
ဘာစီလိုနာအသင်းရဲ့လူငယ်ကြယ်ပွင့်ကွင်းလယ်လူပတ်ဒရီရဲ့ ကြွက်သားဒဏ်ရာ
အခြေအနေက မျှော်လင့်ထားသလို မကောင်းလာသေးတဲ့အတွက်
နောက်ထပ်ရက်အတော်ကြာ ဆက်လက်အနားယူရဖို့ရှိနေပါတယ်။
အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ပတ်ဒရီဟာ ပြီးခဲ့တဲ့လတုန်းက
ဘိုင်ယန်မြူးနစ်အသင်းကို (၃-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ
ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ရီးယဲလ်အသင်းနဲ့ကစားခဲ့တဲ့ El Clasico ပွဲမှာ
မပါဝင်နိုင်ခဲ့ပါဘူး။ စပိန်အားကစားသတင်းစာတစ်စောင်ဖြစ်တဲ့ Sport က
ပတ်ဒရီရဲ့ဒဏ်ရာကို စမ်းသပ်စစ်ဆေးမှုတွေလုပ်ခဲ့ပြီးနောက်မှာ
သူ့ကြွက်သားက မျှော်လင့်ထားတဲ့အတိုင်း မသက်သာလာသေးတာကြောင့်
ရက်အတော်ကြာဆက်လက်အနားယူရဖို့ရှိနေပြီး ဘာစီလိုနာအသင်းကလည်း
ပတ်ဒရီကို အရဲစွန့်အသုံးပြုသွားဖို့မရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။
ပတ်ဒရီဟာ အခုမှဆယ်ကျော်သက်အရွယ်သာရှိသေးပေမယ့် ဘာစီလိုနာ
ကွင်းလယ်အတွက်အဓိက,ကစားသမားတစ်ဦးဖြစ်နေတာကြောင့်
ဒီသတင်းက နည်းပြရော်နယ်လ်ကိုးမန်းအတွက်တော့ ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်စေခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က လက်စ်ပါးမားစ်အသင်းဆီကနေ ပေါင်(၄.၂)သန်းနဲ့
ပြောင်းရွှေ့ခဲ့သူပတ်ဒရီဟာ ၂၀၂၀-၂၁ ရာသီက ဘာစီလိုနာအသင်းအတွက်
ပြိုင်ပွဲစုံ(၅၂)ပွဲအထိကစားခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့တဲ့အတွက်
ယူရို-၂၀၂ဝပြိုင်ပွဲဝင် စပိန်အသင်းမှာရွေးချယ်ခံခဲ့ရပါတယ်။ ယူရိုပြိုင်ပွဲမှာ
စပိန်အသင်း ဆီမီးဖိုင်နယ်ရောက်ရှိအောင်ကူညီပေးခဲ့သလို
ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးလူငယ်ကစားသမားဆုရရှိခဲ့တဲ့အပြင်
ယူရို-၂၀၂ဝပြိုင်ပွဲရဲ့အကောင်းဆုံး(၁၁)ဦးစာရင်းမှာလည်း
ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။ ဒါ့အပြင် ပတ်ဒရီဟာ ယူရိုပြိုင်ပွဲအပြီး
မကြာခင်မှာပဲ တိုကျိုအိုလံပစ်ပြိုင်ပွဲဝင် စပိန်ယူ-၂၃အသင်းမှ
ာပါဝင်ကစားခဲ့ပြီး လက်ရွေးစင်အသင်းတွေမှာ ဆက်တိုက်ကစားခဲ့ပေမယ့်
ကလပ်အသင်းမှာတော့ ဒဏ်ရာပြဿနာကြောင့်ကံကောင်းခဲ့ဘဲ
ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် (၄)ပွဲသာကစားခဲ့ရပါတယ်။
လက်ရွေးစင်အသင်းနဲ့ကလပ်အသင်းတို့အတွက်ခြေစွမ်းပြနေတဲ့
ပတ်ဒရီကို မန်စီးတီး၊ PSG အသင်းတို့ကပစ်မှတ်ထားခဲ့ပေမယ့်
ပတ်ဒရီကတော့ ဘာစီလိုနာနဲ့နှစ်ရှည်စာချုပ်သက်တမ်းတိုးခဲ့ပြီး
ဘာစီလိုနာအသင်းဟာ ပတ်ဒရီကို လစာငွေတိုးမြှင့်ပေးသွားမှာဖြစ်သလို
စာချုပ်လျော်ကြေးကိုလည်း ယူရို(၁)ဘီလီယံအထိသတ်မှတ်ခဲ့တာဖြစ်ပါတယ်။
zawgyi
