
ချဲလ်ဆီးကွင်းလယ်လူဂျော်ဂျင်ဟိုဟာ ပြက္ခဒိန်တစ်နှစ်တာအတွင်း
ပင်နယ်တီသွင်းဂိုးအများဆုံးဆိုတဲ့ ပရီးမီးယားလိဂ်စံချိန်မှတ်တမ်းကို ချိုးဖျက်နိုင်ခဲ့ပါတယ်။
အသက် ၃၀ အရွယ် အဲဒီအီတလီလက်ရွေးစင်ဟာ
ချဲလ်ဆီးရဲ့ဦးစားပေးပင်နယ်တီကန်သွင်းသူဖြစ်ပြီး
ပရီးမီးယားလိဂ်က ဒီတစ်နှစ်လုံးမှာလည်း လွဲချော်တယ်ဆိုတာ မရှိသလောက်ပါပဲ။
ဘောက်ဆင်ဒေးပွဲစဉ်မှာ ဗီလာကို ၃-၁ နဲ့ အနိုင်ရခဲ့တော့ ဂျော်ဂျင်ဟိုဟာ
ပင်နယ်တီကနေ ၂ ဂိုးသွင်းပြီး သူ့အသင်းနိုင်ပွဲပြန်ရှာတွေ့အောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဂျော်ဂျင်ဟိုဟာ အဲဒီပွဲမှာ ၂၀၂၁ အတွင်းက သူ့ရဲ့ပရီးမီးယားလိဂ် ၉ လုံးမြောက်နဲ့
၁၀ လုံးမြောက်ပင်နယ်တီဂိုးတွေသွင်းနိုင်ခဲ့တာဖြစ်ပြီး
အဲဒါဟာ စံချိန်သစ်တစ်ခုဖြစ်သွားတာပါ။
ပြက္ခဒိန်တစ်နှစ်တာအတွင်း ပရီးမီးယားလိဂ်မှာ ဘယ်ကစားသမားကမှ
ပင်နယ်တီကနေ ၁၀ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
ဒါ့အပြင် ဂျော်ဂျင်ဟိုဟာ ၂၀၂၁ အတွင်း ပရီးမီးယားလိဂ်မှာ
ရတဲ့ပင်နယ်တီ ၁၀ ကြိမ်ကို ၁၀ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။
ဒီပင်နယ်တီဂိုးတွေကြောင့် ဂျော်ဂျင်ဟိုဟာ ပရီးမီးယားလိဂ်ရဲ့အရင်ပင်နယ်တီစံချိန်ရှင်တွေဖြစ်တဲ့
လီတစ်ဆီယာနဲ့ စတီဗင်ဂျရတ်တို့ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
၁၉၉၄ က ဆောက်သမ်တန်ကစားသမားဟောင်း လီတစ်ဆီယာနဲ့
၂၀၁၄ က လီဗာပူးအသင်းခေါင်းဆောင်ဟောင်းဂျရတ်တို့ဟာ
၉ ဂိုးစီနဲ့ ပရီးမီးယားလိဂ်ပင်နယ်တီစံချိန်တင်ထားတာပါ။
အဲဒီပင်နယ်တီဂိုးတွေကြောင့်ပဲ ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက
ချဲလ်ဆီးရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့သလို
ဒီရာသီမှာလည်း လက်ရှိအချိန်ထိ ချဲလ်ဆီးရဲ့ဂိုးအများဆုံးသွင်းသူဖြစ်နေပါတယ်။
zawgyi
ပင္နယ္တီစံခ်ိန္မွတ္တမ္းသစ္နဲ႔ ဂိုးသြင္းရွင္ေဂ်ာ္ဂ်င္ဟို
ခ်ဲလ္ဆီးကြင္းလယ္လူေဂ်ာ္ဂ်င္ဟိုဟာ ျပကၡဒိန္တစ္ႏွစ္တာအတြင္း
ပင္နယ္တီသြင္းဂိုးအမ်ားဆုံးဆိုတဲ့ ပရီးမီးယားလိဂ္စံခ်ိန္မွတ္တမ္းကို ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။
အသက္ ၃၀ အ႐ြယ္ အဲဒီအီတလီလက္ေ႐ြးစင္ဟာ
ခ်ဲလ္ဆီးရဲ႕ဦးစားေပးပင္နယ္တီကန္သြင္းသူျဖစ္ၿပီး
ပရီးမီးယားလိဂ္က ဒီတစ္ႏွစ္လုံးမွာလည္း လြဲေခ်ာ္တယ္ဆိုတာ မရွိသေလာက္ပါပဲ။
ေဘာက္ဆင္ေဒးပြဲစဥ္မွာ ဗီလာကို ၃-၁ နဲ႔ အႏိုင္ရခဲ့ေတာ့ ေဂ်ာ္ဂ်င္ဟိုဟာ
ပင္နယ္တီကေန ၂ ဂိုးသြင္းၿပီး သူ႔အသင္းႏိုင္ပြဲျပန္ရွာေတြ႕ေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။
ေဂ်ာ္ဂ်င္ဟိုဟာ အဲဒီပြဲမွာ ၂၀၂၁ အတြင္းက သူ႔ရဲ႕ပရီးမီးယားလိဂ္ ၉ လုံးေျမာက္နဲ႔
၁၀ လုံးေျမာက္ပင္နယ္တီဂိုးေတြသြင္းႏိုင္ခဲ့တာျဖစ္ၿပီး
အဲဒါဟာ စံခ်ိန္သစ္တစ္ခုျဖစ္သြားတာပါ။
ျပကၡဒိန္တစ္ႏွစ္တာအတြင္း ပရီးမီးယားလိဂ္မွာ ဘယ္ကစားသမားကမွ
ပင္နယ္တီကေန ၁၀ ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။
ဒါ့အျပင္ ေဂ်ာ္ဂ်င္ဟိုဟာ ၂၀၂၁ အတြင္း ပရီးမီးယားလိဂ္မွာ
ရတဲ့ပင္နယ္တီ ၁၀ ႀကိမ္ကို ၁၀ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာပါ။
ဒီပင္နယ္တီဂိုးေတြေၾကာင့္ ေဂ်ာ္ဂ်င္ဟိုဟာ ပရီးမီးယားလိဂ္ရဲ႕အရင္ပင္နယ္တီစံခ်ိန္ရွင္ေတြျဖစ္တဲ့
လီတစ္ဆီယာနဲ႔ စတီဗင္ဂ်ရတ္တို႔ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။
၁၉၉၄ က ေဆာက္သမ္တန္ကစားသမားေဟာင္း လီတစ္ဆီယာနဲ႔
၂၀၁၄ က လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္းဂ်ရတ္တို႔ဟာ
၉ ဂိုးစီနဲ႔ ပရီးမီးယားလိဂ္ပင္နယ္တီစံခ်ိန္တင္ထားတာပါ။
အဲဒီပင္နယ္တီဂိုးေတြေၾကာင့္ပဲ ေဂ်ာ္ဂ်င္ဟိုဟာ ၿပီးခဲ့တဲ့ရာသီက
ခ်ဲလ္ဆီးရဲ႕ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့သလို
ဒီရာသီမွာလည္း လက္ရွိအခ်ိန္ထိ ခ်ဲလ္ဆီးရဲ႕ဂိုးအမ်ားဆုံးသြင္းသူျဖစ္ေနပါတယ္။