ပင်နယ်တီရလိုက်တာက VAR က ဘယ်လောက်ကောင်းလဲဆိုတာပါပဲ – အာတီတာ

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ပွဲဆက်တိုက် သရေရလဒ်တွေသာ

ရရှိခဲ့တာကြောင့် နိုင်ပွဲတွေ ရရှိဖို့ လိုအပ်နေတဲ့ အာဆင်နယ်အသင်းဟာ

ပရီးမီးယားလိဂ် ပွဲစဉ်(၉) အဖြစ် ဗီလာအသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ

ဧည့်ခံကစားခဲ့ရာမှာတော့ အသင်းရဲ့ လူငယ်ကြယ်ပွင့် စမစ်ရိုဝီရဲ့

ခြေစွမ်းကောင်းတွေနဲ့ အတူ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

ဗီလာအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့

ခြေစွမ်းဟာ အပိုအလို မရှိခဲ့ဘဲ ယခုနှစ် ဘောလုံးရာသီရဲ့ အကောင်းဆုံး

ခြေစွမ်း အဖြစ် သတ်မှတ်လို့ရပြီး အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ

အာတီတာကလည်း ဗီလာနဲ့ပွဲက ခြေစွမ်းဟာ သူ မြင်ချင်တဲ့ အာဆင်နယ်အသင်းရဲ့

ပုံစံပါလို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

” လူငယ်ကစားသမားတွေကခြေစွမ်းပိုင်းမှာ တည်ငြိမ်မှုရှိဖို့ လိုပါတယ်။

အတွေ့အကြုံနဲ့ ရင့်ကျက်မှုကနေ ဒီလို အနေအထားတွေ ရောက်လာပါလိမ့်မယ်။

အခုကိုပဲ ဒီလို အနေအထားတွေ မြင်လာရပါပြီ။ အခုပွဲမှာ လူငယ်ကစားသမားတွေက

သူတို့ ဘာလုပ်နိုင်တယ်ဆိုတာကို ပြသခဲ့တာပါပဲ။”

“သူတို့တွေ ကစားခဲ့ကြတဲ့ ပုံစံအတွက် တကယ်ကို အထင်ကြီးမိပါတယ်။

ပင်နယ်တီရလိုက်တာက VAR က ဘယ်လောက်ကောင်းလဲဆိုတာပါပဲ။

ကွင်းလယ်ဒိုင်လူကြီးက အဲဒါကို မမြင်ပါဘူး။ VAR က ပြင်ဆင်

ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ပါတယ် ” လို့ အာတီတာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

zawgyi

ပင္နယ္တီရလိုက္တာက VAR က ဘယ္ေလာက္ေကာင္းလဲဆိုတာပါပဲ – အာတီတာ

ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၂ပြဲဆက္တိုက္ သေရရလဒ္ေတြသာ

ရရွိခဲ့တာေၾကာင့္ ႏိုင္ပြဲေတြ ရရွိဖို႔ လိုအပ္ေနတဲ့ အာဆင္နယ္အသင္းဟာ

ပရီးမီးယားလိဂ္ ပြဲစဥ္(၉) အျဖစ္ ဗီလာအသင္းကို အိမ္ကြင္း အမ္းမရိတ္မွာ

ဧည့္ခံကစားခဲ့ရာမွာေတာ့ အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ စမစ္႐ိုဝီရဲ႕

ေျခစြမ္းေကာင္းေတြနဲ႔ အတူ ၃-၁ ဆိုတဲ့ ရလဒ္နဲ႔ ဂိုးျပတ္ အႏိုင္ရရွိခဲ့ပါတယ္။

ဗီလာအသင္းကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အာဆင္နယ္အသင္းရဲ႕

ေျခစြမ္းဟာ အပိုအလို မရွိခဲ့ဘဲ ယခုႏွစ္ ေဘာလုံးရာသီရဲ႕ အေကာင္းဆုံး

ေျခစြမ္း အျဖစ္ သတ္မွတ္လို႔ရၿပီး အာဆင္နယ္အသင္းရဲ႕ နည္းျပျဖစ္သူ

အာတီတာကလည္း ဗီလာနဲ႔ပြဲက ေျခစြမ္းဟာ သူ ျမင္ခ်င္တဲ့ အာဆင္နယ္အသင္းရဲ႕

ပုံစံပါလို႔ ပြဲအၿပီးမွာ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

” လူငယ္ကစားသမားေတြကေျခစြမ္းပိုင္းမွာ တည္ၿငိမ္မႈရွိဖို႔ လိုပါတယ္။

အေတြ႕အႀကဳံနဲ႔ ရင့္က်က္မႈကေန ဒီလို အေနအထားေတြ ေရာက္လာပါလိမ့္မယ္။

အခုကိုပဲ ဒီလို အေနအထားေတြ ျမင္လာရပါၿပီ။ အခုပြဲမွာ လူငယ္ကစားသမားေတြက

သူတို႔ ဘာလုပ္ႏိုင္တယ္ဆိုတာကို ျပသခဲ့တာပါပဲ။”

“သူတို႔ေတြ ကစားခဲ့ၾကတဲ့ ပုံစံအတြက္ တကယ္ကို အထင္ႀကီးမိပါတယ္။

ပင္နယ္တီရလိုက္တာက VAR က ဘယ္ေလာက္ေကာင္းလဲဆိုတာပါပဲ။

ကြင္းလယ္ဒိုင္လူႀကီးက အဲဒါကို မျမင္ပါဘူး။ VAR က ျပင္ဆင္

ဆုံးျဖတ္ေပးခဲ့တာ ျဖစ္ပါတယ္ ” လို႔ အာတီတာက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။