ပစ္စတိုကိုင်ပြီး ကွင်းထဲမှာလျှောက်သွားနေတဲ့ ဟွန်ဒူးရပ်စ်ဒိုင်လူကြီး

ဟွန်ဒူးရပ်စ် နိုင်ငံကအပျော်တမ်းပွဲတစ်ခုမှာ အငြင်းပွားဖွယ်ရာတွေပေါ်ပေါက်ခဲ့ပြီးနောက်

ကွင်းလယ်ဒိုင်လူကြီးက ပွဲပြီးချိန်မှာ ပစ္စတို သေနတ်ကိုထုတ်ပြီး

သူ့ကိုယ်သူကာကွယ်ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုပေါ်ပေါက်ခဲ့ကြောင်းသိရပါတယ်။

အခုလိုမျိုးဒိုင်က ပစ္စတို ကိုင်ခဲ့မှုဟာ တကယ့်ကိုရူးသွပ်ဖွယ်ရာမြင်ကွင်းဖြစ်တယ်လို့လည်း

ဆိုကြပါတယ်။ အွန်လိုင်းပေါ်မှာပျံနှံလာတဲ့ ဗီဒီယိုဖိုင်အရ ဒိုင်လူကြီးဟာ

ပစ္စတိုကိုင်ပြီး ကွင်းထဲမှာလျှောက်သွားနေတာကိုတွေ့ခဲ့ရတာပါ။

ဖြစ်ပုံကဒီလိုပါ။ ဟွန်ဒူးရပ်စ်နိုင်ငံက မြို့လေး တစ်ခုဖြစ်တဲ့ လာဂျီဂူအာမှာ

ကျင်းပခဲ့တဲ့အပျော်တမ်းပွဲတစ်ခုကျင်းပခဲ့ပြီး ဒီပွဲမှာကွင်းလယ်ဒိုင်ရဲ့

ဆုံးဖြတ်ချက်အချို့နဲ့ပတ် သက်လို့ နစ်နာတဲ့အသင်းပရိသတ်တွေက

ဒိုင်ကိုဒေါသထွက်ခဲ့ကြတာပါ။ သူဟာပင်နယ်တီပေးဖို့လည်းငြင်းဆန်ခဲ့တဲ့အတွက်

ပရိသတ်တွေကသူ့ကို ကွင်းထဲမှာတင်ပျစ်ပျစ်နှစ်နှစ်ဆဲခဲ့ကြပါတယ်။

ဒါကြောင့်လည်း ဒိုင်လူကြီးအန္တရာယ်ပြုခံရမှာကို စိုးရိမ်ပြီး သူ့ဆွေမျိုးတွေက

ပစ္စတိုတစ်လက်ပေးလိုက်တာပါ။ ဒါကြောင့်လည်း ဒီဒိုင်က

သူ့ကိုယ်သူကာကွယ်တဲ့အနေနဲ့ ပွဲပြီးပြီးချင်းမှာ ပစ္စတို ကိုကိုင်ပြီး

ကွင်းထဲလျှောက်နေခဲ့တာပါ။ သူ့သေနတ်ဟာကျည် ဆံအပြည့်ပါပြီး

မောင်းတင်ထားကြောင်း ပြသတဲ့အနေနဲ့ ကွင်းထဲကို သေနတ်တစ်ချက်ပစ်ပြခဲ့သေးတယ်လို့

