နှောင်ကြိုးတင်းလို့ ချည်တိုင် ပြန်ချင်နေတဲ့ ဖာရန်တောရက်စ်

ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းတိုက်စစ်မှူး ဖာရန်တောရက်စ်ကို

ခေါ်ယူဖို့သတင်းတွေထွက်နေပြီး စပိန်ကိုပြန်ရောက် ဖို့လည်း နီးစပ်နေတယ်လို့

ဆိုကြပါတယ်။ သူ့ကိုဘာစီလိုနာကိုရောက်ဖို့ တွန်းအားပေးနေတဲ့အချက်ကတော့

ဘောလုံးတစ်ခုတည်း ကြောင့်မဟုတ်ဘဲ အချစ်ရဲ့စွမ်းပကားကြောင့်ဖြစ်တယ်လို့လည်း

သိရပါတယ်။ ဒါကတော့ တောရက်စ်ဟာ လက်ရှိစပိန်လက် ရွေးစင်အသင်းနည်းပြရဲ့

သမီးဖြစ်တဲ့ ဆီရာမာတီနက်ဇ်နဲ့ ချစ်ကြိုးသွယ်နေလို့ဘဲဖြစ်ပါတယ်။

ဆီရာဟာ သူ့ဖခင်အင်းနရစ်လိုဘဲ အားကစားသမားတစ်ဦးဖြစ်ပြီး

ဘာစီလိုနာမြို့မှာနေထိုင်ကာ ပရော်ဖက်ရှင်နယ်မြင်းအလှစီးမယ်(show-jumper)

တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင်သူဟာနာမည်ကျော်

Barcelona Royal Polo Club ရဲ့အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။

စပိန်သတင်းစာ တစ်စောင်ဖြစ်တဲ့ EnBlau က တောရက်စ်ဟာ

မန်ချက်စတာမှာရောက်နေတဲ့အတွက် ဆီရာနဲ့ မိုင်ပေါင်းများစွာ

အလှမ်းဝေး ကွာနေတာကို ခံစားနေရပြီး နှစ်ဦးစလုံးကသူတို့တွေအနေနီးစပ်ဖို့

ဆန္ဒရှိနေကြတယ်လို့ ဖော်ပြသွားပါတယ်။ ဒါကြောင့်ဘာစီလိုနာ အသင်းမှာ

လာကစားရင်အားလုံးအဆင်ပြေသွားမှာဖြစ်လို့ တောရက်စ် တစ်ယောက်

စပိန်ကိုပြန်လိုနေတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကနေ မက်ဆီထွက်ခွာသွားပြီးနောက်

အသင်းရဲ့ခြေစွမ်းလည်းကျဆင်းသွားတဲ့အပြင်

ချန်ပီယံ လိဂ်ကနေလည်းထွက်လိုက်ရတာကြောင့် နည်းပြ ဇာဗီကအသင်းကို

ပြန်လည်တည်ဆောက်နေရာမှာ တောရက်စ်ကို လာမယ့် ဇန်နဝါရီမှာ

တင်ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။ အသက် ၂၁ နှစ်သာရှိသေးတဲ့

