
ပရီးမီးယားလိဂ်(၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့တဲ့ ချယ်လ်ဆီး အသင်းဟာ
ဗီလာကွင်းမှာ (၁-၃) ရလဒ်နဲ့ နိုင်ပွဲရရှိခဲ့ပြီး
အသင်းရဲ့ ရမှတ်ဆုံးရှုံးနေတဲ့ အခြေအနေကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။
ဗီလာပါ့ခ်မှာ ကစားရတဲ့ ဒီပွဲစဉ်ဟာ ချဲလ်ဆီးအတွက်
လွယ်ကူတဲ့နိုင်ပွဲ တစ်ပွဲတော့မဟုတ်ခဲ့ပါဘူး။
ပွဲကစားဖို့(၁)ရက်အလိုမှာ ဗီလာအသင်း နည်းပြ ဂျာရတ်
ကိုဗစ်ကူးစက် ခံထားရလို့ မကြီးကြပ်နိုင်တဲ့ အခြေအနေနဲ့ကြုံခဲ့ရတာကလည်း
ချယ်လ်ဆီး အတွက် နိုင်ပွဲရစေတဲ့အကြောင်းတွေထဲကတစ်ခုလို့ဆိုရမှာပါ။
ဗီလာဟာ သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့
ပွဲထွက်လာပြီး ချယ်လ်ဆီး ကို ရင်ဆိုင်ခဲ့ပါတယ်။
ချယ်လ်ဆီး အသင်းကတော့ တိုက်စစ်မှူးစစ်စစ်မပါဝင်ပဲ
ပူလီဆစ် ကို အထောင်ထားပြီး ပွဲထွက်လာခဲ့ပါတယ်။
ပွဲစကတည်းက ချယ်လ်ဆီးဟာ ဗီလာကို ဖိအားပေး ကစားခဲ့သလို ဂိုးရနိုင်တဲ့
တိုက်စစ်ဆင်နိုင်မှုတွေရှိခဲ့ပေမယ့် ဦးဆောင်ဂိုးရခဲ့တာက အက်စတွန်ဗီလာ အသင်းပါ။
အက်စတွန်ဗီလာ ရရှိခဲ့တဲ့ဂိုးက ပွဲချိန် (၂၈)မိနစ်မှာ
ဗီလာ ကစားသမား တာဂတ်က ဂိုးရှေ့ ဖြတ်တင်ပေးမှုကို
ရီစီဂျိမ်းစ် ခေါင်းတိုက်ရှင်းထုတ်ရာကနေ ကိုယ့်ဂိုးကိုယ်သွင်းယူသွား မိခဲ့တာပါ။
ဂိုးပေးလိုက်ရပြီးနောက်မှာတော့ ချယ်လ်ဆီး အသင်းဟာ ချေပဂိုးရဖို့ ပြန်ကြိုးစားလာခဲ့ပြီး
ထိုးဖောက်တိုက်စစ်ဆင်မှုတွေဟာ ပိုကောင်းလာခဲ့သလို
ဗီလာနောက်တန်းကို ပိုပြီးအခက်တွေ့စေခဲ့ပါတယ်။
ပွဲချိန် (၃၃)မိနစ် အိုဒွိုင်းကို ဗီလာနောက်တန်းက ဂိုးဧရိယာအတွင်းမှာ
ဖြတ်ထုတ်ပုံ ကြမ်းတမ်းခဲ့တာကြောင့် ချယ်လ်ဆီး တို့ ပင်နယ်တီရခဲ့ပြီး
ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိကန်သွင်းခဲ့ပါတယ်။
သည့်နောက်မှာတော့ နှစ်သင်းလုံးဟာ နောက်ထပ် ဂိုးရနိုင်တဲ့အခြေအနေတွေ
မဖန်တီးနိုင်ခဲ့တော့တာကြောင့် ပထမပိုင်းမှာ တဖက်တဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့ကြပါတယ်။
ဒုတိယပိုင်းမှာ ချယ်လ်ဆီး အသင်းဟာ နောက်ခံလူ ချာလိုဘတ်ကို ထုတ်ပြီး