ပတ္ဒရီက ဒဏ္ရာကမသက္သာေသးတဲ့အတြက္ ဆက္လက္အနားယူရမွာျဖစ္လို႔ ကိုးမန္းအတြက္ထိုးႏွက္ခ်က္ျဖစ္လာ
ဘာစီလိုနာအသင္းရဲ႕လူငယ္ၾကယ္ပြင့္ကြင္းလယ္လူပတ္ဒရီရဲ႕ ႂကြက္သားဒဏ္ရာ
အေျခအေနက ေမွ်ာ္လင့္ထားသလို မေကာင္းလာေသးတဲ့အတြက္
ေနာက္ထပ္ရက္အေတာ္ၾကာ ဆက္လက္အနားယူရဖို႔ရွိေနပါတယ္။
အသက္(၁၈)ႏွစ္အ႐ြယ္သာရွိေသးတဲ့ပတ္ဒရီဟာ ၿပီးခဲ့တဲ့လတုန္းက
ဘိုင္ယန္ျမဴးနစ္အသင္းကို (၃-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ
ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ရီးယဲလ္အသင္းနဲ႔ကစားခဲ့တဲ့ El Clasico ပြဲမွာ
မပါဝင္ႏိုင္ခဲ့ပါဘူး။ စပိန္အားကစားသတင္းစာတစ္ေစာင္ျဖစ္တဲ့ Sport က
ပတ္ဒရီရဲ႕ဒဏ္ရာကို စမ္းသပ္စစ္ေဆးမႈေတြလုပ္ခဲ့ၿပီးေနာက္မွာ
သူ႔ႂကြက္သားက ေမွ်ာ္လင့္ထားတဲ့အတိုင္း မသက္သာလာေသးတာေၾကာင့္
ရက္အေတာ္ၾကာဆက္လက္အနားယူရဖို႔ရွိေနၿပီး ဘာစီလိုနာအသင္းကလည္း
ပတ္ဒရီကို အရဲစြန႔္အသုံးျပဳသြားဖို႔မရွိဘူးလို႔ ေဖာ္ျပခဲ့ပါတယ္။ ပတ္ဒရီဟာ
အခုမွဆယ္ေက်ာ္သက္အ႐ြယ္သာရွိေသးေပမယ့္ ဘာစီလိုနာ
ကြင္းလယ္အတြက္အဓိက,ကစားသမားတစ္ဦးျဖစ္ေနတာေၾကာင့္
ဒီသတင္းက နည္းျပေရာ္နယ္လ္ကိုးမန္းအတြက္ေတာ့ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ေစခဲ့ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္က လက္စ္ပါးမားစ္အသင္းဆီကေန ေပါင္(၄.၂)သန္းနဲ႔
ေျပာင္းေ႐ႊ႕ခဲ့သူပတ္ဒရီဟာ ၂၀၂၀-၂၁ ရာသီက ဘာစီလိုနာအသင္းအတြက္
ၿပိဳင္ပြဲစုံ(၅၂)ပြဲအထိကစားခဲ့ၿပီး ေျခစြမ္းျပကစားႏိုင္ခဲ့တဲ့အတြက္
ယူ႐ို-၂၀၂ဝၿပိဳင္ပြဲဝင္ စပိန္အသင္းမွာေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ယူ႐ိုၿပိဳင္ပြဲမွာ
စပိန္အသင္း ဆီမီးဖိုင္နယ္ေရာက္ရွိေအာင္ကူညီေပးခဲ့သလို
ၿပိဳင္ပြဲတစ္ေလွ်ာက္အေကာင္းဆုံးလူငယ္ကစားသမားဆုရရွိခဲ့တဲ့အျပင္
ယူ႐ို-၂၀၂ဝၿပိဳင္ပြဲရဲ႕အေကာင္းဆုံး(၁၁)ဦးစာရင္းမွာလည္း
ေ႐ြးခ်ယ္ခံခဲ့ရသူျဖစ္ပါတယ္။ ဒါ့အျပင္ ပတ္ဒရီဟာ ယူ႐ိုၿပိဳင္ပြဲအၿပီး
မၾကာခင္မွာပဲ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲဝင္ စပိန္ယူ-၂၃အသင္းမွ
ာပါဝင္ကစားခဲ့ၿပီး လက္ေ႐ြးစင္အသင္းေတြမွာ ဆက္တိုက္ကစားခဲ့ေပမယ့္
ကလပ္အသင္းမွာေတာ့ ဒဏ္ရာျပႆနာေၾကာင့္ကံေကာင္းခဲ့ဘဲ
ဒီရာသီမွာ ဘာစီလိုနာအသင္းအတြက္ (၄)ပြဲသာကစားခဲ့ရပါတယ္။
လက္ေ႐ြးစင္အသင္းနဲ႔ကလပ္အသင္းတို႔အတြက္ေျခစြမ္းျပေနတဲ့
ပတ္ဒရီကို မန္စီးတီး၊ PSG အသင္းတို႔ကပစ္မွတ္ထားခဲ့ေပမယ့္
ပတ္ဒရီကေတာ့ ဘာစီလိုနာနဲ႔ႏွစ္ရွည္စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီး
ဘာစီလိုနာအသင္းဟာ ပတ္ဒရီကို လစာေငြတိုးျမႇင့္ေပးသြားမွာျဖစ္သလို
စာခ်ဳပ္ေလ်ာ္ေၾကးကိုလည္း ယူ႐ို(၁)ဘီလီယံအထိသတ္မွတ္ခဲ့တာျဖစ္ပါတယ္။