
လက်စတာက လီဗာပူးကို ၁-၀ နဲ့နိုင်ခဲ့တဲ့ပွဲမှာ ဆာလာ ပင်နယ်တီလွဲခဲ့မှုဟာ
လီဗာပူးအသင်းကိုအများကြီးနစ်နာစေခဲ့ပါတယ်။
ဆာလာ လွဲချော်ခဲ့မှုမှာ ကာကွယ်မှုလုပ်နိုင်ခဲ့တဲ့ ဂိုးသမား ကက်စ်ပါရှမိုက်ကယ်သာမက
လက်စတာကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆန်ရဲ့ အားထုတ်မှုကလည်း
အရေးပါခဲ့ပါတယ်။ အီဂျစ်လက်ရွေးစင်ဖြစ်တဲ့ ဆာလာဟာ
ပင်နယ်တီကန်သွင်းမှုမှတ်တမ်းကောင်းမွန်သူဖြစ်ပြီး လက်စတာနဲ့ပွဲမတိုင်ခင်မှာ
လီဗာပူးအတွက်ပင်နယ်တီအကြိမ် ၂၀ ကန်ခဲ့ပြီး ၂ ကြိမ်သာလွဲခဲ့တာပါ။
သူ့ကစားသမားဘဝတစ်လျှောက်ကြည့်မယ်ဆိုရင် ဆာလာဟာ
ပင်နယ်တီလွဲချော်မှုပေါင်း ၅ ကြိမ်သာရှိသေးခဲ့တာပါ။
ပထမပိုင်းမှာဆာလာ ဟာလက်စတာနောက်ခံလူ အန်ဒီဒီရဲ့ဖျက်ထုတ်ခြင်းကိုခံခဲ့ရပြီး
လီဗာပူးလည်းပင်နယ်တီရခဲ့ပါတယ်။ ဒါကို ဆာလာကကန်သွင်းရာမှာ
ရှမိုက်ကယ်ကာကွယ်နိုင်ခဲ့ပြီး ပြန်ထွက်လာတဲ့ဘောလုံးကိုသူကဘဲ
ခေါင်းတိုက်ခဲ့ပေမယ့် ဘားတန်းထိပြီးထွက်ခဲ့တာပါ။ ဒါကြောင့်လည်း
လီဗာပူးနစ်နာခဲ့ရပြီးပွဲအဖြေကိုလည်းအလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။
ဒီပင်နယ်တီမကန်ခင်မှာ မက်ဒီဆန်က ဆာလာအနားကိုကပ်ပြီး
စကားပြောဆိုမှုလုပ်ခဲ့တာကို ရုပ်သံအနှေးပြကွက်တွေမှာတွေ့ခဲ့ရပါတယ်။
သူဘာပြောခဲ့သလဲဆိုတာမသိရပေမယ့် မက်ဒီဆန်ကြောင့်
ဆာလာစိတ်အနှောင့်အယှက်ဖြစ်ခဲ့တာကတော့သေချာခဲ့ပါတယ်။
ဒါကြောင့်လည်း မက်ဒီဆန်ကို တုန့်ပြန်ခြင်းမရှိခဲ့တဲ့ လီဗာပူးကစားသမားတွေကို
ဆိုရှယ်မီဒီယာအသုံးပြုသူတွေကဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပွဲအပြီးမှာ လီဗာပူးနည်းပြ ကလော့ပ်က
ဆာလာကို စိတ်ဝေဝါးအောင် မက်ဒီဆန် လုပ်ခဲ့တာသေချာတယ်လို့ ပြောသွားပါတယ်။
ကလော့ပ်” ဆာလာကို မက်ဒီဆန်က တစ်ခုခုပြောလိုက်တာသေချာတာပေါ့။
ဒါပေမယ့်လူတိုင်းကတော့ ဒီလိုမျိုးကြိုးစားကြမှာဖြစ်လို့ ပြဿနာတော့မရှိပါဘူး။
ဆာလာဟာ ပုံမှန်အားဖြင့်ပင်နယ်တီဝင်နေကျဖြစ်ပေမယ့် ဒီကနေ့မှာတော့
သူမဝင်ခဲ့ပါဘူး။ ဒါဟာတစ်ပွဲလုံးစာအတွက်ဖြစ်ခဲ့ပေမယ့် ဆာလာဟာအသင်းရဲ
အစိတ်အပိုင်းဖြစ်ပြီး အသင်းကပိုကောင်းအောင်ကစားနိုင်ရင်
ဆာလာလည်းပိုကောင်းမှာပေါ့” လို့ပြောသွားပါတယ်။
zawgyi