ဒေသခံမီဒီယာ တွေက ဖော်ပြခဲ့ပါတယ်။ ဘောလုံးကွင်းထဲကို

သေနတ်ကိုင်ပြီးဝင်ရောက်မှုဟာ ဒါပထမဆုံးအကြိမ်မဟုတ်ဘဲ ၂၀၁၈ ကလည်း

ဂရိမှာကလပ်ပိုင်ရှင်တစ် ယောက်က ဒိုင်ကိုခြိမ်းခြောက်တဲ့အနေနဲ့

ကွင်းထဲကိုသေနတ်ကိုင်ပြီးဝင်ခဲ့တဲ့ ဖြစ်ရပ်ရှိခဲ့ပါသေးတယ်။

သူကတော့ ဂရိ- ရုရှား အစပ် စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့

အိုင်ဗန်ဆာဗစ်ဒစ် ဖြစ်ပြီး သူပိုင်ဆိုင်တဲ့ PAOKဆလိုနီကာနဲ့

အေအီးကေအေသင်တို့ရဲ့ ဂရိစူပါလိဂ်ပွဲမှာ သူ့အသင်းနောက်ဆုံးမိနစ်ဂိုးကို

ခွင့်မပြုခဲ့တဲ့အတွက် ဒေါသထွက်ပြီး ကွင်းထဲကိုသူ့ကိုယ်ရံတော်တွေနဲ့ဝင်ရောက်ခဲ့တာ ပါ။

သူဟာမြက်ခင်းပြင်ပေါ်ကို ၂ ကြိမ်တိုင်ဝင်ရောက်ခဲ့ပြီး ဒုတိယအကြိမ်မှာ

ဒိုင်လူကြီးရှေ့သွားပြီး သူဝတ်ထားတဲ့ဂျက်ကက် ကိုချွတ်ကာ

သေနတ်ဆောင်ထားတယ်ဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့်

ဆာဗစ်ဒစ်ဟာ ဘောလုံးနဲ့ပတ်သက် ခွင့် ၃ နှစ်ပိတ်ပင်ခံခဲ့ရပြီး

ဒဏ်ငွေပေါင် ၈၇၀၀၀ နဲ့သူ့အသင်း ဆလိုနီကာလည်း ၃ မှတ်လျှော့ပြစ်ဒဏ်ခံခဲ့ရပါတယ်။

zawgyi

ပစၥတိုကိုင္ၿပီး ကြင္းထဲမွာေလွ်ာက္သြားေနတဲ့ ဟြန္ဒူးရပ္စ္ဒိုင္လူႀကီး

ဟြန္ဒူးရပ္စ္ ႏိုင္ငံကအေပ်ာ္တမ္းပြဲတစ္ခုမွာ အျငင္းပြားဖြယ္ရာေတြေပၚေပါက္ခဲ့ၿပီးေနာက္

ကြင္းလယ္ဒိုင္လူႀကီးက ပြဲၿပီးခ်ိန္မွာ ပစၥတို ေသနတ္ကိုထုတ္ၿပီး

သူ႔ကိုယ္သူကာကြယ္ခဲ့ရတဲ့ ျဖစ္ရပ္တစ္ခုေပၚေပါက္ခဲ့ေၾကာင္းသိရပါတယ္။

အခုလိုမ်ိဳးဒိုင္က ပစၥတို ကိုင္ခဲ့မႈဟာ တကယ့္ကို႐ူးသြပ္ဖြယ္ရာျမင္ကြင္းျဖစ္တယ္လို႔လည္း

