ပထမဆုံးပွဲဦးထွက်မှာတင် အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ ဂါနာချိုက နောက်ထပ် ပွဲကစားခွင့်ရဖို့ပါ ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့

( ၅-၄-၁ ) ကစားကွက်နဲ့ ခံစစ်ပိတ်ဆော့ခဲ့တဲ့ ရှရစ်ဖ်ကို မန်ချက်စတာယူနိုက်တက်ဟာ

( ၃-၀ ) ရလာဒ်နဲ့ သက်သောင့်သက်သာ နိုင်ပွဲရယူပြီး ယူရိုပါလိဂ်အုပ်စုကနေ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပါပြီ။

ဒီပွဲစဉ်မှာ နည်းပြတန်ဟက်က အသက် ( ၁၈ ) နှစ်အရွယ်သာရှိသေးတဲ့

လူငယ်ကစားသမားလေး အယ်လေဟန်ဒရို ဂါနာချိုကို ပထမဆုံးအကြိမ် ပွဲထွက်ခွင့် ပေးခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တစ်ချို့ကတော့ အသင်းအတွက် အရေးပါတဲ့ ပွဲစဉ်တစ်ပွဲမှာ

သူ့ထက် အသက်ပိုကြီးပြီး ပိုကစားခွင့်လိုအပ်နေတဲ့ အီလန်ဂါကိုပဲ အသုံးပြုသင့်တယ်လို့ယူဆခဲ့ကြပါတယ်။

ဒါပေမဲ့ ဂါနာချိုကတော့ သူ့ကိုယုံကြည်ပြီး ပွဲထွက်ခွင့်ပေးခဲ့တဲ့ နည်းပြတန်ဟက်ကို စိတ်ကျေနပ်လောက်စရာ ခြေစွမ်းပြသနိုင်ပြီး

ဒီပွဲရဲ့ အကောင်းဆုံးကစားသမားလို့ ဆိုနိုင်လောက်အောင် ခြေစွမ်းပြသွားခဲ့ပါတယ်။

ပြိုင်ဘက်နောက်ခံလူတွေကို ဘယ်ခြမ်ကနေ တိုက်စစ်ဆင်ရင်း တစ်ဦးချင်းဖြတ်ကျော်မှုတွေလုပ်ခဲ့ပုံကလည်း

ဆန်ချို ၊ အန်တိုနီတို့တောင် သိပ်မလုပ်နိုင်တဲ့ စကေးမျိုးတွေဖြစ်ပြီး ပြိုင်ဘက်နောက်တန်းကို တစ်ကိုယ်တော်အစွမ်းနဲ့ မွှေနောက်ကစားပြသွားခဲ့ပါတယ်။

ဂါနာချိုဟာ ဘောလုံးပေးပို့မှု ( ၉၀ ) ရာခိုင်နှုန်း တိကျခဲ့သလို အဓိက ပေးပို့မှု ( ၁ ) ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပြီး

Dribble ( ၆ ) ကြိမ် ပြုလုပ်ရာမှာလည်း ( ၃ ) ကြိမ် အောင်မြင်ခဲ့ကာ ပြစ်ဒဏ်ဘော ( ၄ ) ကြိမ်လည်း ရယူပေးခဲ့ပါတယ်။

သူသာ ခြေစွမ်းပိုင်းကို ထိန်းထားနိုင်ခဲ့မယ်ဆိုရင်တော့ ယူနိုက်တက် တိုက်စစ်ဘယ်ခြမ်းနေရာဟာ