ပင္နယ္တီမဝင္ေအာင္ ဆာလာကို စိတ္ေဝဝါးေအာင္ မက္ဒီဆန္ လုပ္ခဲ့တာ ေသခ်ာတယ္
လက္စတာက လီဗာပူးကို ၁-၀ နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ ဆာလာ ပင္နယ္တီလြဲခဲ့မႈဟာ
လီဗာပူးအသင္းကိုအမ်ားႀကီးနစ္နာေစခဲ့ပါတယ္။
ဆာလာ လြဲေခ်ာ္ခဲ့မႈမွာ ကာကြယ္မႈလုပ္ႏိုင္ခဲ့တဲ့ ဂိုးသမား ကက္စ္ပါရွမိုက္ကယ္သာမက
လက္စတာကြင္းလယ္လူ ဂ်ိမ္းစ္မက္ဒီဆန္ရဲ႕ အားထုတ္မႈကလည္း
အေရးပါခဲ့ပါတယ္။ အီဂ်စ္လက္ေ႐ြးစင္ျဖစ္တဲ့ ဆာလာဟာ
ပင္နယ္တီကန္သြင္းမႈမွတ္တမ္းေကာင္းမြန္သူျဖစ္ၿပီး လက္စတာနဲ႔ပြဲမတိုင္ခင္မွာ
လီဗာပူးအတြက္ပင္နယ္တီအႀကိမ္ ၂၀ ကန္ခဲ့ၿပီး ၂ ႀကိမ္သာလြဲခဲ့တာပါ။
သူ႔ကစားသမားဘဝတစ္ေလွ်ာက္ၾကည့္မယ္ဆိုရင္ ဆာလာဟာ
ပင္နယ္တီလြဲေခ်ာ္မႈေပါင္း ၅ ႀကိမ္သာရွိေသးခဲ့တာပါ။
ပထမပိုင္းမွာဆာလာ ဟာလက္စတာေနာက္ခံလူ အန္ဒီဒီရဲ႕ဖ်က္ထုတ္ျခင္းကိုခံခဲ့ရၿပီး
လီဗာပူးလည္းပင္နယ္တီရခဲ့ပါတယ္။ ဒါကို ဆာလာကကန္သြင္းရာမွာ
ရွမိုက္ကယ္ကာကြယ္ႏိုင္ခဲ့ၿပီး ျပန္ထြက္လာတဲ့ေဘာလုံးကိုသူကဘဲ
ေခါင္းတိုက္ခဲ့ေပမယ့္ ဘားတန္းထိၿပီးထြက္ခဲ့တာပါ။ ဒါေၾကာင့္လည္း
လီဗာပူးနစ္နာခဲ့ရၿပီးပြဲအေျဖကိုလည္းအလွည့္အေျပာင္းျဖစ္ေစခဲ့ပါတယ္။
ဒီပင္နယ္တီမကန္ခင္မွာ မက္ဒီဆန္က ဆာလာအနားကိုကပ္ၿပီး
စကားေျပာဆိုမႈလုပ္ခဲ့တာကို ႐ုပ္သံအေႏွးျပကြက္ေတြမွာေတြ႕ခဲ့ရပါတယ္။
သူဘာေျပာခဲ့သလဲဆိုတာမသိရေပမယ့္ မက္ဒီဆန္ေၾကာင့္
ဆာလာစိတ္အေႏွာင့္အယွက္ျဖစ္ခဲ့တာကေတာ့ေသခ်ာခဲ့ပါတယ္။
ဒါေၾကာင့္လည္း မက္ဒီဆန္ကို တုန႔္ျပန္ျခင္းမရွိခဲ့တဲ့ လီဗာပူးကစားသမားေတြကို
ဆိုရွယ္မီဒီယာအသုံးျပဳသူေတြကေဝဖန္မႈေတြျပဳလုပ္ခဲ့ၾကပါတယ္။
ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ပြဲအၿပီးမွာ လီဗာပူးနည္းျပ ကေလာ့ပ္က
ဆာလာကို စိတ္ေဝဝါးေအာင္ မက္ဒီဆန္ လုပ္ခဲ့တာေသခ်ာတယ္လို႔ ေျပာသြားပါတယ္။
ကေလာ့ပ္” ဆာလာကို မက္ဒီဆန္က တစ္ခုခုေျပာလိုက္တာေသခ်ာတာေပါ့။
ဒါေပမယ့္လူတိုင္းကေတာ့ ဒီလိုမ်ိဳးႀကိဳးစားၾကမွာျဖစ္လို႔ ျပႆနာေတာ့မရွိပါဘူး။
ဆာလာဟာ ပုံမွန္အားျဖင့္ပင္နယ္တီဝင္ေနက်ျဖစ္ေပမယ့္ ဒီကေန႔မွာေတာ့
သူမဝင္ခဲ့ပါဘူး။ ဒါဟာတစ္ပြဲလုံးစာအတြက္ျဖစ္ခဲ့ေပမယ့္ ဆာလာဟာအသင္းရဲ
အစိတ္အပိုင္းျဖစ္ၿပီး အသင္းကပိုေကာင္းေအာင္ကစားႏိုင္ရင္
ဆာလာလည္းပိုေကာင္းမွာေပါ့” လို႔ေျပာသြားပါတယ္။