လူကာကူ ကို ထည့်သွင်းကာ တိုက်စစ်မြင့်တင်ဖို့လုပ်ခဲ့ပါတယ်။
တူချယ်လ် ရဲ့လူစာလဲခဲ့တဲ့ နည်းစနစ်ဟာ အလုပ်ဖြစ်ခဲ့ပြီး (၅၆)မိနစ်မှာ
အိုဒွိုင်းရဲ့ ဘယ်တောင်ပံကနေ ဖြတ်တင်ဘောကို
လူကာကူက လှလှပပ ခေါင်းတိုက်သွင်းယူခဲ့ကာ
အသင်းအတွက် ပြန်လည် ဦးဆောင်ဂိုးကိုရခဲ့ပါတယ်။
လူကာကူအတွက်လည်း စက်တင်ဘာလ (၁၁) ရက်နေ့ နောက်ပိုင်းကတည်းက
ပရီမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်နေခဲ့တာကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဗီလာကလည်း ချေပဂိုးပြန်လည်ရရှိဖို့အတွက် ခြေစွမ်းမပြနိုင်တဲ့ ဒန်နီအင့်ကိုထုတ်ပြီး
ချယ်လ်ဆီး ကစားသမားဟောင်း ဘာထရက်ထရာအိုရေးကို ထည်းသွင်းခဲ့သလို
ဝက်ကင်းစ်ကိုလည်း အထောင်တိုက်စစ် နေရာကနေ ပြန်ကစားစေခဲ့ပါတယ်။
လူစားဝင်လာခဲ့တဲ့ ဗီလာရဲ့ ကစားသမားတွေထဲမှာ ချူကွေမီကာကတော့
ချယ်လ်ဆီး ခံစစ်ကို ဖိအားပေးနိုင်ခဲ့ပေမယ့် ဂိုးရနိုင်တဲ့အထိတော့ မဖြစ်ခဲ့ပါဘူး။
ပွဲပြီးခါနီးမှာ မိနစ် ၉၀ ကျော်မှာတော့ ကောင်တာပေါက်လာတဲ့ လူကာကူကို
တာဂတ် က တာဆီးဖို့ကြိုးစားခဲ့ပေမယ့်
လူကာကူရဲ့ ဘော်ဒီကြံခိုင်မှုကို မယှဉ်နိုင်လဲ လဲကျ ကျန်ခဲ့ပါတယ်။
လူကာကူက ဂိုးဧရိယာထဲ ဆွဲဝင်ခဲ့ချိန်မှာတော့ ကွန်ဆာက
နောက်ကနေ လိုက်ပြီးဖျက်ထုတ်ခဲ့လိုက်တာကြောင့်
ဗီလာ အသင်း နောက်တကြိမ် ပင်နယ်တီပေးခဲ့ရပါတယ်။
ရရှိလာတဲ့ ပင်နယ်တီကို ဂျော်ဂျင်ဟိုကပဲ ဂိုးသမားရဲ့ဘယ်ဘက်ခြမ်းကို
ညာခြေနဲကအနိမ့်ကန်သွင်းခဲ့ကာ အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ပါတယ်။
ပွဲပြီးမှာ ချယ်လ်ဆီး ဟာ (၁-၃)ရလဒ်နဲ့ ဗီလာပါ့ခ်မှာ အနိုင် (၃) မှတ် ရရှိသွားခဲ့ပါတယ်။
ပင်နယ်တီတွေမှာ တိုက်စစ်မှူးတွေကို mind game လုပ်နေကြ မာတီနက်ဇ်ဟာလည်း
ပင်နယ်တီ စပါယ်ရှယ်လစ် ဂျော်ဂျင်ဟိုနဲ့အတွေ့မှာတော့
ဘယ်လိုမှ မကာကွယ်နိုင်ခဲ့တော့ပါဘူး။ပွဲပြီး အင်တာဗျူးအစီအစဉ်မှာ
လူကာကူက ချယ်ဆီးအသင်းအနေနဲ့ အခုချိန်ကစပြီး ရာသီကုန်အထိ
ပွဲစဉ်တိုင်းကို ဗိုလ်လုပွဲတွေလိုပဲ သဘောထားနေမှာဖြစ်ပြီး