ဆန်ချိုအတွက်ေတော့ နေရာလုမယ့် ပြိုင်ဘက်တစ်ယောက်ရှိလာပြီလို့ဆိုရတော့မှာပါ။

zawgyi

ပထမဆုံးပြဲဦးထြက္မွာတင္ အေကာင္းဆုံးကစားသမားဆုရခဲ့တဲ့ ဂါနာခ်ိဳက

ေနာက္ထပ္ ပြဲကစားခြင့္ရဖို႔ပါ ထိုက္တန္ေၾကာင္း သက္ေသျပႏိုင္ခဲ့

( ၅-၄-၁ ) ကစားကြက္နဲ႔ ခံစစ္ပိတ္ေဆာ့ခဲ့တဲ့ ရွရစ္ဖ္ကို မန္ခ်က္စတာယူႏိုက္တက္ဟာ

( ၃-၀ ) ရလာဒ္နဲ႔ သက္ေသာင့္သက္သာ ႏိုင္ပြဲရယူၿပီး ယူ႐ိုပါလိဂ္အုပ္စုကေန ေနာက္တစ္ဆင့္ တက္လွမ္းႏိုင္ခဲ့ပါၿပီ။

ဒီပြဲစဥ္မွာ နည္းျပတန္ဟက္က အသက္ ( ၁၈ ) ႏွစ္အ႐ြယ္သာရွိေသးတဲ့

လူငယ္ကစားသမားေလး အယ္ေလဟန္ဒ႐ို ဂါနာခ်ိဳကို ပထမဆုံးအႀကိမ္ ပြဲထြက္ခြင့္ ေပးခဲ့ပါတယ္။

ယူႏိုက္တက္ပရိသတ္တစ္ခ်ိဳ႕ကေတာ့ အသင္းအတြက္ အေရးပါတဲ့ ပြဲစဥ္တစ္ပြဲမွာ

သူ႔ထက္ အသက္ပိုႀကီးၿပီး ပိုကစားခြင့္လိုအပ္ေနတဲ့ အီလန္ဂါကိုပဲ အသုံးျပဳသင့္တယ္လို႔ယူဆခဲ့ၾကပါတယ္။

ဒါေပမဲ့ ဂါနာခ်ိဳကေတာ့ သူ႔ကိုယုံၾကည္ၿပီး ပြဲထြက္ခြင့္ေပးခဲ့တဲ့ နည္းျပတန္ဟက္ကို စိတ္ေက်နပ္ေလာက္စရာ ေျခစြမ္းျပသႏိုင္ၿပီး

ဒီပြဲရဲ႕ အေကာင္းဆုံးကစားသမားလို႔ ဆိုႏိုင္ေလာက္ေအာင္ ေျခစြမ္းျပသြားခဲ့ပါတယ္။

ၿပိဳင္ဘက္ေနာက္ခံလူေတြကို ဘယ္ျခမ္ကေန တိုက္စစ္ဆင္ရင္း တစ္ဦးခ်င္းျဖတ္ေက်ာ္မႈေတြလုပ္ခဲ့ပုံကလည္း

ဆန္ခ်ိဳ ၊ အန္တိုနီတို႔ေတာင္ သိပ္မလုပ္ႏိုင္တဲ့ စေကးမ်ိဳးေတြျဖစ္ၿပီး ၿပိဳင္ဘက္ေနာက္တန္းကို တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ေမႊေနာက္ကစားျပသြားခဲ့ပါတယ္။

ဂါနာခ်ိဳဟာ ေဘာလုံးေပးပို႔မႈ ( ၉၀ ) ရာခိုင္ႏႈန္း တိက်ခဲ့သလို အဓိက ေပးပို႔မႈ ( ၁ ) ႀကိမ္လည္း ျပဳလုပ္ႏိုင္ခဲ့ၿပီး

Dribble ( ၆ ) ႀကိမ္ ျပဳလုပ္ရာမွာလည္း ( ၃ ) ႀကိမ္ ေအာင္ျမင္ခဲ့ကာ ျပစ္ဒဏ္ေဘာ ( ၄ ) ႀကိမ္လည္း ရယူေပးခဲ့ပါတယ္။

သူသာ ေျခစြမ္းပိုင္းကို ထိန္းထားႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ယူႏိုက္တက္ တိုက္စစ္ဘယ္ျခမ္းေနရာဟာ

ဆန္ခ်ိဳအတြက္ေေတာ့ ေနရာလုမယ့္ ၿပိဳင္ဘက္တစ္ေယာက္ရွိလာၿပီလို႔ဆိုရေတာ့မွာပါ။