
နယူးကာဆယ်အသင်းဟာ မနေ့ညက အဲဗာတန်ကို ၃-၁ နဲ့အနိုင်ရခဲ့ပြီးနောက်
ဒီရာသီပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် ၂ ပွဲဆက်
အနိုင်ရတဲ့မှတ်တမ်းကို ရယူနိုင်ခဲ့တဲ့အပြင်
တန်းဆင်းဇုန်ထဲကနေလည်းရုန်းထွက်နိုင်ခဲ့ပါတယ်။
နယူးကာဆယ်ဟာပြီးခဲ့တဲ့ ဇန်နဝါရီလက လိဒ်နဲ့ကစားခဲ့တဲ့
အဝေးကွင်းပွဲမှာ ၁-၀ နဲ့အနိုင်ရခဲ့သေးတာပါ။
အခုနိုင်ပွဲကြောင့် နယူးကာဆယ်ဟာ အဲဗာတန်ရဲ့
နောက်တစ်မှတ်အကွာနဲ့သာရှိနေပေမယ့်
တန်းဆင်းဇုန်ထဲကနော်ဝစ်ချ်နဲ့ ၂ မှတ်ကွာကာ ၁၈ မှတ်နဲ့အဆင့် ၁၇ ကိုရောက်လာလို့
တန်းမဆင်းရရေးမျှော်လင့်ချက်လည်း အားကောင်းလာခဲ့ပါတယ်။
သူတို့နှစ်သင်းဟာပြီးခဲ့တဲ့ ဇန်နဝါရီဈေးကွက်မှာ ပြင်ဆင်မှုတွေအားကောင်းခဲ့ပြီး
နည်းပြနှစ်ဦးစလုံးကလည်း အသက်မတိမ်းမယိမ်းတွေဖြစ်ကြလို့
ဒီပွဲကစိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။
ဒါပေမယ့်သူတို့ထိပ်တိုက်တွေ့မှုမှာ နည်းပြဝါပိုပြီးရင့်တဲ့
ဟိုဝီက လမ်းပတ်ကို အသာရခဲ့ပြီးသူ့ရဲ့ကစားသမားသစ်အချို့ကလည်း
ကောင်းစွာအသားကျခဲ့တာကိုတွေ့ရပါတယ်။
အဲဗာတန်ကတော့ ၂၅ မိနစ်မှာလူစားဝင်ခဲ့တဲ့
ဒယ်လီအယ်လီရော မိနစ် ၆၀ မှာလူစားဝင်ခဲ့တဲ့ ဗန်ဒီဘိခ်ပါ
ကောင်းစွာခြေစွမ်းမပြနိုင်ခဲ့ပါဘူး။
ဒီပွဲမှာ နယူးကာဆယ်က လာဆယ်လက်စ်က ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့်
၃၆ မိနစ်မှာအဲဗာတန်ဦးဆောင်ဂိုးရခဲ့ပေမယ့်ချက်ခြင်းဆိုသလိုဘဲ
ဟိုလ်ဂိတ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့်
နယူးကာဆယ်ချေပဂိုးရသွားပါတယ်။
၅၆ မိနစ်မှာတော့ ရိုင်ယန်ဖရေစာက ဒုတိယဂိုး၊ မိနစ် ၈၀ မှာ
ထရစ်ပီယာက ဖရီးကစ်ကနေတစ်ဆင့် တတိယဂိုးသွင်းယူခဲ့လို့
၃-၁ နဲ့နယူးကာဆယ်အနိုင်ရခဲ့ပါတယ်။
လမ်းပတ်ကတော့ သူ့အသင်းမှာလုပ်ဆောင်စရာတွေအများကြီး
ကျန်နေသေးကြောင်းပြောခဲ့ပြီး ကစားသမားသစ်တွေ
အသားမကျသေးတာကိုရည်ညွှန်းသွားပါတယ်။
ဟိုဝီကတော့ နယူးကာဆယ်ကို ၂ ပွဲဆက်အနိုင်ရအောင်လုပ်ပေးနိုင်ခဲ့လို့
ကျေနပ်ပေမယ့် တနင်္ဂနွေနေ့မှာ ဗီလာနဲ့ရင်ဆိုင်ရဦးမှာဖြစ်လို့
ခက်ခဲတဲ့စိန်ခေါ်မှုတွေဆက်ပြီးကြုံရဦးမယ်လို့ ဆိုခဲ့ပါတယ်။
သူက” ၂ ပွဲဆက်အနိုင်ပေါ့ဗျာ။ ဒါပေမယ့်ဘာကိုမှရယူနိုင်ခြင်းမရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂ ပွဲအတွက်ကျေနပ်ရပေမယ့် နောက်တစ်ပွဲကိုဘဲ
အာရုံစိုက်ရပါတော့မယ်” လို့ပြောသွားပါတယ်။
zawgyi
