ပင်နယ်တီကာကွယ်ပေးခဲ့ပြီးနောက် ဘယ်လ်ဂျီယံဂိုးသမား အာနီအီစပဲလ် ကွင်းအတွင်းရုတ်တရက်လဲကျသေဆုံးသွား

ဘယ်လ်ဂျီယံဂိုးသမား အာနီအီစပဲလ်ဟာ ပင်နယ်တီကယ်တင်ခဲ့ပြီး

ခဏအကြာမှာကွင်းအတွင်း ရုတ်တရက်လဲကျသေဆုံးသွားခဲ့တယ်လို့

The Guardian သတင်းစာက ဖော်ပြလိုက်ပါတယ်။ အသက် ၂၅နှစ်အရွယ်

ဂိုးသမားဟာ ဘယ်လ်ဂျီယံရှိ West Brabant ရဲ့ ဒုတိယတန်းဖြစ်တဲ့

Winkel Sport B မှာကစားနေသူဖြစ်တယ်။ ပြိုင်ဘက်အသင်း ပင်နယ်တီမရခင်မှာ

အာနီအီစပဲလ်ရဲ့အသင်းက ပြိုင်ဘက်ဝက်စထရိုဇီဘီကီကို ၂-၁ ဂိုးနဲ့အနိုင်ရနေခဲ့တာပါ။

ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြချက်မှာတော့ အီစပဲလ်ဟာ အခင်းမဖြစ်ပွားခင်မှာ

ပင်နယ်တီကိုကာကွယ်နိုင်ခဲ့ပြီးမှ မြေပြင်ပေါ်လဲကျသွားခဲ့တယ်လို့ သိရပါတယ်။

အရေးပေါ်အဖွဲ့ဝင်တွေက အသက် ၂၅နှစ်အရွယ်ကစားသမားကို နှလုံးခုန်စက်နဲ့

ပြန်လည်အသက်သွင်းဖို့ကြိုးစားခဲ့ကြတာဖြစ်တယ်။ အဲ့ဒီနောက် ဆေးရုံကို

အလျင်အမြန်တင်ပို့ခဲ့ပေမဲ့ ရောက်ပြီးမကြာခင်မှာ သေဆုံးသွားခဲ့တာပါ။

ဒီပွဲစဉ်ကိုတော့ အနောက်ဖလန်းဒါးပြည်နယ်ရှိ Sin-Eloois-Winkel ရှိ Winkel Sport B ရဲ့

အိမ်ကွင်းမှာကစားခဲ့တာဖြစ်တယ်။ ကလပ်အသင်းဘက်ကတော့ ဒီဖြစ်ရပ်နဲ့ပက်သတ်လို့

တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ “Winkel Sport အနေနဲ့ အာနီရဲ့ဖြစ်ရပ်အတွက်

ဝမ်းနည်းကြေကွဲမိပါတယ်။ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ်ဖြစ်သလို

အာနီရဲ့ မိသားစုဝင်တွေအပါအဝင် သူငယ်ချင်းတွေနဲ့ထပ်တူ ဆုတောင်း

မေတ္တာပို့သပေးနေပါတယ်။ ဘောလုံးဆိုတာ တွေးခေါ်မှုတစ်ခုပါ” လို့

Winkel Sport အသင်းဘက်က ထုတ်ပြန်ခဲ့ပါတယ်။

zawgyi

ပင္နယ္တီကာကြယ္ေပးခဲ့ၿပီးေနာက္ ဘယ္လ္ဂ်ီယံဂိုးသမား အာနီအီစပဲလ္ ကြင္းအတြင္း႐ုတ္တရက္လဲက်ေသဆုံးသြား

ဘယ္လ္ဂ်ီယံဂိုးသမား အာနီအီစပဲလ္ဟာ ပင္နယ္တီကယ္တင္ခဲ့ၿပီး

ခဏအၾကာမွာကြင္းအတြင္း ႐ုတ္တရက္လဲက်ေသဆုံးသြားခဲ့တယ္လို႔

The Guardian သတင္းစာက ေဖာ္ျပလိုက္ပါတယ္။ အသက္ ၂၅ႏွစ္အ႐ြယ္

ဂိုးသမားဟာ ဘယ္လ္ဂ်ီယံရွိ West Brabant ရဲ႕ ဒုတိယတန္းျဖစ္တဲ့

Winkel Sport B မွာကစားေနသူျဖစ္တယ္။ ၿပိဳင္ဘက္အသင္း ပင္နယ္တီမရခင္မွာ

အာနီအီစပဲလ္ရဲ႕အသင္းက ၿပိဳင္ဘက္ဝက္စထ႐ိုဇီဘီကီကို ၂-၁ ဂိုးနဲ႔အႏိုင္ရေနခဲ့တာပါ။

ေဒသတြင္းမီဒီယာေတြရဲ႕ေဖာ္ျပခ်က္မွာေတာ့ အီစပဲလ္ဟာ အခင္းမျဖစ္ပြားခင္မွာ

ပင္နယ္တီကိုကာကြယ္ႏိုင္ခဲ့ၿပီးမွ ေျမျပင္ေပၚလဲက်သြားခဲ့တယ္လို႔ သိရပါတယ္။

အေရးေပၚအဖြဲ႕ဝင္ေတြက အသက္ ၂၅ႏွစ္အ႐ြယ္ကစားသမားကို ႏွလုံးခုန္စက္နဲ႔

ျပန္လည္အသက္သြင္းဖို႔ႀကိဳးစားခဲ့ၾကတာျဖစ္တယ္။ အဲ့ဒီေနာက္ ေဆး႐ုံကို

အလ်င္အျမန္တင္ပို႔ခဲ့ေပမဲ့ ေရာက္ၿပီးမၾကာခင္မွာ ေသဆုံးသြားခဲ့တာပါ။

ဒီပြဲစဥ္ကိုေတာ့ အေနာက္ဖလန္းဒါးျပည္နယ္ရွိ Sin-Eloois-Winkel ရွိ Winkel Sport B ရဲ႕

အိမ္ကြင္းမွာကစားခဲ့တာျဖစ္တယ္။ ကလပ္အသင္းဘက္ကေတာ့ ဒီျဖစ္ရပ္နဲ႔ပက္သတ္လို႔

တရားဝင္ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ “Winkel Sport အေနနဲ႔ အာနီရဲ႕ျဖစ္ရပ္အတြက္

ဝမ္းနည္းေၾကကြဲမိပါတယ္။ ႀကီးမားတဲ့ဆုံးရႈံးမႈတစ္ရပ္ျဖစ္သလို

အာနီရဲ႕ မိသားစုဝင္ေတြအပါအဝင္ သူငယ္ခ်င္းေတြနဲ႔ထပ္တူ ဆုေတာင္း

ေမတၱာပို႔သေပးေနပါတယ္။ ေဘာလုံးဆိုတာ ေတြးေခၚမႈတစ္ခုပါ” လို႔

Winkel Sport အသင္းဘက္က ထုတ္ျပန္ခဲ့ပါတယ္။