ပင်နယ်တီကန်သွင်းဖို့ စိတ်ကူးမရှိတော့ဘူးလားဆိုတဲ့ မေးခွန်းဟာ အမ်ဘာပီများဖြစ်နေမလား

မိုနာကိုနဲ့ ၁-၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် အဖိုးတန်ချေပ ဂိုးကို တိုက်စစ်မှူးနေမာက ပင်နယ်တီကနေတစ်ဆင့် သွင်းယူခဲ့တာကြောင့် ပြင်သစ်ကလပ်ရဲ့ ဦးစားပေး ပင်နယ်တီကန်သွင်းသူ ကိစ္စနဲ့ ပတ်သက်ပြီး ဂယက်ရိုက်နေပါပြီ။

ဒီပွဲအတွက် ပထမဦးစားပေး ပင်နယ်တီကန်သွင်းဖို့ စာရင်းပေါက်သူက အမ်ဘာပီသာ ဖြစ်တယ်လို့ နည်းပြ ခရစ္စတိုဖီဂယ်တီယာက ဆိုခဲ့ပေမယ့် တကယ်တမ်း ကန်သွင်းသွားခဲ့သူက နေမာဖြစ်နေလေတော့ သို့လောသို့လော ပြောဆိုမှုတွေ ဖြစ်လာခဲ့သလို

တွစ်တာ၊ ဖေ့စ်ဘွတ်ခ်စတဲ့ လူမှုကွန်ရက်တွေမှာလည်း အငြင်းပွားစရာတွေ ဖြစ်လာနေပါပြီ။ ဒါ့အပြင် နေမာပင်နယ်တီကန်သွင်းချိန် မှာ ကြက်သေတစ်ကောင်လို ဖြစ်နေတဲ့ အမ်ဘာပီရဲ့ အပြုအမူကြောင့် ထိပ်တန်းကစားသမားနှစ်ယောက်အကြားက အက်ကြောင်းဟာ

ပိုပြီး ကွဲအက်လာပြီလားဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ မောင့် ပယ်လီယာနဲ့ပွဲမှာကတည်းက ဂယက်ထခဲ့တဲ့ ဒီပင်နယ်တီဦးစားပေး ကန်သွင်းသူကိစ္စက အခုအထိကို အကင်းမသေနိုင်သေးပါဘူး။ ဒီပွဲမှာ ပင်နယ်တီကို နေမာကန်သွင်းဖို့အတွက်

ကစားသမားနှစ်ယောက်အကြား သဘောတူညီချက် ရယူခဲ့တာဖြစ်တယ်လို့တော့ နည်းပြ ဂယ်တီယာရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ‘’ဒီပွဲအတွက်တော့ အမ်ဘာပီက နံပါတ်တစ် ပင်နယ်တီဦးစားပေး ကန်သွင်းသူဖြစ်ပါတယ်။ နေမာက နံပါတ် နှစ်ပါ။

အမ် ဘာပီကို ပြောပြီးတဲ့နောက် နေမာက ပင်နယ်တီကန်သွင်းဖို့အတွက် ဆုံး ဖြတ်ခဲ့တာပါ။ အမ်ဘာပီကလည်း သူ့ကို ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။ ဒီလိုပဲ ဖြစ်သင့်တာပဲလေ’’ လို့ ဂယ်တီယာက မိုနာကိုနဲ့ ပွဲစဉ်အပြီးမှာ Amazon Prime သတင်းအစီအစဉ်ကို ပြောဆိုသွားခဲ့ပါတယ်။

မိုနာကိုနဲ့ ပွဲစဉ်မှာ အမ် ဘာပီဟာ ဟာလာဟင်းလင်းဖြစ်နေတဲ့ ဂိုးပေါက်ကြီးထဲကို ခြောက်ကိုက် စည်းအတွင်းကနေ ဂိုးဝင်အောင် မကန်နိုင်ခဲ့လို့ ဝေဖန်ခံနေရသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နေမာပင်နယ်တီကန်သွင်းချိန်မှာလည်း

မလှုပ်မယှက်နဲ့ ရပ်ကြည့်သလိုမျိုး နေခဲ့တာကြောင့် အမ်ဘာပီအပေါ် ဝေဖန်မှုတွေ မြင့်တက် လာနေပြီး ပင်နယ်တီကန်ခွင့်ကို အပြီးတိုင် စွန့်လွှတ်လိုက်ပြီလား အမ်ဘာပီ ဆိုတဲ့ မေးခွန်းမျိုးတွေ ရှိလာနေပြီဖြစ်ပါတယ်။

(zawgyi)

