ပင်နယ်တီကန်ချိန်မှာ ဒူးတုန်ခဲ့ရတဲ့အကြောင်း ပြောပြတဲ့ ဟာလန်း

ဖူလ်ဟမ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် အဓိက အဆုံးအဖြတ်ဖြစ်တဲ့ ပင်နယ်တီကန်သွင်းတဲ့ အချိန်မှာ စိုးရိမ်ထိတ်လန့်မှုတွေ အများကြီး ရှိခဲ့ပြီး စိတ်ထဲမှာ တစ်မျိုးကြီး

ဖြစ်နေခဲ့တယ်လို့ မန်စီးတီး တိုက်စစ်မှူး ဟာလန်းက ပြောဆိုလိုက်ပါတယ်။ ပွဲချိန် ၂၆ မိနစ်ကတည်းက တစ်ယောက်အထုတ်ခံလိုက်ရတဲ့ မန်စီးတီးဟာ

လက်ကျန်ပွဲချိန်အားလုံးကို လူတစ်ယောက်လျော့နဲ့ ကစားခဲ့ရတာကြောင့် အခက်အခဲတွေ အများကြီးကြုံခဲ့ရပြီး မိနစ် ၉၀ ပြည့်တဲ့ အချိန်အထိ အနိုင်ဂိုး မသွင်းနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ နာကျင်အချိန်ပိုမှာတော့ ဒီဘရိုင်းကို ပြိုင်ဘက်ကစားသမားက ပင်နယ်တီဧရိယာထဲမှာ ခြေထောက် ချင်း ချိတ်ဆွဲမိခဲ့တဲ့အတွက် အိမ်ရှင်တို့ ပင်နယ်တီကန်ခွင့်ရခဲ့ပါတယ်။

ဒီပင် နယ်တီကို ဟာလန်းက ကန်သွင်းတဲ့ နေရာမှာ ဂိုးသမားရဲ့ ညာလက်အောက် ကနေ ရှပ်ပြီး ဝင်သွားခဲ့လို့ မန်စီးတီး နိုင်ပွဲရခဲ့တာပဲဖြစ်ပါတယ်။ ဒီပင်နယ်တီဟာ

မန်ချက်စတာကလပ်ရဲ့ နိုင်ပွဲအတွက် အဆုံးအဖြတ်ပေးမယ့် အရာဖြစ် နေတာကြောင့် ထိတ်လန့် တုန်လှုပ်ခဲ့ရတယ်လို့ ဟာလန်းက ဆိုပါတယ်။ ‘’စိုးရိမ် ထိတ်လန့်တာပေါ့။

ကျွန်တော့်ရဲ့ ဘဝမှာ စိုးရိမ်ထိတ်လန့်မှုအရှိဆုံး အရာတွေထဲက တစ်ခုပေါ့။ ဘာကြောင့်လဲဆိုတော့ အဲဒါက နောက်ဆုံးမိနစ် မှာ ရခဲ့တဲ့ ပင်နယ်တီဖြစ်နေတယ်။

တခြားသူတွေ တုန်လှုပ်ဖူးသလိုမျိုး ကျွန်တော်လည်း တုန်လှုပ်တာပေါ့။ အဲဒါက တကယ့်ကို အံ့အားသင့်စရာ စိတ်ခံ စားမှုမျိုးပါ’’ လို့ ဟာလန်းက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

နောက်ပြီး ဖူလ်ဟမ် နဲ့ပွဲစဉ်မှာ မန်စီးတီးဟာ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အပေါ်မှာလည်း ကြိုက် နှစ်သက်မှု ရှိတယ်လို့ နော်ဝေတိုက်စစ်မှူးက ပြောဆိုသွားခဲ့ပါသေးတယ်။

‘’ကျွန်တော် ဖိအားတွေကို ကြိုက်တယ်ဗျာ။ ကျွန်တော်က တစ်ပတ်လောက် ဒဏ်ရာ ရနေခဲ့တာ။ အနိုင်ရလို့ အရမ်းကို ကျေနပ်ပီတိဖြစ်ရတယ်။ အရေး ပါတဲ့ ၃ မှတ်ပေါ့။

ကစားဖို့က မခက်ပါဘူး။ ကျွန်တော်က ပွဲတိုင်း ကစားချင်တဲ့ ကောင်ပါ။ အဆုံးမှာ ကျွန်တော်တို့ ၃ မှတ်လိုနေတာဖြစ်ပြီး အဲဒါကို ရခဲ့တယ်။

ကျွန်တော် တော်တော်လေးတော့ ပင်ပန်းနွမ်းနယ်နေပြီး အရမ်းလည်း ပျော် ပါတယ်။ ခင်ဗျားတို့ မသိပါဘူးလေ’’ လို့ ဟာလန်းက ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ပင္နယ္တီကန္ခ်ိန္မွာ ဒူးတုန္ခဲ့ရတဲ့အေၾကာင္း ေျပာျပတဲ့ ဟာလန္း

