ပင်နယ်ဒို ဆိုတာအဆုံးသတ်သွားပြီ စီရော်နယ်ဒိုပြန်ဖြစ်သွားပြီဆိုပြီး လှောင်ပြောင်ခံနေရ

မစ်ဒယ်ဘရော့နဲ့ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ စီရော်နယ်ဒို ကို

ဆိုရှယ်မီဒီယာထက်မှာလှောင်ပြောင်မှုတွေအများကြီးထွက်ပေါ်နေပါတယ်။

အက်ဖ်အေဖလား စတုတ္ထအဆင့်အဖြစ်အိုးလ်ထရက်ဖို့ဒ်မှာ

ကျင်းပခဲ့တဲ့ဒီပွဲမှာ မန်ယူဟာ ၇ မိနစ်ကတည်းက

ဆန်ချိုရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် ၆၄ မိနစ်မှတော့

မစ်ဒယ်ဘရော့ကမက်ခရော့ ကဂိုးသွင်းခဲ့လို့ ၁-၁ သရေကျသွားခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန်မိနစ် ၂၀ မှာစီရော်နယ်ဒို ပင်နယ်တီလွဲချော်ခဲ့မှုက

မန်ယူကိုပြိုင်ပွဲကထွက်စေခဲ့တဲ့အဓိက အလှည့်အပြောင်းလို့တောင်ဆိုရပါမယ်။

ဘိုရိုအသင်းနောက်ခံလူ ဂျစ်စတီးလ်ဟာ ပေါ့ဂ်ဘာ ကိုဖျက်ထုတ်ပုံကြမ်းတဲ့အတွက်

မိနစ်၂၀ မှာမန်ယူပင်နယ်တီရခဲ့တာပါ။

ဒါကိုအသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုက ကန်သွင်းရာမှာဘေးထွက်ကာ

လွဲချော်ခဲ့လို့ မန်ယူဟာ ၂-၀ ဖြစ်မယ့်အခွင့်အရေးကို ဆုံးရှုံးခဲ့ရတာပါ။

ဒါကြောင့်လည်း အဝေးကွင်းလိုက်ပါအားပေးတဲ့

မစ်ဒယ်ဘရော့ပရိသတ် ၉၀၀၀ ကျော်က

ဒီပေါ်တူဂီသားကိုကွင်းထဲမှာတင်လှောင်ပြောင်ခဲ့ကြပါတယ်။

ဒါကြောင့်လည်းသူ့ရဲ့အံ့အားသင့်ဖို့ကောင်းတဲ့လွဲချော်မှုကို

ထုံးစံအတိုင်း ဆိုရှယ်မီဒီယာထက်မှာလှောင်ပြောင်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။

