
ဘိုင်ယန်ကိုရှုံးခဲ့တဲ့ပွဲအပြီးမှာ ကွင်းလယ်ဒိုင်ဖီးလစ်ဇွာယာကို
အပြင်းအထန်ဝေဖန်ခဲ့တာနဲ့ပတ်သက်လို့ ဒေါ့မန်ကွင်းလယ်လူဘယ်လင်ဂမ်ဟာ
စုံစမ်းစစ်ဆေးခြင်းခံရပါတော့မယ်။ ဒါပေမဲ့လည်း ဘိုင်ယန်က ၃-၂ နဲ့နိုင်သွားခဲ့တဲ့
အဲဒီပွဲဟာ အငြင်းပွားဖွယ်ဂျာမန်ဒါဘီပွဲဖြစ်ခဲ့ပါတယ်။
ပင်နယ်တီဧရိယာထဲမှာ ပြိုင်ဘက်နောက်ခံလူလူးကပ်ဟာနန်ဒက်ဇ်ကြောင့်
မာကိုရူးစ်လဲကျသွားခဲ့တာကို ဒေါ့မန်ကစားသမားတွေက
ပင်နယ်တီတောင်းတော့ ဇွာယာဟာ ငြင်းဆန်ခဲ့ပါတယ်။
အဲဒီဂျာမန်ဒိုင်လူကြီးဟာ ၇၇ မိနစ်အရောက်မှာ ဒေါ့မန်ဗဟိုနောက်ခံလူ
ဟမ်မဲလ် လက်ထိဘောဖြစ်တယ်ဆိုပြီး ဘိုင်ယန်ကိုတော့ ပင်နယ်တီပေးခဲ့ပါတယ်။
အဲဒီပင်နယ်တီကို လီဝန်ဒေါစကီးက ဂိုးအဖြစ်အဆုံးသတ်နိုင်ခဲ့လို့
ဘိုင်ယန်အတွက် အနိုင်ဂိုးဖြစ်သွားခဲ့တာပါ။
အဲဒီရှုံးပွဲကြောင့် ဒုတိယနေရာက ဒေါ့မန်ဟာ ဦးဆောင်သူဘိုင်ယန်နဲ့
၁ မှတ်ကွာအနေအထားကနေ ၄ မှတ်ကွာဖြစ်သွားပါတယ်။
ပွဲအပြီးမှာတော့ ဒေါသထွက်နေတဲ့ဘယ်လင်ဂမ်ဟာ အခုလိုပွဲကြီးပွဲကောင်းမှာ
ဇွာယာကို တာဝန်ပေးတာနဲ့ပတ်သက်လို့ အပြင်းအထန်ဝေဖန်ခဲ့ပါတယ်။
”ကျွန်တော့်အတွက်ကတော့ အဲဒါဟာ ပင်နယ်တီမဟုတ်ပါဘူး။
ဟမ်မဲလ်က ဘောလုံးကို ကြည့်တောင်မကြည့်ပဲ ရဖို့ပဲလုပ်ခဲ့တာပါ။
အဲဒါက သူ့ကို လာထိခဲ့ပြီး ဘောလုံးကို သူကြည့်နေတယ်လို့တောင်
ကျွန်တော်မထင်ပါဘူး။ ဒီပွဲမှာ အငြင်းပွားဖွယ်ဖြစ်ခဲ့တဲ့ ဆုံးဖြတ်ချက်အများအပြားကို
တွေ့နိုင်ပါတယ်။ ဂျာမနီက အကြီးဆုံးပွဲမှာ လုပ်ပွဲလုပ်ခဲ့ဖူးတဲ့ဒိုင်ကို
တာဝန်ပေးတယ်ဆိုတော့ ဘာကိုမျှော်လင့်ရမှာလဲ”လို့ ပွဲအပြီးမှာ
ဘယ်လင်ဂမ်က နော်ဝေရုပ်သံတစ်ခုကို ပြောခဲ့တာပါ။
အခုတော့ ဂျာမန်ဘောလုံးအဖွဲ့ချုပ်ရဲ့ဒိုင်အကြီးအကဲက ပွဲပြီးအင်တာဗျူးမှာ
ဘယ်လင်ဂမ်ပြောခဲ့တာတွေနဲ့ပတ်သက်လို့ တိုင်တန်းထားပြီး
စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်နေပါတယ်။
ဒေါ့မန်-ဘိုင်ယန်ပွဲကို တာဝန်ယူခဲ့တဲ့ ကွင်းလယ်ဒိုင်ဇွာယာဟာ
၂၀၀၅ တုန်းက ဂျာမန်လုပ်ပွဲအရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်ခဲ့လို့
ဘောလုံးကနေ ၆ လ ပိတ်ပင်ခံရဖူးပါတယ်။ အသက် ၄၀ အရွယ် ဇွာယာကတော့
အဲဒီပွဲက သူ့ရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ ကာကွယ်ပြောကြားခဲ့ပါတယ်။
zawgyi