ပထမဆုံးအႀကိမ္အျဖစ္ ၂ ပြဲဆက္ အႏိုင္ရတဲ့မွတ္တမ္းကို ရယူႏိုင္ခဲ့တဲ့အျပင္ တန္းဆင္းဇုန္ထဲကေနလည္း႐ုန္းထြက္ႏိုင္ခဲ့တဲ့ ဟိုဝီ
နယူးကာဆယ္အသင္းဟာ မေန႔ညက အဲဗာတန္ကို ၃-၁ နဲ႔အႏိုင္ရခဲ့ၿပီးေနာက္
ဒီရာသီပရီးမီးယားလိဂ္မွာ ပထမဆုံးအႀကိမ္အျဖစ္ ၂ ပြဲဆက္
အႏိုင္ရတဲ့မွတ္တမ္းကို ရယူႏိုင္ခဲ့တဲ့အျပင္
တန္းဆင္းဇုန္ထဲကေနလည္း႐ုန္းထြက္ႏိုင္ခဲ့ပါတယ္။
နယူးကာဆယ္ဟာၿပီးခဲ့တဲ့ ဇန္နဝါရီလက လိဒ္နဲ႔ကစားခဲ့တဲ့
အေဝးကြင္းပြဲမွာ ၁-၀ နဲ႔အႏိုင္ရခဲ့ေသးတာပါ။
အခုႏိုင္ပြဲေၾကာင့္ နယူးကာဆယ္ဟာ အဲဗာတန္ရဲ႕
ေနာက္တစ္မွတ္အကြာနဲ႔သာရွိေနေပမယ့္
တန္းဆင္းဇုန္ထဲကေနာ္ဝစ္ခ်္နဲ႔ ၂ မွတ္ကြာကာ ၁၈ မွတ္နဲ႔အဆင့္ ၁၇ ကိုေရာက္လာလို႔
တန္းမဆင္းရေရးေမွ်ာ္လင့္ခ်က္လည္း အားေကာင္းလာခဲ့ပါတယ္။
သူတို႔ႏွစ္သင္းဟာၿပီးခဲ့တဲ့ ဇန္နဝါရီေဈးကြက္မွာ ျပင္ဆင္မႈေတြအားေကာင္းခဲ့ၿပီး
နည္းျပႏွစ္ဦးစလုံးကလည္း အသက္မတိမ္းမယိမ္းေတြျဖစ္ၾကလို႔
ဒီပြဲကစိတ္ဝင္စားဖို႔ေကာင္းခဲ့ပါတယ္။
ဒါေပမယ့္သူတို႔ထိပ္တိုက္ေတြ႕မႈမွာ နည္းျပဝါပိုၿပီးရင့္တဲ့
ဟိုဝီက လမ္းပတ္ကို အသာရခဲ့ၿပီးသူ႔ရဲ႕ကစားသမားသစ္အခ်ိဳ႕ကလည္း
ေကာင္းစြာအသားက်ခဲ့တာကိုေတြ႕ရပါတယ္။
အဲဗာတန္ကေတာ့ ၂၅ မိနစ္မွာလူစားဝင္ခဲ့တဲ့
ဒယ္လီအယ္လီေရာ မိနစ္ ၆၀ မွာလူစားဝင္ခဲ့တဲ့ ဗန္ဒီဘိခ္ပါ
ေကာင္းစြာေျခစြမ္းမျပႏိုင္ခဲ့ပါဘူး။
ဒီပြဲမွာ နယူးကာဆယ္က လာဆယ္လက္စ္က ကိုယ့္ဂိုးကိုယ္သြင္းယူမႈေၾကာင့္
၃၆ မိနစ္မွာအဲဗာတန္ဦးေဆာင္ဂိုးရခဲ့ေပမယ့္ခ်က္ျခင္းဆိုသလိုဘဲ
ဟိုလ္ဂိတ္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမႈေၾကာင့္
နယူးကာဆယ္ေခ်ပဂိုးရသြားပါတယ္။
၅၆ မိနစ္မွာေတာ့ ႐ိုင္ယန္ဖေရစာက ဒုတိယဂိုး၊ မိနစ္ ၈၀ မွာ
ထရစ္ပီယာက ဖရီးကစ္ကေနတစ္ဆင့္ တတိယဂိုးသြင္းယူခဲ့လို႔
၃-၁ နဲ႔နယူးကာဆယ္အႏိုင္ရခဲ့ပါတယ္။
လမ္းပတ္ကေတာ့ သူ႔အသင္းမွာလုပ္ေဆာင္စရာေတြအမ်ားႀကီး
က်န္ေနေသးေၾကာင္းေျပာခဲ့ၿပီး ကစားသမားသစ္ေတြ
အသားမက်ေသးတာကိုရည္ၫႊန္းသြားပါတယ္။
ဟိုဝီကေတာ့ နယူးကာဆယ္ကို ၂ ပြဲဆက္အႏိုင္ရေအာင္လုပ္ေပးႏိုင္ခဲ့လို႔
ေက်နပ္ေပမယ့္ တနဂၤေႏြေန႔မွာ ဗီလာနဲ႔ရင္ဆိုင္ရဦးမွာျဖစ္လို႔
ခက္ခဲတဲ့စိန္ေခၚမႈေတြဆက္ၿပီးႀကဳံရဦးမယ္လို႔ ဆိုခဲ့ပါတယ္။
သူက” ၂ ပြဲဆက္အႏိုင္ေပါ့ဗ်ာ။ ဒါေပမယ့္ဘာကိုမွရယူႏိုင္ျခင္းမရွိေသးပါဘူး။
ၿပီးခဲ့တဲ့ ၂ ပြဲအတြက္ေက်နပ္ရေပမယ့္ ေနာက္တစ္ပြဲကိုဘဲ
အာ႐ုံစိုက္ရပါေတာ့မယ္” လို႔ေျပာသြားပါတယ္။