ပထမဆုံးနိုင်ပွဲကြောင့် စိတ်လှုပ်ရှားလွန်းနေတဲ့ တန်ဟတ် အသင်းကစားပုံအပေါ်ချီးကျူးမှုက ပြင်းထန်ခဲ့

အိုးလ်ထရက်ဖို့ဒ်မှာ လီဗာပူးကိုအနိုင်ယူပြီးနောက် မန်ယူနည်းပြ တန်ဟတ်ဟာ Sky Sportsနဲ့ အင်တာဗျူးမှာ နိုင်ပွဲအတွက် စိတ်လှုပ်ရှားမှုအပြည့်နဲ့ သူ့ကစားသမားတွေကို ချီးကျူးသွားခဲ့ပါတယ်။ ရာသီသစ်အဖွင့်ပွဲနှစ်ပွဲဆက် ရှုံးထားတဲ့ မန်ယူနည်းပြတန်ဟတ်ဟာ

အခုပွဲစဉ်မှာ စီရော်နယ်ဒိုနဲ့ အသင်းခေါင်းဆောင် မက်ဂွဲယားတို့ကို ချန်လှပ်ပြီး အပြောင်းအလဲတချို့နဲ့ပွဲထွက်ခဲ့တာပါ။ လီဗာပူးကိုနောက်ကျဂိုးတစ်ဂိုးပေးခဲ့ရပေမယ့် ပွဲတစ်ချိန် တစ်လျှောက်လုံး မန်ယူကသာ ဆန်ချိုနဲ့ ရက်ဖို့ဒ်တို့ရဲ့ဂိုးတွေနဲ့ ဦးဆောင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲအရှုံးကြောင့် နည်းပြကလော့ပ်ရဲ့လီဗာပူးကတော့ ရမှတ် ၂မှတ်နဲ့ အဆင့် ၁၆ နေရာအထိရောက်သွားခဲ့ပါတယ်။ ပွဲအပြီး Sky Sports နဲ့အင်တာဗျူးမှာတော့ နည်းပြတန်ဟတ်က အခုပွဲစဉ်မှာ အသင်းရဲ့စုဖွဲ့မှုနဲ့ စိတ်ဓာတ်ပိုင်း ကအစအားလုံးကောင်းခဲ့ပြီး

သူ့တို့ဘောလုံးကို ***ကောင်းအောင်ကစားနိုင်ခဲ့တယ်လို့ စိတ်လှုပ်ရှားစွာ ပြောသွားခဲ့တာပါ။ ဒါ့အပြင် နည်းပြတန်ဟတ်က ကစားသမားကောင်းတွေရှိရင် အသင်းကောင်းတစ်သင်း ဖြစ်လာမှာဖြစ်ပြီး အောင်မြင်မှုတွေလည်း ရယူနိုင်မှာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။

အဲဒီအတွက် ရဲရင့်တဲ့ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက်တွေလုပ်ဖို့လည်း လိုအပ်မှာဖြစ်တယ်လို့ တန်ဟတ်ကပြောသွားခဲ့ပါတယ်။ ဒီပွဲရလဒ်အတွက် ကျေနပ် မိပြီး ပွဲစဉ်တိုင်းကို အခုပုံစံအတိုင်းသွားနိုင်ဖို့လည်း လိုအပ်တယ်လို့ တန်ဟတ်ကပြောသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ရာသီမှာ နှစ်ကျော့စလုံး ဂိုးပြတ်နဲ့နိုင်ထားတဲ့ လီဗာပူးဟာ အခုပွဲမှာတော့ ဒဏ်ရာရနဲ့ပွဲပယ်ကစားသမား (၉)ယောက် ရှိနေခဲ့တာကြောင့် နည်းပြကလော့ပ်အတွက် အကျပ်ရိုက်ခဲ့ရပြီး စိတ်ပျက်စရာရလဒ်ကို

ကြုံသွားခဲ့ရတာလည်း ဖြစ်ပါတယ်။ နည်းပြကလော့ပ်ကတော့ အခုပွဲရလဒ်နဲ့ပတ်သက်ပြီး စိတ်ပျက်ခဲ့ရသလို ဒီအခိုက်အတန့်တွေဟာ ဖြစ်ရိုးဖြစ်စဉ်တွေဆိုပေမယ့် အမှတ်ပေးဇယားကို ကြည့်ရတာတော့ အဆင်မပြေဘူးလို့ ကလော့ပ်က ပြောသွားခဲ့ပါတယ်။

(zawgyi)

