
ဘိုင်ယန်ကို ၃-၂ နဲ့ရှုံးခဲ့တဲ့ပွဲမှာ ဒေ့ါမန်ကို ပင်နယ်တီမပေးခဲ့တာနဲ့ပတ်သက်လို့
တိုက်စစ်မှုးဟာလန်းဟာ ကွင်းလယ်ဒိုင်ဇွာယာကို ဒေါသထွက်နေပါတယ်။
ဘွန်ဒက်စ်လီဂါထိပ်ဆုံးနှစ်သင်းတွေ့ကြတဲ့အဲဒီပွဲမှာ ဒေါ့မန်ဟာ
ပင်နယ်တီတောင်းမှု ၂ ကြိမ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ၂ ကြိမ်စလုံးကို
ကွင်းလယ်လယ်ဒိုင်ဇွာယာက ငြင်းဆန်ခဲ့ပြီး အငြင်းပွားစရာအဖြစ်ဆုံးက
ပင်နယ်တီဧရိယာထဲမှာ ဘိုင်ယန်နောက်ခံလူလူးကပ်ဟာနန်ဒက်စ်ဇ်ကြောင့်
ဒေ့ါမန်တောင်ပံကစားသမားမာကိုရူးစ်လဲကျသွားခဲ့တာပါ။
အဲဒါနဲ့ပတ်သက်လို့ ဟာလန်းက”ဒိုင်လူကြီးအကြောင်းပြောမယ်ဆိုရင်တော့
တမင်ညစ်တာလို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့ VAR မကြည့်တာလဲလို့
ကျွန်တော် သူ့ကို မေးတော့ ကြည့်စရာမလိုဘူးလို့ သူပြန်ပြောပါတယ်။
အခုတော့ ကိုယ့်စိတ်ကိုယ်နည်းနည်းလျှော့ထားရယ်။
သူက စိတ်ကြီးဝင်နေတာဆိုတော့ ကျွန်တော်ဘာမှ ထပ်မပြောတော့ပါဘူး”လို့
ဟာလန်းက ဆိုခဲ့ပါတယ်။ အဲဒီပွဲမှာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေကို
အပြင်းအထန်စောဒက်တက်ခဲ့တဲ့ ဒေါ့မန်နည်းပြမာကိုရို့စ်လည်း ထုတ်ပယ်ခံခဲ့ရပါတယ်။
ဒေါ့မန်ကသာ ပင်နယ်တီတွေငြင်းဆန်ခံခဲ့ရပေမယ့် ဘိုင်ယန်ကတော့
အဲဒီပွဲမှာ လီဝန်ဒေါစကီးသွင်းတဲ့ပင်နယ်တီအနိုင်ဂိုးရသွားခဲ့တာပါ။
အဲဒါကြောင့်လည်း ဒေါ့မန်ကွင်းလယ်လူဘယ်လင်ဂမ်က”အရင်တုန်းက လုပ်ပွဲလုပ်ဖူးတဲ့
ဒိုင်တစ်ယောက်ကို ကိုင်ခိုင်းတယ်ဆိုတော့ ဂျာမနီက အကြီးဆုံးပွဲမှာ
ဘာမှကို မျှော်လင့်ရမှာတုန်း”လို့ စွပ်စွဲခဲ့ပါတယ်။
အဲဒီပွဲက ဒိုင်ဟာ ၂၀၀၅ က လုပ်ပွဲအရှုပ်တော်ပုံတစ်ခုမှာ ပါဝင်ပတ်သက်ခဲ့ဖူးပါတယ်။
zawgyi
ပင္နယ္တီမရလို႔ တင္းေနတဲ့ ဟာလန္း
ဘိုင္ယန္ကို ၃-၂ နဲ႔ရႈံးခဲ့တဲ့ပြဲမွာ ေဒ့ါမန္ကို ပင္နယ္တီမေပးခဲ့တာနဲ႔ပတ္သက္လို႔
တိုက္စစ္မႈးဟာလန္းဟာ ကြင္းလယ္ဒိုင္ဇြာယာကို ေဒါသထြက္ေနပါတယ္။
ဘြန္ဒက္စ္လီဂါထိပ္ဆုံးႏွစ္သင္းေတြ႕ၾကတဲ့အဲဒီပြဲမွာ ေဒါ့မန္ဟာ
ပင္နယ္တီေတာင္းမႈ ၂ ႀကိမ္ရွိခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီ ၂ ႀကိမ္စလုံးကို
ကြင္းလယ္လယ္ဒိုင္ဇြာယာက ျငင္းဆန္ခဲ့ၿပီး အျငင္းပြားစရာအျဖစ္ဆုံးက
ပင္နယ္တီဧရိယာထဲမွာ ဘိုင္ယန္ေနာက္ခံလူလူးကပ္ဟာနန္ဒက္စ္ဇ္ေၾကာင့္
ေဒ့ါမန္ေတာင္ပံကစားသမားမာကို႐ူးစ္လဲက်သြားခဲ့တာပါ။
အဲဒါနဲ႔ပတ္သက္လို႔ ဟာလန္းက”ဒိုင္လူႀကီးအေၾကာင္းေျပာမယ္ဆိုရင္ေတာ့
တမင္ညစ္တာလို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဘာလို႔ VAR မၾကည့္တာလဲလို႔
ကြၽန္ေတာ္ သူ႔ကို ေမးေတာ့ ၾကည့္စရာမလိုဘူးလို႔ သူျပန္ေျပာပါတယ္။
အခုေတာ့ ကိုယ့္စိတ္ကိုယ္နည္းနည္းေလွ်ာ့ထားရယ္။
သူက စိတ္ႀကီးဝင္ေနတာဆိုေတာ့ ကြၽန္ေတာ္ဘာမွ ထပ္မေျပာေတာ့ပါဘူး”လို႔
ဟာလန္းက ဆိုခဲ့ပါတယ္။ အဲဒီပြဲမွာ ဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ေတြကို
အျပင္းအထန္ေစာဒက္တက္ခဲ့တဲ့ ေဒါ့မန္နည္းျပမာကို႐ို႕စ္လည္း ထုတ္ပယ္ခံခဲ့ရပါတယ္။
ေဒါ့မန္ကသာ ပင္နယ္တီေတြျငင္းဆန္ခံခဲ့ရေပမယ့္ ဘိုင္ယန္ကေတာ့
အဲဒီပြဲမွာ လီဝန္ေဒါစကီးသြင္းတဲ့ပင္နယ္တီအႏိုင္ဂိုးရသြားခဲ့တာပါ။
အဲဒါေၾကာင့္လည္း ေဒါ့မန္ကြင္းလယ္လူဘယ္လင္ဂမ္က”အရင္တုန္းက လုပ္ပြဲလုပ္ဖူးတဲ့
ဒိုင္တစ္ေယာက္ကို ကိုင္ခိုင္းတယ္ဆိုေတာ့ ဂ်ာမနီက အႀကီးဆုံးပြဲမွာ
ဘာမွကို ေမွ်ာ္လင့္ရမွာတုန္း”လို႔ စြပ္စြဲခဲ့ပါတယ္။
အဲဒီပြဲက ဒိုင္ဟာ ၂၀၀၅ က လုပ္ပြဲအရႈပ္ေတာ္ပုံတစ္ခုမွာ ပါဝင္ပတ္သက္ခဲ့ဖူးပါတယ္။