ပညာရေးသင်ရိုးညွှန်းတမ်းထဲ ထည့်သွင်းသင်ကြားစေမယ့် ဆာလာအကြောင်း

လီဗာပူးအသင်းနဲ့အတူ လက်ရှိအကောင်းဆုံးပုံစံတွေ ရရှိနေတဲ့

မိုဆာလာရဲ့ အကြောင်းကို သူ့ရဲ့ မွေးရပ်မြေ အီဂျစ် က ပညာရေး

သင်ရိုး ညွှန်းတမ်းတွေမှာ ထည့်သွင်း သင်ကြားဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

ကနဦး အနေနဲ့ မူလတန်း ပညာနဲ့ အလယ်တန်း ပညာတွေမှာ ဆာလာ ရဲ့

အကြောင်းတွေကို ထည့်သွင်း သွားမှာ ဖြစ်ကာ ၊ လာမယ့် ပညာရေးနှစ်က စလို့

ကျောင်းသုံး စာအုပ်တွေမှာ စတင် ပါဝင်လာမှာ ဖြစ်ပါတယ်။

ဆာလာဟာပရီးမီးယားလိဂ်ဂိုး၁၀၇ဂိုးသွင်းယူကာပရီးမီးယားလိဂ်တွင်

ဂိုးအများဆုံးသွင်းယူထားတဲ့အာဖရိကကစားသမားဖြစ်လာခဲ့ပါတယ်။

သူဟာယူနိုက်တက်နှင့်ပွဲတွင်ဟက်ထရစ်သွင်းယူပြီးနောက်ဒရော့ဘာရဲ့

၁၀၅ဂိုးစံချိန်ကိုကျော်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဆာလာ ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ယောက် ဖြစ်လာဖို့ အတွက်

မွေးရပ်မြေ နာဂရစ် ဒေသ ကနေ ကိုင်ရို မြို့တော်ဆီ နေ့စဉ် ကား 3 ဆင့် ပြောင်းစီးရင်း ၊

အကယ်ဒမီ ကစားသမား ဘဝကို စတင်ခဲ့ရပါတယ်။ တစ်နေ့တာ အတွက်

ကားပေါ်မှာ သူ့ရဲ့ ကုန်ဆုံးချိန်ဟာ 9 နာရီ အထိတောင် ရှိခဲ့ပေမယ့် ၊

လုံး၀ စိတ်ပျက်ခြင်း မရှိဘဲ ကစားသမားဘဝကို တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။

ဆာလာဟာ အပျော်အပါး နဲ့ အသောက်အစား ကင်းတဲ့ အပြင်

လူမှု ကူညီရေး လုပ်ငန်းတွေကိုပါ ဆောင်ရွက်လျက် ရှိသူပါ။ မွေးရပ်မြေ

နာဂရစ် ဒေသမှာ ဆိုရင် ဆေးခန်းတွေ ၊ စာသင်ကျောင်းတွေ နဲ့ ကစားကွင်းတွေပါ

တည်ဆောက်ပေးတဲ့ အပြင် ၊ အခါ အားလျော်စွာ ဒေသ ဖွံ့ဖြိုးမှု

လုပ်ငန်းတွေမှာလည်း ပါဝင် ကူညီပေးနေသူပါ။

ဒါကြောင့်လည်း အီဂျစ် အစိုးရဟာ သူတို့ နိုင်ငံကနေ မွေးထုတ်ပေးလိုက်တဲ့

ကမ္ဘာကျော် ဘောလုံးသမား တစ်ယောက်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ရော

နောက်မျိုးဆက်လူငယ်တွေ ကြိုးစားချင်စိတ် ရှိအောင်ပါ ဆာလာအကြောင်းကို

အတန်း ပညာရေးတွေမှာ ထည့်သွင်း သင်ကြားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