ပရီမီးယားလိဂ် ဖလားကို ရယူဖို့ လက်မလျှော့ဘူး လို့ ပြောခဲ့ပါတယ်။
zawgyi
ပင္နယ္တီ စပါယ္ရွယ္လစ္နဲ႔ အေတြ႕မွာ mind game မလုပ္ႏိုင္ေတာ့တဲ့ မာတီနက္ဇ္
ပရီးမီးယားလိဂ္(၂)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆုံးေနခဲ့တဲ့ ခ်ယ္လ္ဆီး အသင္းဟာ
ဗီလာကြင္းမွာ (၁-၃) ရလဒ္နဲ႔ ႏိုင္ပြဲရရွိခဲ့ၿပီး
အသင္းရဲ႕ ရမွတ္ဆုံးရႈံးေနတဲ့ အေျခအေနကိုအဆုံးသတ္ႏိုင္ခဲ့ပါတယ္။
ဗီလာပါ့ခ္မွာ ကစားရတဲ့ ဒီပြဲစဥ္ဟာ ခ်ဲလ္ဆီးအတြက္
လြယ္ကူတဲ့ႏိုင္ပြဲ တစ္ပြဲေတာ့မဟုတ္ခဲ့ပါဘူး။
ပြဲကစားဖို႔(၁)ရက္အလိုမွာ ဗီလာအသင္း နည္းျပ ဂ်ာရတ္
ကိုဗစ္ကူးစက္ ခံထားရလို႔ မႀကီးၾကပ္ႏိုင္တဲ့ အေျခအေနနဲ႔ႀကဳံခဲ့ရတာကလည္း
ခ်ယ္လ္ဆီး အတြက္ ႏိုင္ပြဲရေစတဲ့အေၾကာင္းေတြထဲကတစ္ခုလို႔ဆိုရမွာပါ။
ဗီလာဟာ သူတို႔ရဲ႕ အေတာင့္တင္းဆုံး လူစာရင္းနဲ႔
ပြဲထြက္လာၿပီး ခ်ယ္လ္ဆီး ကို ရင္ဆိုင္ခဲ့ပါတယ္။
ခ်ယ္လ္ဆီး အသင္းကေတာ့ တိုက္စစ္မႉးစစ္စစ္မပါဝင္ပဲ
ပူလီဆစ္ ကို အေထာင္ထားၿပီး ပြဲထြက္လာခဲ့ပါတယ္။
ပြဲစကတည္းက ခ်ယ္လ္ဆီးဟာ ဗီလာကို ဖိအားေပး ကစားခဲ့သလို ဂိုးရႏိုင္တဲ့
တိုက္စစ္ဆင္ႏိုင္မႈေတြရွိခဲ့ေပမယ့္ ဦးေဆာင္ဂိုးရခဲ့တာက အက္စတြန္ဗီလာ အသင္းပါ။
အက္စတြန္ဗီလာ ရရွိခဲ့တဲ့ဂိုးက ပြဲခ်ိန္ (၂၈)မိနစ္မွာ
ဗီလာ ကစားသမား တာဂတ္က ဂိုးေရွ႕ ျဖတ္တင္ေပးမႈကို
ရီစီဂ်ိမ္းစ္ ေခါင္းတိုက္ရွင္းထုတ္ရာကေန ကိုယ့္ဂိုးကိုယ္သြင္းယူသြား မိခဲ့တာပါ။
ဂိုးေပးလိုက္ရၿပီးေနာက္မွာေတာ့ ခ်ယ္လ္ဆီး အသင္းဟာ ေခ်ပဂိုးရဖို႔ ျပန္ႀကိဳးစားလာခဲ့ၿပီး
ထိုးေဖာက္တိုက္စစ္ဆင္မႈေတြဟာ ပိုေကာင္းလာခဲ့သလို
ဗီလာေနာက္တန္းကို ပိုၿပီးအခက္ေတြ႕ေစခဲ့ပါတယ္။
ပြဲခ်ိန္ (၃၃)မိနစ္ အိုဒြိဳင္းကို ဗီလာေနာက္တန္းက ဂိုးဧရိယာအတြင္းမွာ
ျဖတ္ထုတ္ပုံ ၾကမ္းတမ္းခဲ့တာေၾကာင့္ ခ်ယ္လ္ဆီး တို႔ ပင္နယ္တီရခဲ့ၿပီး
ေဂ်ာ္ဂ်င္ဟိုက အမွားအယြင္းမရွိကန္သြင္းခဲ့ပါတယ္။
သည့္ေနာက္မွာေတာ့ ႏွစ္သင္းလုံးဟာ ေနာက္ထပ္ ဂိုးရႏိုင္တဲ့အေျခအေနေတြ
မဖန္တီးႏိုင္ခဲ့ေတာ့တာေၾကာင့္ ပထမပိုင္းမွာ တဖက္တဂိုးစီ သေရနဲ႔ ၿပီးဆုံးခဲ့ၾကပါတယ္။
