်ဆန်၊

ဂျက်ဖင် ချမ်းနဲ့ TBC၊ ဂျိမ်းစ်အင်းဂလိစ်ရှ်နဲ့ TBC၊ ဂျက်ဆီဘေးနဲ့ TBC၊

အီလီဂျာနီကိုနဲ့ ကီးဂန်းဟာ့စ်၊ သီယိုကမ်းဘဲလ်နဲ့ ကွန်နာ ဟောင်းဝက်ဒ်၊

ဘရက်ဒ်စကော့နဲ့ ကိုနန်ဘာဘာရူ၊ အေဂျေဘန်ကာနဲ့ ကာလာဂျိတ်၊

ဗန်တိုးနဲ့ ဂျာကွက်စ်ဖရေဆာ၊ ဖရန့်လန် ဒန်နဲ့ TBC တို့ပွဲတွေဖြစ်ကြပါတယ်။

zawgyi

ပထမဆုံး ပေရာ္ဖက္ရွင္နယ္ လက္ေဝွ႔ပြဲထိုးသတ္ေတာ့မယ့္ သရဲနီေဟာင္းအီဗရာ

မန္ယူအသင္းေနာက္ခံလူေဟာင္း ပက္ထရစ္အီဗရာ ဟာ

လာမယ့္ဧၿပီ လမွာသူ႔ရဲ႕ပထမဆုံးေသာပေရာ္ဖက္ရွင္နယ္လက္ ေဝွ႔ ပြဲကို

စတင္ထိုးသတ္ေတာ့မယ္လို႔ သိရပါတယ္။

လာမယ့္ဧၿပီ ၂ ရက္က်ရင္ လန္ဒန္ၿမိဳ႕မွာရွိတဲ့ O2 Arena မွာက်င္းပမယ့္

ဟဲဗီးဝိတ္အေက်ာ္အေမာ္ႏွစ္ဦးျဖစ္တဲ့ မာတင္ဖို႔ဒ္နဲ႔ အီရန္ေဟာ့ခ္ လို႔ေခၚၾကတဲ့

ဆာဂ်စ္ဂါရီဘီ တို႔ရဲ႕ပြဲမွာ အီဗရာကသူ႔ၿပိဳင္ ဘက္တစ္ဦးနဲ႔အတူ

ၾကားပြဲအျဖစ္ထိုးသတ္ သြားမွာျဖစ္ပါတယ္။

အဲဒီၾကားပြဲေတြထဲမွာ စပါးနဲ႔ ပို႔စ္ေမာက္အသင္းကြင္းလယ္ လူေဟာင္း

ေဂ်မီအိုဟားရား ရဲ႕ၾကားပြဲလည္းပါဝင္မွာျဖစ္ပါတယ္။

မန္ယူနဲ႔အတူ ခ်န္ပီယံလိဂ္တစ္ႀကိမ္နဲ႔ ပရီးမီးယားလိဂ္ ၅ ႀကိမ္ရယူႏိုင္ခဲ့တဲ့

အီဗရာ ဟာ ၂၀၁၉ ဇူလိုင္လက ေဘာလုံးသမားဘဝကေနအနားယူခဲ့သူျဖစ္ၿပီး

အဲဒီကတည္းက လက္ေဝွ႔ ထိုးသတ္ဖို႔ ေလ့က်င့္ခန္းေတြ

စတင္ျပဳလုပ္ေနခဲ့တာျဖစ္ပါတယ္။

သူဟာ ၂၀၂၀ အတြင္းက Soccer Aid ရဲ႕ရန္ပုံေငြပြဲတစ္ခုမွာ

ပါဝင္ကစားခဲ့ေသးသူျဖစ္ပါတယ္။ အဓိကပြဲရဲ႕ ထိုးသတ္သူႏွစ္ဦးဟာ

အရင္ကတည္းကယွဥ္ၿပိဳင္ဘက္ေတြျဖစ္ခဲ့ၾကၿပီး

ၿဗိတိန္သား မာတင္ဖို႔ဒ္ ဟာကိုယ္အေလး ခ်ိန္ ၂၃ စတုံရွိၿပီး

အရပ္က ၆ ေပနဲ႔ ၈ လက္မျမင့္ကာ သ႐ုပ္ေဆာင္၊

ကာယဗလေမာင္ လည္းျဖစ္ကာအင္စတာဂရမ္ေပၚမွာ

ေဖာ္လိုဝါ ၃ သန္းေက်ာ္ရွိတဲ့သူျဖစ္ပါတယ္။

ဆာဂ်စ္ဂါဘရီကေတာ့ ကိုယ္အေလးခ်ိန္ ၃၉၀ ေပါင္ရွိၿပီး

ဆိုရွယ္မီဒီယာေပၚမွာ သူလည္း ေဖာ္လိုဝါအင္အားေတာင့္တင္းသူျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးဟာ အခုကတည္းက ဆိုရွယ္မီဒီယာေပၚမွာ

တစ္ဦးနဲ႔ တစ္ဦး အျပန္အလွန္ႀကိမ္းဝါးေနၾကလို႔

ပြဲဆူေနၿပီးသူတို႔ေတြ႕မယ့္ပြဲကို စိတ္ဝင္တစားရွိေနၾကပါတယ္။

မာတင္ဖို႔ဒ္နဲ႔ ဂါဘရီ တို႔ရဲ႕ပြဲမွာပါဝင္ထိုးသတ္မယ့္ၾကားပြဲေတြကေတာ့

အီဗရာနဲ႔ TBC(ေဘာက္ဆင္ကလပ္)၊ အိုဟားရားနဲ႔ ခရစ္ဘြိဳင္ဆန္၊

ဂ်က္ဖင္ ခ်မ္းနဲ႔ TBC၊ ဂ်ိမ္းစ္အင္းဂလိစ္ရွ္နဲ႔ TBC၊ ဂ်က္ဆီေဘးနဲ႔ TBC၊

အီလီဂ်ာနီကိုနဲ႔ ကီးဂန္းဟာ့စ္၊ သီယိုကမ္းဘဲလ္နဲ႔ ကြန္နာ ေဟာင္းဝက္ဒ္၊

ဘရက္ဒ္စေကာ့နဲ႔ ကိုနန္ဘာဘာ႐ူ၊ ေအေဂ်ဘန္ကာနဲ႔ ကာလာဂ်ိတ္၊

ဗန္တိုးနဲ႔ ဂ်ာကြက္စ္ဖေရဆာ၊ ဖရန႔္လန္ ဒန္နဲ႔ TBC တို႔ပြဲေတြျဖစ္ၾကပါတယ္။