ဖူလ္ဟမ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ အသင္းအတြက္ အဓိက အဆုံးအျဖတ္ျဖစ္တဲ့ ပင္နယ္တီကန္သြင္းတဲ့ အခ်ိန္မွာ စိုးရိမ္ထိတ္လန႔္မႈေတြ အမ်ားႀကီး ရွိခဲ့ၿပီး စိတ္ထဲမွာ

တစ္မ်ိဳးႀကီး ျဖစ္ေနခဲ့တယ္လို႔ မန္စီးတီး တိုက္စစ္မႉး ဟာလန္းက ေျပာဆိုလိုက္ပါတယ္။ ပြဲခ်ိန္ ၂၆ မိနစ္ကတည္းက တစ္ေယာက္အထုတ္ခံ လိုက္ရတဲ့ မန္စီးတီးဟာ

လက္က်န္ပြဲခ်ိန္အားလုံးကို လူတစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရတာေၾကာင့္ အခက္အခဲေတြ အမ်ားႀကီးႀကဳံခဲ့ရၿပီး မိနစ္ ၉၀ ျပည့္တဲ့ အခ်ိန္အထိ အႏိုင္ဂိုး မသြင္းႏိုင္ခဲ့ပါဘူး။

ဒါေပမဲ့ နာက်င္အခ်ိန္ပိုမွာေတာ့ ဒီဘ႐ိုင္းကို ၿပိဳင္ဘက္ကစားသမားက ပင္နယ္တီဧရိယာထဲမွာ ေျခေထာက္ ခ်င္း ခ်ိတ္ဆြဲမိခဲ့တဲ့အတြက္ အိမ္ရွင္တို႔ ပင္နယ္တီကန္ခြင့္ရခဲ့ပါတယ္။

ဒီပင္ နယ္တီကို ဒီဘ႐ိုင္းက ကန္သြင္းတဲ့ ေနရာမွာ ဂိုးသမားရဲ႕ ညာလက္ေအာက္ ကေန ရွပ္ၿပီး ဝင္သြားခဲ့လို႔ မန္စီးတီး ႏိုင္ပြဲရခဲ့တာပဲျဖစ္ပါတယ္။

ဒီပင္နယ္တီ ဟာ မန္ခ်က္စတာကလပ္ရဲ႕ ႏိုင္ပြဲအတြက္ အဆုံးအျဖတ္ေပးမယ့္ အရာျဖစ္ ေနတာေၾကာင့္ ထိတ္လန႔္ တုန္လႈပ္ခဲ့ရတယ္လို႔ ဟာလန္းက ဆိုပါတယ္။

‘’စိုးရိမ္ ထိတ္လန႔္တာေပါ့။ ကြၽန္ေတာ့္ရဲ႕ ဘဝမွာ စိုးရိမ္ထိတ္လန႔္မႈအရွိဆုံး အရာေတြထဲက တစ္ခုေပါ့။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒါက ေနာက္ဆုံးမိနစ္ မွာ

ရခဲ့တဲ့ ပင္နယ္တီျဖစ္ေနတယ္။ တျခားသူေတြ တုန္လႈပ္ဖူးသလိုမ်ိဳး ကြၽန္ ေတာ္လည္း တုန္လႈပ္တာေပါ့။ အဲဒါက တကယ့္ကို အံ့အားသင့္စရာ စိတ္ခံ စားမႈမ်ိဳးပါ’’ လို႔

ဟာလန္းက ပြဲအၿပီးမွာ ေျပာဆိုခဲ့ပါတယ္။ ေနာက္ၿပီး ဖူလ္ဟမ္ နဲ႔ပြဲစဥ္မွာ မန္စီးတီးဟာ ဖိအားေတြနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ အေပၚမွာလည္း ႀကိဳက္ ႏွစ္သက္မႈ ရွိတယ္လို႔

ေနာ္ေဝတိုက္စစ္မႉးက ေျပာဆိုသြားခဲ့ပါေသးတယ္။ ‘’ကြၽန္ေတာ္ ဖိအားေတြကို ႀကိဳက္တယ္ဗ်ာ။ ကြၽန္ေတာ္က တစ္ပတ္ေလာက္ ဒဏ္ရာ ရေနခဲ့တာ။

အႏိုင္ရလို႔ အရမ္းကို ေက်နပ္ပီတိျဖစ္ရတယ္။ အေရး ပါတဲ့ ၃ မွတ္ေပါ့။ ကစားဖို႔က မခက္ပါဘူး။ ကြၽန္ေတာ္က ပြဲတိုင္း ကစားခ်င္တဲ့ ေကာင္ပါ။

အဆုံးမွာ ကြၽန္ေတာ္တို႔ ၃ မွတ္လိုေနတာျဖစ္ၿပီး အဲဒါကို ရခဲ့တယ္။ ကြၽန္ေတာ္ ေတာ္ေတာ္ေလးေတာ့ ပင္ပန္းႏြမ္းနယ္ေနၿပီး

အရမ္းလည္း ေပ်ာ္ ပါတယ္။ ခင္ဗ်ားတို႔ မသိပါဘူးေလ’’ လို႔ ဟာလန္းက ေျပာဆိုသြားခဲ့ပါတယ္။