တောရက်စ်ဟာဒီရာသီမှာခြေဖဝါးဒဏ်ရာရ ထားလို့မန်စီးတီးအတွက်

၁၄ ပွဲလွဲချော်ထားပြီးဖြစ်ပါတယ်။ ဗလင်စီယာအသင်း တိုက်စစ်မှူးဟောင်းဖြစ်တဲ့

တောရက်စ် အ တွက်ပေါင် ၃၈ သန်းနဲ့ကမ်းလှမ်းဖို့ ဘာစီလိုနာက

ပြင်ဆင်ထားတာဖြစ်ပြီး ဒီတန်ကြေးဟာမန်စီးတီးဘက်ကအလိုရှိနေတဲ

ပေါင် သန်း ၅၀ ထက်တော့အများကြီးလျော့နည်းနေပါသေးတယ်။

သူဟာ ပြီးခဲ့တဲ့ ၁၈ လက ပေါင်သန်း ၂၀ နဲ့မန်စီးတီးကိုရောက်လာ တဲ့သူဖြစ်ပါတယ်။

zawgyi

ေႏွာင္ႀကိဳးတင္းလို႔ ခ်ည္တိုင္ ျပန္ခ်င္ေနတဲ့ ဖာရန္ေတာရက္စ္

ဘာစီလိုနာအသင္းဟာ မန္စီးတီးအသင္းတိုက္စစ္မႉး ဖာရန္ေတာရက္စ္ကို

ေခၚယူဖို႔သတင္းေတြထြက္ေနၿပီး စပိန္ကိုျပန္ေရာက္ ဖို႔လည္း နီးစပ္ေနတယ္လို႔

ဆိုၾကပါတယ္။ သူ႔ကိုဘာစီလိုနာကိုေရာက္ဖို႔ တြန္းအားေပးေနတဲ့အခ်က္ကေတာ့

ေဘာလုံးတစ္ခုတည္း ေၾကာင့္မဟုတ္ဘဲ အခ်စ္ရဲ႕စြမ္းပကားေၾကာင့္ျဖစ္တယ္လို႔လည္း

သိရပါတယ္။ ဒါကေတာ့ ေတာရက္စ္ဟာ လက္ရွိစပိန္လက္ ေ႐ြးစင္အသင္းနည္းျပရဲ႕

သမီးျဖစ္တဲ့ ဆီရာမာတီနက္ဇ္နဲ႔ ခ်စ္ႀကိဳးသြယ္ေနလို႔ဘဲျဖစ္ပါတယ္။

ဆီရာဟာ သူ႔ဖခင္အင္းနရစ္လိုဘဲ အားကစားသမားတစ္ဦးျဖစ္ၿပီး

ဘာစီလိုနာၿမိဳ႕မွာေနထိုင္ကာ ပေရာ္ဖက္ရွင္နယ္ျမင္းအလွစီးမယ္(show-jumper)

တစ္ဦးလည္း ျဖစ္ပါတယ္။ ဒါ့အျပင္သူဟာနာမည္ေက်ာ္

Barcelona Royal Polo Club ရဲ႕အဖြဲ႕ဝင္တစ္ဦးလည္းျဖစ္ပါတယ္။

စပိန္သတင္းစာ တစ္ေစာင္ျဖစ္တဲ့ EnBlau က ေတာရက္စ္ဟာ

မန္ခ်က္စတာမွာေရာက္ေနတဲ့အတြက္ ဆီရာနဲ႔ မိုင္ေပါင္းမ်ားစြာ

အလွမ္းေဝး ကြာေနတာကို ခံစားေနရၿပီး ႏွစ္ဦးစလုံးကသူတို႔ေတြအေနနီးစပ္ဖို႔

ဆႏၵရွိေနၾကတယ္လို႔ ေဖာ္ျပသြားပါတယ္။ ဒါေၾကာင့္ဘာစီလိုနာ အသင္းမွာ

လာကစားရင္အားလုံးအဆင္ေျပသြားမွာျဖစ္လို႔ ေတာရက္စ္ တစ္ေယာက္

စပိန္ကိုျပန္လိုေနတာ ျဖစ္ပါတယ္။ ဘာစီလိုနာအသင္းကေန

မက္ဆီထြက္ခြာသြားၿပီးေနာက္ အသင္းရဲ႕ေျခစြမ္းလည္းက်ဆင္းသြားတဲ့အျပင္

ခ်န္ပီယံ လိဂ္ကေနလည္းထြက္လိုက္ရတာေၾကာင့္ နည္းျပ ဇာဗီကအသင္းကို

ျပန္လည္တည္ေဆာက္ေနရာမွာ ေတာရက္စ္ကို လာမယ့္ ဇန္နဝါရီမွာ

တင္ေခၚယူဖို႔ ပစ္မွတ္ထားေနတာပါ။ အသက္ ၂၁ ႏွစ္သာရွိေသးတဲ့

ေတာရက္စ္ဟာဒီရာသီမွာေျခဖဝါးဒဏ္ရာရ ထားလို႔မန္စီးတီးအတြက္

၁၄ ပြဲလြဲေခ်ာ္ထားၿပီးျဖစ္ပါတယ္။ ဗလင္စီယာအသင္း တိုက္စစ္မႉးေဟာင္းျဖစ္တဲ့

ေတာရက္စ္ အ တြက္ေပါင္ ၃၈ သန္းနဲ႔ကမ္းလွမ္းဖို႔ ဘာစီလိုနာက

ျပင္ဆင္ထားတာျဖစ္ၿပီး ဒီတန္ေၾကးဟာမန္စီးတီးဘက္ကအလိုရွိေနတဲ

ေပါင္ သန္း ၅၀ ထက္ေတာ့အမ်ားႀကီးေလ်ာ့နည္းေနပါေသးတယ္။

သူဟာ ၿပီးခဲ့တဲ့ ၁၈ လက ေပါင္သန္း ၂၀ နဲ႔မန္စီးတီးကိုေရာက္လာ တဲ့သူျဖစ္ပါတယ္။