မိုနာကိုနဲ႔ ၁-၁ ဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ ပီအက္စ္ဂ်ီအတြက္ အဖိုးတန္ေခ်ပ ဂိုးကို တိုက္စစ္မႉးေနမာက ပင္နယ္တီကေနတစ္ဆင့္ သြင္းယူခဲ့တာေၾကာင့္ ျပင္သစ္ကလပ္ရဲ႕ ဦးစားေပး ပင္နယ္တီကန္သြင္းသူ ကိစၥနဲ႔ ပတ္သက္ၿပီး ဂယက္႐ိုက္ေနပါၿပီ။

ဒီပြဲအတြက္ ပထမဦးစားေပး ပင္နယ္တီကန္သြင္းဖို႔ စာရင္းေပါက္သူက အမ္ဘာပီသာ ျဖစ္တယ္လို႔ နည္းျပ ခရစၥတိုဖီဂယ္တီယာက ဆိုခဲ့ေပမယ့္ တကယ္တမ္း ကန္သြင္းသြားခဲ့သူက ေနမာျဖစ္ေနေလေတာ့ သို႔ေလာသို႔ေလာ ေျပာဆိုမႈေတြ ျဖစ္လာခဲ့သလို

တြစ္တာ၊ ေဖ့စ္ဘြတ္ခ္စတဲ့ လူမႈကြန္ရက္ေတြမွာလည္း အျငင္းပြားစရာေတြ ျဖစ္လာေနပါၿပီ။ ဒါ့အျပင္ ေနမာပင္နယ္တီကန္သြင္းခ်ိန္ မွာ ၾကက္ေသတစ္ေကာင္လို ျဖစ္ေနတဲ့ အမ္ဘာပီရဲ႕ အျပဳအမူေၾကာင့္ ထိပ္တန္းကစားသမားႏွစ္ေယာက္အၾကားက

အက္ေၾကာင္းဟာ ပိုၿပီး ကြဲအက္လာၿပီလားဆိုတာလည္း ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ပါတယ္။ ေမာင့္ ပယ္လီယာနဲ႔ပြဲမွာကတည္းက ဂယက္ထခဲ့တဲ့ ဒီပင္နယ္တီဦးစားေပး ကန္သြင္းသူကိစၥက အခုအထိကို အကင္းမေသႏိုင္ေသးပါဘူး။

ဒီပြဲမွာ ပင္နယ္တီကို ေနမာကန္သြင္းဖို႔အတြက္ ကစားသမားႏွစ္ေယာက္အၾကား သေဘာတူညီခ်က္ ရယူခဲ့တာျဖစ္တယ္လို႔ေတာ့ နည္းျပ ဂယ္တီယာရဲ႕ ေျပာဆိုခ်က္အရ သိရပါတယ္။ ‘’ဒီပြဲအတြက္ေတာ့ အမ္ဘာပီက နံပါတ္တစ္ ပင္နယ္တီဦးစားေပး ကန္သြင္းသူျဖစ္ပါတယ္။

ေနမာက နံပါတ္ ႏွစ္ပါ။ အမ္ ဘာပီကို ေျပာၿပီးတဲ့ေနာက္ ေနမာက ပင္နယ္တီကန္သြင္းဖို႔အတြက္ ဆုံး ျဖတ္ခဲ့တာပါ။ အမ္ဘာပီကလည္း သူ႔ကို ခ်ီးက်ဴး ဂုဏ္ျပဳခဲ့ပါတယ္။ ဒီလိုပဲ ျဖစ္သင့္တာပဲေလ’’ လို႔ ဂယ္တီယာက

မိုနာကိုနဲ႔ ပြဲစဥ္အၿပီးမွာ Amazon Prime သတင္းအစီအစဥ္ကို ေျပာဆိုသြားခဲ့ပါတယ္။ မိုနာကိုနဲ႔ ပြဲစဥ္မွာ အမ္ ဘာပီဟာ ဟာလာဟင္းလင္းျဖစ္ေနတဲ့ ဂိုးေပါက္ႀကီးထဲကို ေျခာက္ကိုက္ စည္းအတြင္းကေန ဂိုးဝင္ေအာင္ မကန္ႏိုင္ခဲ့လို႔ ေဝဖန္ခံေနရသူလည္း

ျဖစ္ပါတယ္။ ဒါ့အျပင္ ေနမာပင္နယ္တီကန္သြင္းခ်ိန္မွာလည္း မလႈပ္မယွက္နဲ႔ ရပ္ၾကည့္သလိုမ်ိဳး ေနခဲ့တာေၾကာင့္ အမ္ဘာပီအေပၚ ေဝဖန္မႈေတြ ျမင့္တက္ လာေနၿပီး ပင္နယ္တီကန္ခြင့္ကို အၿပီးတိုင္ စြန႔္လႊတ္လိုက္ၿပီလား အမ္ဘာပီ ဆိုတဲ့ ေမးခြန္းမ်ိဳးေတြ ရွိလာေနၿပီျဖစ္ပါတယ္။