သူတို့ထဲကတစ်ဦးဆိုရင်” ပင်နယ်ဒို ဆိုတာအဆုံးသတ်သွားပြီကွ။

စီရော်နယ်ဒိုပြန်ဖြစ်သွားပြီ” လို့ ရေးသားခဲ့ပါတယ်။

နောက်တစ်ဦးကလည်း” ပင်နယ်ဒိုဟာ

သူ့ရဲ့အကောင်းဆုံးအစားသောက်ကိုလွဲချော်သွားပြီ” လို့ဆိုခဲ့ပါတယ်။

နောက်ထပ်ပို့စ်တွေမှာ” ဘယ်သူမှ ၁၂ ကိုက်အကွာကနေ

ကန်သွင်းမှုကိုမလွဲသင့်ဘူး။ လစာလျှော့ကွာ”၊

”သူနဲ့သက်ဆိုင်တဲ့တစ်ခုတည်းသောအရာကို မလုပ်နိုင်တော့တဲ့သူ”၊

” စီရော်နယ်ဒိုကိုကြည့်ပြီး ရယ်ကြကွာ” အစရှိသဖြင့်ရေးသားခဲ့ကြပါတယ်။

ဒီတစ်ကြိမ်နဲ့ပါဆိုရင် စီရော်နယ်ဒိုဟာသူ့ရဲ့မန်ယူကစားသမားဘဝမှာ

ပွဲချိန်အတွင်းပင်နယ်တီလွဲချော်ခဲ့တာ ၄ ကြိမ်အထိရှိနေပြီလို့ သိရပါတယ်။

သူဟာ ၂၀၀၆ တုန်းက ဝီဂန်၊ ၂၀၀၇ မှာ ဝက်စ်ဟမ်း၊ ၂၀၀၈ မှာ

ဘာစီလိုနာတို့နဲ့ပွဲတွေမှာ မန်ယူအတွက်ပင်နယ်တီလွဲခဲ့သေးတာပါ။

၂၀၀၈ တုန်းကချဲလ်ဆီးနဲ့ရင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ

ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့တော့သူ့ကန်ချက်လွဲချော်မှုဟာ

နာမည်ကျော်ခဲ့သေးတာပါ။

မန်ယူဟာ မစ်ဒယ်ဘရော့နဲ့ပွဲမှာ ပေါ့ဂ်ဘာ၊ ဖာနန်ဒက်စ်အစရှိတဲ့

ပင်နယ်တီအကန်ကောင်းသူတွေပါဝင်ခဲ့ပေမယ့် စီရော်နယ်ဒိုက

ကန်သွင်းခဲ့တာဖြစ်လို့ ဖာနန်ဒက်စ် ကန်သွင်းသင့်တယ်ဆိုတဲ့

သုံးသပ်မှုတွေလည်းရှိနေပါတယ်။

zawgyi

ပင္နယ္ဒို ဆိုတာအဆုံးသတ္သြားၿပီ စီေရာ္နယ္ဒိုျပန္ျဖစ္သြားၿပီဆိုၿပီး ေလွာင္ေျပာင္ခံေနရ

မစ္ဒယ္ဘေရာ့နဲ႔ပြဲမွာ ပင္နယ္တီလြဲေခ်ာ္ခဲ့တဲ့ စီေရာ္နယ္ဒို ကို

ဆိုရွယ္မီဒီယာထက္မွာေလွာင္ေျပာင္မႈေတြအမ်ားႀကီးထြက္ေပၚေနပါတယ္။

အက္ဖ္ေအဖလား စတုတၳအဆင့္အျဖစ္အိုးလ္ထရက္ဖို႔ဒ္မွာ

က်င္းပခဲ့တဲ့ဒီပြဲမွာ မန္ယူဟာ ၇ မိနစ္ကတည္းက

ဆန္ခ်ိဳရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ၆၄ မိနစ္မွေတာ့

မစ္ဒယ္ဘေရာ့ကမက္ခေရာ့ ကဂိုးသြင္းခဲ့လို႔ ၁-၁ သေရက်သြားခဲ့ပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္မိနစ္ ၂၀ မွာစီေရာ္နယ္ဒို ပင္နယ္တီလြဲေခ်ာ္ခဲ့မႈက

မန္ယူကိုၿပိဳင္ပြဲကထြက္ေစခဲ့တဲ့အဓိက အလွည့္အေျပာင္းလို႔ေတာင္ဆိုရပါမယ္။

ဘို႐ိုအသင္းေနာက္ခံလူ ဂ်စ္စတီးလ္ဟာ ေပါ့ဂ္ဘာ ကိုဖ်က္ထုတ္ပုံၾကမ္းတဲ့အတြက္

မိနစ္၂၀ မွာမန္ယူပင္နယ္တီရခဲ့တာပါ။

ဒါကိုအသက္ ၃၆ ႏွစ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုက ကန္သြင္းရာမွာေဘးထြက္ကာ