အိုးလ္ထရက္ဖို႔ဒ္မွာ လီဗာပူးကိုအႏိုင္ယူၿပီးေနာက္ မန္ယူနည္းျပ တန္ဟတ္ဟာ Sky Sportsနဲ႔ အင္တာဗ်ဴးမွာ ႏိုင္ပြဲအတြက္ စိတ္လႈပ္ရွားမႈအျပည့္နဲ႔ သူ႔ကစားသမားေတြကို ခ်ီးက်ဴးသြားခဲ့ပါတယ္။ ရာသီသစ္အဖြင့္ပြဲႏွစ္ပြဲဆက္ ရႈံးထားတဲ့ မန္ယူနည္းျပတန္ဟတ္ဟာ

အခုပြဲစဥ္မွာ စီေရာ္နယ္ဒိုနဲ႔ အသင္းေခါင္းေဆာင္ မက္ဂြဲယားတို႔ကို ခ်န္လွပ္ၿပီး အေျပာင္းအလဲတခ်ိဳ႕နဲ႔ပြဲထြက္ခဲ့တာပါ။ လီဗာပူးကိုေနာက္က်ဂိုးတစ္ဂိုးေပးခဲ့ရေပမယ့္ ပြဲတစ္ခ်ိန္ တစ္ေလွ်ာက္လုံး မန္ယူကသာ ဆန္ခ်ိဳနဲ႔ ရက္ဖို႔ဒ္တို႔ရဲ႕ဂိုးေတြနဲ႔ ဦးေဆာင္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီပြဲအရႈံးေၾကာင့္ နည္းျပကေလာ့ပ္ရဲ႕လီဗာပူးကေတာ့ ရမွတ္ ၂မွတ္နဲ႔ အဆင့္ ၁၆ ေနရာအထိေရာက္သြားခဲ့ပါတယ္။ ပြဲအၿပီး Sky Sports နဲ႔အင္တာဗ်ဴးမွာေတာ့ နည္းျပတန္ဟတ္က အခုပြဲစဥ္မွာ အသင္းရဲ႕စုဖြဲ႕မႈနဲ႔ စိတ္ဓာတ္ပိုင္း ကအစအားလုံးေကာင္းခဲ့ၿပီး

သူ႔တို႔ေဘာလုံးကို ***ေကာင္းေအာင္ကစားႏိုင္ခဲ့တယ္လို႔ စိတ္လႈပ္ရွားစြာ ေျပာသြားခဲ့တာပါ။ ဒါ့အျပင္ နည္းျပတန္ဟတ္က ကစားသမားေကာင္းေတြရွိရင္ အသင္းေကာင္းတစ္သင္း ျဖစ္လာမွာျဖစ္ၿပီး ေအာင္ျမင္မႈေတြလည္း ရယူႏိုင္မွာျဖစ္တယ္လို႔ဆိုခဲ့ပါတယ္။

အဲဒီအတြက္ ရဲရင့္တဲ့ေ႐ြးခ်ယ္မႈနဲ႔ ဆုံးျဖတ္ခ်က္ေတြလုပ္ဖို႔လည္း လိုအပ္မွာျဖစ္တယ္လို႔ တန္ဟတ္ကေျပာသြားခဲ့ပါတယ္။ ဒီပြဲရလဒ္အတြက္ ေက်နပ္ မိၿပီး ပြဲစဥ္တိုင္းကို အခုပုံစံအတိုင္းသြားႏိုင္ဖို႔လည္း လိုအပ္တယ္လို႔ တန္ဟတ္ကေျပာသြားခဲ့တာပါ။

ၿပီးခဲ့တဲ့ ရာသီမွာ ႏွစ္ေက်ာ့စလုံး ဂိုးျပတ္နဲ႔ႏိုင္ထားတဲ့ လီဗာပူးဟာ အခုပြဲမွာေတာ့ ဒဏ္ရာရနဲ႔ပြဲပယ္ကစားသမား (၉)ေယာက္ ရွိေနခဲ့တာေၾကာင့္ နည္းျပကေလာ့ပ္အတြက္ အက်ပ္႐ိုက္ခဲ့ရၿပီး စိတ္ပ်က္စရာရလဒ္ကို ႀကဳံသြားခဲ့ရတာလည္း ျဖစ္ပါတယ္။

နည္းျပကေလာ့ပ္ကေတာ့ အခုပြဲရလဒ္နဲ႔ပတ္သက္ၿပီး စိတ္ပ်က္ခဲ့ရသလို ဒီအခိုက္အတန႔္ေတြဟာ ျဖစ္႐ိုးျဖစ္စဥ္ေတြဆိုေပမယ့္ အမွတ္ေပးဇယားကို ၾကည့္ရတာေတာ့ အဆင္မေျပဘူးလို႔ ကေလာ့ပ္က ေျပာသြားခဲ့ပါတယ္။