ပြီးခဲ့တဲ့လန်ဒန်ဒါဘီပွဲစဉ်မှာ စပါးက ချဲလ်ဆီးကို ၂ ဂိုးပြတ်နိုင်ခဲ့သလို
အိမ်ရှင်ပရိသတ်တွေဟာ ပြိုင်ဘက်တိုက်စစ်မှူး ဂျာအိုဖိလစ်ရဲ့
ချစ်သူဇာတ်ကြောင်းတွေကို သံပြိုင်ရွတ်ဆိုပြီး ပေါ်တူဂီကြယ်ပွင့်ကို
ရက်ရက်စက်စက်လှောင်ပြောင်သွားခဲ့ကြပါတယ်။ ပွဲမတိုင်ခင်ကတည်းက
ဂျာအိုဖိလစ်ရဲ့လက်တွဲဖော် ကော်ဆီရိုနဲ့ပက်သတ်လို့ ကောလဟလတွေ
ထွက်ပေါ်နေခဲ့တာဖြစ်တယ်။ ဖိလစ်ရဲ့လက်တွဲဖော် ကော်ဆီရိုဟာ
ပြီးခဲ့တဲ့ဇန်နဝါရီဈေးကွက်မှာ စပါးရောက်လာတဲ့ တောင်ပံကစားသမား
ပက်ဒရိုပေါ်ရိုနဲ့အတူ နိုက်ကလပ်မှာရှိနေတဲ့ ဗီဒီယိုဖိုင်တစ်ခု
အွန်လိုင်းမှာထွက်ပေါ်လာခဲ့ပေမယ့် သူတို့နှစ်ယောက်ကတော့
ခင်မင်ရင်းနှီးမှုအတိုင်းအတာနဲ့ပက်သတ်လို့ငြင်းဆန်ထားကြပါတယ်။
စွပ်စွဲချက်တွေထွက်ပေါ်လာလို့ မကြာခင်မှာတော့ ပေါ်ရိုက
“မနေ့ကနဲ့ ဒီနေ့အဖြစ်အပျက်တွေက သိပ်ပြီးအဆင်မပြေပါဘူး…။
ကျွန်တော် သူမနဲ့အထူးဆက်ဆံရေးရှိတယ်၊ ဘယ်သူ့ကိုမှသစ္စာမဖောက်ဘူး။
ကျွန်တော့်ရဲ့ပုံရိပ်က ဘယ်အရာကိုမှစွန်းထင်းသွားလိမ့်မှာမဟုတ်ပါဘူး။
ငါလုပ်ချင်တာ လုပ်လို့ရတယ်။ ငါတို့ ၃ ယောက်ပက်သတ်မှုတွေကို
အရောင်ဆိုးနေတာတွေရပ်တန့်လိုက်ပါ” လို့ ရှင်းလင်းခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ကော်ဆီရိုကထပ်မံငြင်းဆန်ခဲ့ပြီး ဗီဒီယိုဖိုင်ကိုရှုံ့ချလိုက်တာဖြစ်တယ်။
“တစ်ယောက်ယောက်ကိုနမ်းချင်ရင် ရင်းနှီးတဲ့အခိုက်အတန့်လောက်နဲ့
မက်မောနေမှာမဟုတ်ပါဘူး၊ လသာဆောင်အနည်းငယ်ပါတဲ့ VIP ဧရိယာနဲ့
ကလပ်တစ်ခုလုံးကိုမြင်နိုင်တဲ့နေရာက အလွန်နည်းပါတယ်။
ဒီဗီဒီယိုကိုရိုက်ကူးဖို့အစပြုခဲ့တဲ့ လူကြီးမင်းတွေကိုလည်း ကျွန်မဘက်ကနားမလည်နိုင်ပါဘူး။
ပြီးတော့ ဒါကိုကောင်းတဲ့နည်းနဲ့အစီရင်ခံဖို့၊ ကျွန်မပြောနေတာတွေကို
မှတ်တမ်းတင်ဖို့ အခြားဘက်မှာရှိတဲ့ လူတွေ၊ ကစားသမားတွေနဲ့ပွေ့ဖက်တာတွေကို
မှတ်တမ်းတင်ဖို့ သတိမရကြပါဘူး။ ဘာလို့လဲဆိုတော့ ကော်ဆီရိုအကြောင်းကို
ကစားသမားတွေနဲ့ပက်သတ်လို့အမြဲပြောနေမယ်ဆိုရင် ဒါကမြင်ကွင်းတစ်ခုဖြစ်သလို
အကြောင်းအရာတွေအများကြီးရှိပါတယ်။ ဒီနေရာမှာ အနမ်းတွေမရှိသလို
တခြားအရာတွေလည်းမပါဝင်ပါဘူး” လို့ ဂျာအိုဖိလစ်ရဲ့လက်တွဲဖော် ကော်ဆီရိုက ပြောဆိုခဲ့ပါတယ်။
zawgyi
ပတ်ဒရိုပေါ်ရိုနဲ့နိုက်ကလပ်မှာအတူရှိနေခဲ့တဲ့ မာဂူအီကော်ဆီရိုအကြောင်းကို သံပြိုင်ရွတ်ဆိုပြီး ဂျာအိုဖိလစ်ကို စပါးပရိသတ်တွေရက်ရက်စက်စက် လှောင်ပြောင်