လြဲေခ်ာ္ခဲ့လို႔ မန္ယူဟာ ၂-၀ ျဖစ္မယ့္အခြင့္အေရးကို ဆုံးရႈံးခဲ့ရတာပါ။

ဒါေၾကာင့္လည္း အေဝးကြင္းလိုက္ပါအားေပးတဲ့

မစ္ဒယ္ဘေရာ့ပရိသတ္ ၉၀၀၀ ေက်ာ္က

ဒီေပၚတူဂီသားကိုကြင္းထဲမွာတင္ေလွာင္ေျပာင္ခဲ့ၾကပါတယ္။

ဒါေၾကာင့္လည္းသူ႔ရဲ႕အံ့အားသင့္ဖို႔ေကာင္းတဲ့လြဲေခ်ာ္မႈကို

ထုံးစံအတိုင္း ဆိုရွယ္မီဒီယာထက္မွာေလွာင္ေျပာင္မႈေတြထြက္ေပၚလာခဲ့ပါတယ္။

သူတို႔ထဲကတစ္ဦးဆိုရင္” ပင္နယ္ဒို ဆိုတာအဆုံးသတ္သြားၿပီကြ။

စီေရာ္နယ္ဒိုျပန္ျဖစ္သြားၿပီ” လို႔ ေရးသားခဲ့ပါတယ္။

ေနာက္တစ္ဦးကလည္း” ပင္နယ္ဒိုဟာ

သူ႔ရဲ႕အေကာင္းဆုံးအစားေသာက္ကိုလြဲေခ်ာ္သြားၿပီ” လို႔ဆိုခဲ့ပါတယ္။

ေနာက္ထပ္ပို႔စ္ေတြမွာ” ဘယ္သူမွ ၁၂ ကိုက္အကြာကေန

ကန္သြင္းမႈကိုမလြဲသင့္ဘူး။ လစာေလွ်ာ့ကြာ”၊

”သူနဲ႔သက္ဆိုင္တဲ့တစ္ခုတည္းေသာအရာကို မလုပ္ႏိုင္ေတာ့တဲ့သူ”၊

” စီေရာ္နယ္ဒိုကိုၾကည့္ၿပီး ရယ္ၾကကြာ” အစရွိသျဖင့္ေရးသားခဲ့ၾကပါတယ္။

ဒီတစ္ႀကိမ္နဲ႔ပါဆိုရင္ စီေရာ္နယ္ဒိုဟာသူ႔ရဲ႕မန္ယူကစားသမားဘဝမွာ

ပြဲခ်ိန္အတြင္းပင္နယ္တီလြဲေခ်ာ္ခဲ့တာ ၄ ႀကိမ္အထိရွိေနၿပီလို႔ သိရပါတယ္။

သူဟာ ၂၀၀၆ တုန္းက ဝီဂန္၊ ၂၀၀၇ မွာ ဝက္စ္ဟမ္း၊ ၂၀၀၈ မွာ

ဘာစီလိုနာတို႔နဲ႔ပြဲေတြမွာ မန္ယူအတြက္ပင္နယ္တီလြဲခဲ့ေသးတာပါ။

၂၀၀၈ တုန္းကခ်ဲလ္ဆီးနဲ႔ရင္ဆိုင္ခဲ့တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ

ပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ေတာ့သူ႔ကန္ခ်က္လြဲေခ်ာ္မႈဟာ

နာမည္ေက်ာ္ခဲ့ေသးတာပါ။

မန္ယူဟာ မစ္ဒယ္ဘေရာ့နဲ႔ပြဲမွာ ေပါ့ဂ္ဘာ၊ ဖာနန္ဒက္စ္အစရွိတဲ့

ပင္နယ္တီအကန္ေကာင္းသူေတြပါဝင္ခဲ့ေပမယ့္ စီေရာ္နယ္ဒိုက

ကန္သြင္းခဲ့တာျဖစ္လို႔ ဖာနန္ဒက္စ္ ကန္သြင္းသင့္တယ္ဆိုတဲ့

သုံးသပ္မႈေတြလည္းရွိေနပါတယ္။