ပက်ထရစ်အီဗရာက Ballon d’Or ဆုကို မက်ဆီထပ်မံဆွတ်ခူးပါက အလွန်စိတ်ပျက်စရာကောင်းကြောင်း ပြောကြား

ပက်ထရစ်အီဗရာကယခုနှစ် Ballon d’Or ဆုကို လီယွန်နယ်မက်ဆီ

ထပ်မံဆွတ်ခူးပါက ယင်းဆုမှာအလွန်စိတ်ပျက်စရာကောင်းလာမှာဖြစ်ပြီး

ယခုနှစ်ဆုကို အသစ်တစ်ဦးရရှိစေလိုကြောင်းပြောကြားလိုက်ပါတယ်။

Ballon d’Or ဆုကိုလာမယ့်နိုဝင်ဘာလတွင်ချီးမြှင့်မှာဖြစ်ပြီး ဆန်ကာတင်

ကစားသမား၃၀ဦစာရင်းထွက်ပေါ်ထားပြီးဖြစ်ကာ လီယွန်နယ်မက်ဆီက

ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ဒါ့အပြင် Ballon d’Or ဆုအတွက် အခြားရေပန်းစားသူများအဖြစ်

ဂျော်ဂျင်ဟို၊ကန်တီ၊လီဝန်ဒေါ့စကီး၊မိုဟာမက်ဆာလက်၊ဘန်ဇီးမားနှင့်

ခရစ္စတီယာနိုရော်နယ်ဒိုတို့လည်းရှိပါသေးတယ်။ ဒါပေမယ့်အီဗရာက

“လီယိုမက်ဆီကိုပဲပေးလိုက်ရင်တော့ကျွန်တော်တော့တော်တော်

စိတ်ပျက်သွားမိမှာပဲ။ကျွန်တော့်အမြင်ပြောရရင် Ballon d’Or ကို

ဂျော်ဂျင်ဟို(သို့မဟုတ်)ကန်တီဘဲရသင့်ပါတယ်။သူ(မက်ဆီ)သူ

ဒီနှစ်ဘာလုပ်ပြနိုင်လဲ။ကိုပါအမေရိကဖလားလား။ကောင်းပြီလေ။

ဘာစီလိုနာနဲ့ကောဘာတွေလုပ်ပြခဲ့တုန်း”လို့ပြောကြားသွားပါတယ်။

အီတလီနည်းပြရောဘတ်တိုမန်စီနီကလည်းယခုနှစ် Ballon d’Or ဆုနှင့်

အထိုက်တန်ဆုံးမှာဂျော်ဂျင်ဟိုဖြစ်ကြောင်းဆိုထားပါတယ်။

ဂျော်ဂျင်ဟိုဟာယခုနှစ်နွေရာသီတွင်ယူရို၂၀၂၀ဖလား၊ချန်ပီယံလိဂ်ဖလား၊

ဥရောပစူပါဖလားစတဲ့ဥရောပထိပ်သီးဆုသုံးဆုကိုဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

zawgyi

ပက္ထရစ္အီဗရာက Ballon d’Or ဆုကို မက္ဆီထပ္မံဆြတ္ခူးပါက အလြန္စိတ္ပ်က္စရာေကာင္းေၾကာင္း ေျပာၾကား

ပက္ထရစ္အီဗရာကယခုႏွစ္ Ballon d’Or ဆုကို လီယြန္နယ္မက္ဆီ

ထပ္မံဆြတ္ခူးပါက ယင္းဆုမွာအလြန္စိတ္ပ်က္စရာေကာင္းလာမွာျဖစ္ၿပီး

ယခုႏွစ္ဆုကို အသစ္တစ္ဦးရရွိေစလိုေၾကာင္းေျပာၾကားလိုက္ပါတယ္။

Ballon d’Or ဆုကိုလာမယ့္ႏိုဝင္ဘာလတြင္ခ်ီးျမႇင့္မွာျဖစ္ၿပီး ဆန္ကာတင္

ကစားသမား၃၀ဦစာရင္းထြက္ေပၚထားၿပီးျဖစ္ကာ လီယြန္နယ္မက္ဆီက

ေရပန္းအစားဆုံးျဖစ္ေနပါတယ္။

ဒါ့အျပင္ Ballon d’Or ဆုအတြက္ အျခားေရပန္းစားသူမ်ားအျဖစ္

ေဂ်ာ္ဂ်င္ဟို၊ကန္တီ၊လီဝန္ေဒါ့စကီး၊မိုဟာမက္ဆာလက္၊ဘန္ဇီးမားႏွင့္

ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔လည္းရွိပါေသးတယ္။ ဒါေပမယ့္အီဗရာက

“လီယိုမက္ဆီကိုပဲေပးလိုက္ရင္ေတာ့ကြၽန္ေတာ္ေတာ့ေတာ္ေတာ္

စိတ္ပ်က္သြားမိမွာပဲ။ကြၽန္ေတာ့္အျမင္ေျပာရရင္ Ballon d’Or ကို

ေဂ်ာ္ဂ်င္ဟို(သို႔မဟုတ္)ကန္တီဘဲရသင့္ပါတယ္။သူ(မက္ဆီ)သူ

ဒီႏွစ္ဘာလုပ္ျပႏိုင္လဲ။ကိုပါအေမရိကဖလားလား။ေကာင္းၿပီေလ။

ဘာစီလိုနာနဲ႔ေကာဘာေတြလုပ္ျပခဲ့တုန္း”လို႔ေျပာၾကားသြားပါတယ္။

အီတလီနည္းျပေရာဘတ္တိုမန္စီနီကလည္းယခုႏွစ္ Ballon d’Or ဆုႏွင့္

အထိုက္တန္ဆုံးမွာေဂ်ာ္ဂ်င္ဟိုျဖစ္ေၾကာင္းဆိုထားပါတယ္။

ေဂ်ာ္ဂ်င္ဟိုဟာယခုႏွစ္ေႏြရာသီတြင္ယူ႐ို၂၀၂၀ဖလား၊ခ်န္ပီယံလိဂ္ဖလား၊

ဥေရာပစူပါဖလားစတဲ့ဥေရာပထိပ္သီးဆုသုံးဆုကိုဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။