ပင္ နယ္တီေပးလို႔.. ေဝဖန္ရာက စစ္ေဆးခံရမယ့္အကြက္ဆိုက္ေနတဲ့ ဘယ္လင္ဂမ္
ဘိုင္ယန္ကိုရႈံးခဲ့တဲ့ပြဲအၿပီးမွာ ကြင္းလယ္ဒိုင္ဖီးလစ္ဇြာယာကို
အျပင္းအထန္ေဝဖန္ခဲ့တာနဲ႔ပတ္သက္လို႔ ေဒါ့မန္ကြင္းလယ္လူဘယ္လင္ဂမ္ဟာ
စုံစမ္းစစ္ေဆးျခင္းခံရပါေတာ့မယ္။ ဒါေပမဲ့လည္း ဘိုင္ယန္က ၃-၂ နဲ႔ႏိုင္သြားခဲ့တဲ့
အဲဒီပြဲဟာ အျငင္းပြားဖြယ္ဂ်ာမန္ဒါဘီပြဲျဖစ္ခဲ့ပါတယ္။
ပင္နယ္တီဧရိယာထဲမွာ ၿပိဳင္ဘက္ေနာက္ခံလူလူးကပ္ဟာနန္ဒက္ဇ္ေၾကာင့္
မာကို႐ူးစ္လဲက်သြားခဲ့တာကို ေဒါ့မန္ကစားသမားေတြက
ပင္နယ္တီေတာင္းေတာ့ ဇြာယာဟာ ျငင္းဆန္ခဲ့ပါတယ္။
အဲဒီဂ်ာမန္ဒိုင္လူႀကီးဟာ ၇၇ မိနစ္အေရာက္မွာ ေဒါ့မန္ဗဟိုေနာက္ခံလူ
ဟမ္မဲလ္ လက္ထိေဘာျဖစ္တယ္ဆိုၿပီး ဘိုင္ယန္ကိုေတာ့ ပင္နယ္တီေပးခဲ့ပါတယ္။
အဲဒီပင္နယ္တီကို လီဝန္ေဒါစကီးက ဂိုးအျဖစ္အဆုံးသတ္ႏိုင္ခဲ့လို႔
ဘိုင္ယန္အတြက္ အႏိုင္ဂိုးျဖစ္သြားခဲ့တာပါ။
အဲဒီရႈံးပြဲေၾကာင့္ ဒုတိယေနရာက ေဒါ့မန္ဟာ ဦးေဆာင္သူဘိုင္ယန္နဲ႔
၁ မွတ္ကြာအေနအထားကေန ၄ မွတ္ကြာျဖစ္သြားပါတယ္။
ပြဲအၿပီးမွာေတာ့ ေဒါသထြက္ေနတဲ့ဘယ္လင္ဂမ္ဟာ အခုလိုပြဲႀကီးပြဲေကာင္းမွာ
ဇြာယာကို တာဝန္ေပးတာနဲ႔ပတ္သက္လို႔ အျပင္းအထန္ေဝဖန္ခဲ့ပါတယ္။
”ကြၽန္ေတာ့္အတြက္ကေတာ့ အဲဒါဟာ ပင္နယ္တီမဟုတ္ပါဘူး။
ဟမ္မဲလ္က ေဘာလုံးကို ၾကည့္ေတာင္မၾကည့္ပဲ ရဖို႔ပဲလုပ္ခဲ့တာပါ။
အဲဒါက သူ႔ကို လာထိခဲ့ၿပီး ေဘာလုံးကို သူၾကည့္ေနတယ္လို႔ေတာင္
ကြၽန္ေတာ္မထင္ပါဘူး။ ဒီပြဲမွာ အျငင္းပြားဖြယ္ျဖစ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္အမ်ားအျပားကို
ေတြ႕ႏိုင္ပါတယ္။ ဂ်ာမနီက အႀကီးဆုံးပြဲမွာ လုပ္ပြဲလုပ္ခဲ့ဖူးတဲ့ဒိုင္ကို
တာဝန္ေပးတယ္ဆိုေတာ့ ဘာကိုေမွ်ာ္လင့္ရမွာလဲ”လို႔ ပြဲအၿပီးမွာ
ဘယ္လင္ဂမ္က ေနာ္ေဝ႐ုပ္သံတစ္ခုကို ေျပာခဲ့တာပါ။
အခုေတာ့ ဂ်ာမန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ဒိုင္အႀကီးအကဲက ပြဲၿပီးအင္တာဗ်ဴးမွာ
ဘယ္လင္ဂမ္ေျပာခဲ့တာေတြနဲ႔ပတ္သက္လို႔ တိုင္တန္းထားၿပီး
စုံစမ္းစစ္ေဆးမႈေတြလည္း လုပ္ေနပါတယ္။
ေဒါ့မန္-ဘိုင္ယန္ပြဲကို တာဝန္ယူခဲ့တဲ့ ကြင္းလယ္ဒိုင္ဇြာယာဟာ
၂၀၀၅ တုန္းက ဂ်ာမန္လုပ္ပြဲအရႈပ္ေတာ္ပုံမွာ ပါဝင္ပတ္သက္ခဲ့လို႔
ေဘာလုံးကေန ၆ လ ပိတ္ပင္ခံရဖူးပါတယ္။ အသက္ ၄၀ အ႐ြယ္ ဇြာယာကေတာ့
အဲဒီပြဲက သူ႔ရဲ႕ဆုံးျဖတ္ခ်က္ေတြနဲ႔ပတ္သက္လို႔ ကာကြယ္ေျပာၾကားခဲ့ပါတယ္။