ဆိုၾကပါတယ္။ အြန္လိုင္းေပၚမွာပ်ံႏွံလာတဲ့ ဗီဒီယိုဖိုင္အရ ဒိုင္လူႀကီးဟာ

ပစၥတိုကိုင္ၿပီး ကြင္းထဲမွာေလွ်ာက္သြားေနတာကိုေတြ႕ခဲ့ရတာပါ။

ျဖစ္ပုံကဒီလိုပါ။ ဟြန္ဒူးရပ္စ္ႏိုင္ငံက ၿမိဳ႕ေလး တစ္ခုျဖစ္တဲ့ လာဂ်ီဂူအာမွာ

က်င္းပခဲ့တဲ့အေပ်ာ္တမ္းပြဲတစ္ခုက်င္းပခဲ့ၿပီး ဒီပြဲမွာကြင္းလယ္ဒိုင္ရဲ႕

ဆုံးျဖတ္ခ်က္အခ်ိဳ႕နဲ႔ပတ္ သက္လို႔ နစ္နာတဲ့အသင္းပရိသတ္ေတြက

ဒိုင္ကိုေဒါသထြက္ခဲ့ၾကတာပါ။ သူဟာပင္နယ္တီေပးဖို႔လည္းျငင္းဆန္ခဲ့တဲ့အတြက္

ပရိသတ္ေတြကသူ႔ကို ကြင္းထဲမွာတင္ပ်စ္ပ်စ္ႏွစ္ႏွစ္ဆဲခဲ့ၾကပါတယ္။

ဒါေၾကာင့္လည္း ဒိုင္လူႀကီးအႏၲရာယ္ျပဳခံရမွာကို စိုးရိမ္ၿပီး သူ႔ေဆြမ်ိဳးေတြက

ပစၥတိုတစ္လက္ေပးလိုက္တာပါ။ ဒါေၾကာင့္လည္း ဒီဒိုင္က

သူ႔ကိုယ္သူကာကြယ္တဲ့အေနနဲ႔ ပြဲၿပီးၿပီးခ်င္းမွာ ပစၥတို ကိုကိုင္ၿပီး

ကြင္းထဲေလွ်ာက္ေနခဲ့တာပါ။ သူ႔ေသနတ္ဟာက်ည္ ဆံအျပည့္ပါၿပီး

ေမာင္းတင္ထားေၾကာင္း ျပသတဲ့အေနနဲ႔ ကြင္းထဲကို ေသနတ္တစ္ခ်က္ပစ္ျပခဲ့ေသးတယ္လို႔

ေဒသခံမီဒီယာ ေတြက ေဖာ္ျပခဲ့ပါတယ္။ ေဘာလုံးကြင္းထဲကို

ေသနတ္ကိုင္ၿပီးဝင္ေရာက္မႈဟာ ဒါပထမဆုံးအႀကိမ္မဟုတ္ဘဲ ၂၀၁၈ ကလည္း

ဂရိမွာကလပ္ပိုင္ရွင္တစ္ ေယာက္က ဒိုင္ကိုၿခိမ္းေျခာက္တဲ့အေနနဲ႔

ကြင္းထဲကိုေသနတ္ကိုင္ၿပီးဝင္ခဲ့တဲ့ ျဖစ္ရပ္ရွိခဲ့ပါေသးတယ္။

သူကေတာ့ ဂရိ- ႐ုရွား အစပ္ စီးပြားေရးသမားတစ္ေယာက္ျဖစ္တဲ့

အိုင္ဗန္ဆာဗစ္ဒစ္ ျဖစ္ၿပီး သူပိုင္ဆိုင္တဲ့ PAOKဆလိုနီကာနဲ႔

ေအအီးေကေအသင္တို႔ရဲ႕ ဂရိစူပါလိဂ္ပြဲမွာ သူ႔အသင္းေနာက္ဆုံးမိနစ္ဂိုးကို

ခြင့္မျပဳခဲ့တဲ့အတြက္ ေဒါသထြက္ၿပီး ကြင္းထဲကိုသူ႔ကိုယ္ရံေတာ္ေတြနဲ႔ဝင္ေရာက္ခဲ့တာ ပါ။

သူဟာျမက္ခင္းျပင္ေပၚကို ၂ ႀကိမ္တိုင္ဝင္ေရာက္ခဲ့ၿပီး ဒုတိယအႀကိမ္မွာ

ဒိုင္လူႀကီးေရွ႕သြားၿပီး သူဝတ္ထားတဲ့ဂ်က္ကက္ ကိုခြၽတ္ကာ

ေသနတ္ေဆာင္ထားတယ္ဆိုတာကို ျပသခဲ့တာျဖစ္ပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္

ဆာဗစ္ဒစ္ဟာ ေဘာလုံးနဲ႔ပတ္သက္ ခြင့္ ၃ ႏွစ္ပိတ္ပင္ခံခဲ့ရၿပီး

ဒဏ္ေငြေပါင္ ၈၇၀၀၀ နဲ႔သူ႔အသင္း ဆလိုနီကာလည္း ၃ မွတ္ေလွ်ာ့ျပစ္ဒဏ္ခံခဲ့ရပါတယ္။