ဒုတိယပိုင္းမွာ ခ်ယ္လ္ဆီး အသင္းဟာ ေနာက္ခံလူ ခ်ာလိုဘတ္ကို ထုတ္ၿပီး
လူကာကူ ကို ထည့္သြင္းကာ တိုက္စစ္ျမင့္တင္ဖို႔လုပ္ခဲ့ပါတယ္။
တူခ်ယ္လ္ ရဲ႕လူစာလဲခဲ့တဲ့ နည္းစနစ္ဟာ အလုပ္ျဖစ္ခဲ့ၿပီး (၅၆)မိနစ္မွာ
အိုဒြိဳင္းရဲ႕ ဘယ္ေတာင္ပံကေန ျဖတ္တင္ေဘာကို
လူကာကူက လွလွပပ ေခါင္းတိုက္သြင္းယူခဲ့ကာ အသင္းအတြက္ ျပန္လည္ ဦးေဆာင္ဂိုးကိုရခဲ့ပါတယ္။
လူကာကူအတြက္လည္း စက္တင္ဘာလ (၁၁) ရက္ေန႔ ေနာက္ပိုင္းကတည္းက
ပရီမီးယားလိဂ္မွာ ဂိုးေပါက္ေပ်ာက္ေနခဲ့တာကို အဆုံးသတ္ႏိုင္ခဲ့ပါတယ္။
ဗီလာကလည္း ေခ်ပဂိုးျပန္လည္ရရွိဖို႔အတြက္ ေျခစြမ္းမျပႏိုင္တဲ့ ဒန္နီအင့္ကိုထုတ္ၿပီး
ခ်ယ္လ္ဆီး ကစားသမားေဟာင္း ဘာထရက္ထရာအိုေရးကို ထည္းသြင္းခဲ့သလို
ဝက္ကင္းစ္ကိုလည္း အေထာင္တိုက္စစ္ ေနရာကေန ျပန္ကစားေစခဲ့ပါတယ္။
လူစားဝင္လာခဲ့တဲ့ ဗီလာရဲ႕ ကစားသမားေတြထဲမွာ ခ်ဴေကြမီကာကေတာ့
ခ်ယ္လ္ဆီး ခံစစ္ကို ဖိအားေပးႏိုင္ခဲ့ေပမယ့္ ဂိုးရႏိုင္တဲ့အထိေတာ့ မျဖစ္ခဲ့ပါဘူး။
ပြဲၿပီးခါနီးမွာ မိနစ္ ၉၀ ေက်ာ္မွာေတာ့ ေကာင္တာေပါက္လာတဲ့ လူကာကူကို
တာဂတ္ က တာဆီးဖို႔ႀကိဳးစားခဲ့ေပမယ့္
လူကာကူရဲ႕ ေဘာ္ဒီႀကံခိုင္မႈကို မယွဥ္ႏိုင္လဲ လဲက် က်န္ခဲ့ပါတယ္။
လူကာကူက ဂိုးဧရိယာထဲ ဆြဲဝင္ခဲ့ခ်ိန္မွာေတာ့ ကြန္ဆာက
ေနာက္ကေန လိုက္ၿပီးဖ်က္ထုတ္ခဲ့လိုက္တာေၾကာင့္
ဗီလာ အသင္း ေနာက္တႀကိမ္ ပင္နယ္တီေပးခဲ့ရပါတယ္။
ရရွိလာတဲ့ ပင္နယ္တီကို ေဂ်ာ္ဂ်င္ဟိုကပဲ ဂိုးသမားရဲ႕ဘယ္ဘက္ျခမ္းကို
ညာေျခနဲကအနိမ့္ကန္သြင္းခဲ့ကာ အေကာင္းဆုံးအဆုံးသတ္ႏိုင္ခဲ့ပါတယ္။
ပြဲၿပီးမွာ ခ်ယ္လ္ဆီး ဟာ (၁-၃)ရလဒ္နဲ႔ ဗီလာပါ့ခ္မွာ အႏိုင္ (၃) မွတ္ ရရွိသြားခဲ့ပါတယ္။
ပင္နယ္တီေတြမွာ တိုက္စစ္မႉးေတြကို mind game လုပ္ေနၾက မာတီနက္ဇ္ဟာလည္း
ပင္နယ္တီ စပါယ္ရွယ္လစ္ ေဂ်ာ္ဂ်င္ဟိုနဲ႔အေတြ႕မွာေတာ့
ဘယ္လိုမွ မကာကြယ္ႏိုင္ခဲ့ေတာ့ပါဘူး။ပြဲၿပီး အင္တာဗ်ဴးအစီအစဥ္မွာ
လူကာကူက ခ်ယ္ဆီးအသင္းအေနနဲ႔ အခုခ်ိန္ကစၿပီး ရာသီကုန္အထိ
ပြဲစဥ္တိုင္းကို ဗိုလ္လုပြဲေတြလိုပဲ သေဘာထားေနမွာျဖစ္ၿပီး
ပရီမီးယားလိဂ္ ဖလားကို ရယူဖို႔ လက္မေလွ်ာ့ဘူး လို႔ ေျပာခဲ့ပါတယ္။