
အင်ဒရေရှက်ဗ်ချင်ကိုဟာစီးရီးအေကလပ်ဂျီနိုအာနည်းပြသစ်အဖြစ်
ခန့်အပ်ခြင်းခံရတော့မှာဖြစ်ကြောင်းသိရပါတယ်။ယူကရိန်းဂန္ထဝင်တိုက်စစ်မှူးဟာ
သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ်ဆရာဟောင်းမော်ရင်ဟိုရဲ့ရိုးမားနှင့်ပွဲကိုကိုင်တွယ်ရပါမယ်။
အသက်၄၅နှစ်ရှိရှက်ဗ်ချင်ကိုဟာဂျီနိုအာအသင်းကိုတစ်နှစ်ခွဲစာချုပ်ဖြင့်
ကိုင်တွယ်ရန်သဘောတူညီမှုရရှိထားပြီလို့သတင်းထွက်နေပြီးယင်းစာချုပ်အတွင်းတွင်
တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်းထည့်သွင်းထားမယ်လို့သိရပါတယ်။
La Gazzetta dello Sport ရဲ့ဖော်ပြချက်အရအေစီမီလန်ဂန္ထဝင်တိုက်စစ်မှူးဟာ
လာမယ့်အပတ်တွင်အီတလီသို့ရောက်လာကာဂျီနိုအာအသင်းကိုစတင်ကိုင်တွယ်မယ်လို့သိရပါတယ်။
သူဟာသူ့ရဲ့ပထမဆုံးဂျီနိုအာပွဲစဉ်အဖြစ်မော်ရင်ဟိုရဲ့ရိုးမားအသင်းကိုဧည့်ခံကစားရပါမယ်။
ရှက်ဗ်ချင်ကိုဟာ၂၀၀၆-၀၇ရာသီတုန်းကမော်ရင်ဟိုလက်ထက်တွင်အေစီမီလန်မှ
ချဲလ်ဆီးသို့ပြောင်းကာတစ်ရာသီလက်တွဲခဲ့ဖူးပါတယ်။
ဂျီနိုအာဟာရလဒ်ဆိုးရွားမှုကြောင့်နည်းပြဒါဗီဒီဘယ်လာဒီနီကိုထုတ်ပယ်ထားပါတယ်။
နွေရာသီတုန်းကယူရို၂၀၂၀ပြိုင်ပွဲတွင်ယူကရိန်းကိုကွာတားဖိုင်နယ်သို့
ပို့ဆောင်ခဲ့တဲ့ရှက်ဗ်ချင်ကိုဟာဂျီနိုအာနည်းပြအဖြစ်တစ်နှစ်လုပ်ခပေါင်၁.၇သန်းရရှိပါမယ်။
zawgyi
ပထမဆုံးပြဲစဥ္မွာ ဆရာေဟာင္း ေမာ္ရင္ဟိုႏွင့္ ထိပ္တိုက္ေတြ႕ရေတာ့မယ့္ ရွက္ဗ္ခ်င္ကို
အင္ဒေရရွက္ဗ္ခ်င္ကိုဟာစီးရီးေအကလပ္ဂ်ီႏိုအာနည္းျပသစ္အျဖစ္
ခန႔္အပ္ျခင္းခံရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။ယူကရိန္းဂႏၴဝင္တိုက္စစ္မႉးဟာ
သူ႔ရဲ႕ပထမဆုံးပြဲစဥ္အျဖစ္ဆရာေဟာင္းေမာ္ရင္ဟိုရဲ႕႐ိုးမားႏွင့္ပြဲကိုကိုင္တြယ္ရပါမယ္။
အသက္၄၅ႏွစ္ရွိရွက္ဗ္ခ်င္ကိုဟာဂ်ီႏိုအာအသင္းကိုတစ္ႏွစ္ခြဲစာခ်ဳပ္ျဖင့္
ကိုင္တြယ္ရန္သေဘာတူညီမႈရရွိထားၿပီလို႔သတင္းထြက္ေနၿပီးယင္းစာခ်ဳပ္အတြင္းတြင္
တစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းထားမယ္လို႔သိရပါတယ္။
La Gazzetta dello Sport ရဲ႕ေဖာ္ျပခ်က္အရေအစီမီလန္ဂႏၴဝင္တိုက္စစ္မႉးဟာ
လာမယ့္အပတ္တြင္အီတလီသို႔ေရာက္လာကာဂ်ီႏိုအာအသင္းကိုစတင္ကိုင္တြယ္မယ္လို႔သိရပါတယ္။
သူဟာသူ႔ရဲ႕ပထမဆုံးဂ်ီႏိုအာပြဲစဥ္အျဖစ္ေမာ္ရင္ဟိုရဲ႕႐ိုးမားအသင္းကိုဧည့္ခံကစားရပါမယ္။
ရွက္ဗ္ခ်င္ကိုဟာ၂၀၀၆-၀၇ရာသီတုန္းကေမာ္ရင္ဟိုလက္ထက္တြင္ေအစီမီလန္မွ
ခ်ဲလ္ဆီးသို႔ေျပာင္းကာတစ္ရာသီလက္တြဲခဲ့ဖူးပါတယ္။ဂ်ီႏိုအာဟာ
ရလဒ္ဆိုး႐ြားမႈေၾကာင့္နည္းျပဒါဗီဒီဘယ္လာဒီနီကိုထုတ္ပယ္ထားပါတယ္။
ေႏြရာသီတုန္းကယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ယူကရိန္းကိုကြာတားဖိုင္နယ္သို႔
ပို႔ေဆာင္ခဲ့တဲ့ရွက္ဗ္ခ်င္ကိုဟာဂ်ီႏိုအာနည္းျပအျဖစ္တစ္ႏွစ္လုပ္ခေပါင္၁.၇သန္းရရွိပါမယ္။