zawgyi

ပညာေရးသင္႐ိုးၫႊန္းတမ္းထဲ ထည့္သြင္းသင္ၾကားေစမယ့္ ဆာလာအေၾကာင္း

လီဗာပူးအသင္းနဲ႔အတူ လက္ရွိအေကာင္းဆုံးပုံစံေတြ ရရွိေနတဲ့

မိုဆာလာရဲ႕ အေၾကာင္းကို သူ႔ရဲ႕ ေမြးရပ္ေျမ အီဂ်စ္ က ပညာေရး

သင္႐ိုး ၫႊန္းတမ္းေတြမွာ ထည့္သြင္း သင္ၾကားဖို႔ စီစဥ္ေနၿပီ ျဖစ္ပါတယ္။

ကနဦး အေနနဲ႔ မူလတန္း ပညာနဲ႔ အလယ္တန္း ပညာေတြမွာ ဆာလာ ရဲ႕

အေၾကာင္းေတြကို ထည့္သြင္း သြားမွာ ျဖစ္ကာ ၊ လာမယ့္ ပညာေရးႏွစ္က စလို႔

ေက်ာင္းသုံး စာအုပ္ေတြမွာ စတင္ ပါဝင္လာမွာ ျဖစ္ပါတယ္။

ဆာလာဟာပရီးမီးယားလိဂ္ဂိုး၁၀၇ဂိုးသြင္းယူကာပရီးမီးယားလိဂ္တြင္

ဂိုးအမ်ားဆုံးသြင္းယူထားတဲ့အာဖရိကကစားသမားျဖစ္လာခဲ့ပါတယ္။

သူဟာယူႏိုက္တက္ႏွင့္ပြဲတြင္ဟက္ထရစ္သြင္းယူၿပီးေနာက္ဒေရာ့ဘာရဲ႕

၁၀၅ဂိုးစံခ်ိန္ကိုေက်ာ္ျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။

ဆာလာ ဟာ ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမား တစ္ေယာက္ ျဖစ္လာဖို႔ အတြက္

ေမြးရပ္ေျမ နာဂရစ္ ေဒသ ကေန ကိုင္႐ို ၿမိဳ႕ေတာ္ဆီ ေန႔စဥ္ ကား 3 ဆင့္ ေျပာင္းစီးရင္း ၊

အကယ္ဒမီ ကစားသမား ဘဝကို စတင္ခဲ့ရပါတယ္။ တစ္ေန႔တာ အတြက္

ကားေပၚမွာ သူ႔ရဲ႕ ကုန္ဆုံးခ်ိန္ဟာ 9 နာရီ အထိေတာင္ ရွိခဲ့ေပမယ့္ ၊

လုံး၀ စိတ္ပ်က္ျခင္း မရွိဘဲ ကစားသမားဘဝကို တည္ေဆာက္ခဲ့ တာျဖစ္ပါတယ္။

ဆာလာဟာ အေပ်ာ္အပါး နဲ႔ အေသာက္အစား ကင္းတဲ့ အျပင္

လူမႈ ကူညီေရး လုပ္ငန္းေတြကိုပါ ေဆာင္႐ြက္လ်က္ ရွိသူပါ။ ေမြးရပ္ေျမ

နာဂရစ္ ေဒသမွာ ဆိုရင္ ေဆးခန္းေတြ ၊ စာသင္ေက်ာင္းေတြ နဲ႔ ကစားကြင္းေတြပါ

တည္ေဆာက္ေပးတဲ့ အျပင္ ၊ အခါ အားေလ်ာ္စြာ ေဒသ ဖြံ႕ၿဖိဳးမႈ

လုပ္ငန္းေတြမွာလည္း ပါဝင္ ကူညီေပးေနသူပါ။

ဒါေၾကာင့္လည္း အီဂ်စ္ အစိုးရဟာ သူတို႔ ႏိုင္ငံကေန ေမြးထုတ္ေပးလိုက္တဲ့

ကမာၻေက်ာ္ ေဘာလုံးသမား တစ္ေယာက္ကို ဂုဏ္ျပဳတဲ့ အေနနဲ႔ ေရာ

ေနာက္မ်ိဳးဆက္လူငယ္ေတြ ႀကိဳးစားခ်င္စိတ္ ရွိေအာင္ပါ ဆာလာအေၾကာင္းကို

အတန္း ပညာေရးေတြမွာ ထည့္သြင္း သင္ၾကားဖို႔ ျပင္ဆင္လာခဲ့တာ ျဖစ္ပါတယ္။