နှလုံးအကူစက် တပ်ဆင်လိုက်ရတဲ့ လင်ဒီလော့ဖ်

နောဝစ်ချ်နဲ့ကစားခဲ့တဲ့ပွဲတုန်းက အသက်ရှူရခက်ခဲလာတာကြောင့်

လူစားလဲခံခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်နောက်ခံလူလင်ဒီလော့ဖ်ဟာ

အခုလောလောဆယ် နှလုံးခုန်နှုန်းတိုင်းတာတဲ့စက်ကိရိယာဝတ်ဆင်ထားရပြီး

စစ်ဆေးမှုတွေအများကြီးပြုလုပ်ခဲ့ရပါတယ်။ နောဝစ်ချ်ကို(၁-၀)ဂိုးနဲ့

အနိုင်ရခဲ့ပွဲ ဒုတိယပိုင်းမိနစ်(၇၀)လောက်မှာ လင်ဒီလော့ဖ်ဟာ

ပြိုင်ဘက်ကစားသမားနဲ့ဘောလုံးယှဉ်လုတာကနေ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး

ဆေးကုသမှုခံယူပြီးတဲ့နောက် ပွဲဆက်လက်ကစားခဲ့ပါတယ်။

ဒါပေမဲ့လည်း မိနစ်ပိုင်းအကြာမှာ လင်ဒီလော့ဖ်ဟာ သူ့ရင်ညွှန့်က

အောင့်လာသလိုဖြစ်ပြီး အသက်ရှူရခက်ခဲလာတာကြောင့် နည်းပြရန်နစ်ခ်က

လင်ဒီလော့ဖ်နဲ့ ဘာယီကို လူစားထိုးခဲ့တာဖြစ်ပါတယ်။

လင်ဒီလော့ဖ်ရဲ့ဇနီးဖြစ်သူ နယ်လ်ဆင်လင်ဒီလော့ဖ်က လင်ဒီလော့ဖ်ကို

စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်နေရဆဲဖြစ်ပေမယ့်

အခြေအနေကောင်းတယ်လို့ဆိုခဲ့ပါတယ်။ အခုလောလောဆယ်တော့

လင်ဒီလော့ဖ်ဟာ သူ့နေအိမ်မှာ နှလုံးခုန်နှုန်းတိုင်းတာတဲ့စက်ဝတ်ဆင်ထားရပြီး

နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ရဦးမှာဖြစ်ပါတယ်။

နယ်လ်ဆင်လင်ဒီလော့ဖ်က “နောဝစ်ချ်နဲ့ပွဲကို ကြည့်လိုက်ရချိန်မှာ

လင်ဒီလော့ဖ်အတွက် အရမ်းစိုးရိမ်ခဲ့ရပါတယ်။ မနေ့ကတော့

သူ့ကို စမ်းသပ်စစ်ဆေးမှုတွေအများကြီးပြုလုပ်ခဲ့ပြီး အခြေအနေအားလုံး

ကောင်းမွန်စေဖို့ နှလုံးခုန်နှုန်းတိုင်းတာတဲ့စက်ကိရိယာကို

နှစ်ရက်လောက်ဝတ်ဆင်ထားရမှာပါ။ သူ ဒီလိုခံစားနေရချိန် သူ့အနားမှာ

ကျွန်မ ချက်ချင်းမရှိပေးနိုင်တဲ့အတွက် တကယ်ဝမ်းနည်းမိပါတယ်။

အခုအချိန်မှာ အားလုံးအဆင်ပြေနေပြီဖြစ်ပြီး မနက်ဖြန်မှာပြုလုပ်မယ့်

စမ်းသပ်ချက်အဖြေ ဘယ်လိုထွက်လာမလဲဆိုတာစောင့်ကြည့်ဖို့ပဲ

ရှိပါတော့တယ်”လို့ သူမရဲ့ ကိုယ်ပိုင် Blog ဖြစ်တဲ့ Elle မှာရေးသားခဲ့ပါတယ်။

zawgyi

ႏွလုံးအကူစက္ တပ္ဆင္လိုက္ရတဲ့ လင္ဒီေလာ့ဖ္

ေနာဝစ္ခ်္နဲ႔ကစားခဲ့တဲ့ပြဲတုန္းက အသက္ရႉရခက္ခဲလာတာေၾကာင့္

လူစားလဲခံခဲ့ရတဲ့ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူလင္ဒီေလာ့ဖ္ဟာ

အခုေလာေလာဆယ္ ႏွလုံးခုန္ႏႈန္းတိုင္းတာတဲ့စက္ကိရိယာဝတ္ဆင္ထားရၿပီး

စစ္ေဆးမႈေတြအမ်ားႀကီးျပဳလုပ္ခဲ့ရပါတယ္။ ေနာဝစ္ခ်္ကို(၁-၀)ဂိုးနဲ႔

အႏိုင္ရခဲ့ပြဲ ဒုတိယပိုင္းမိနစ္(၇၀)ေလာက္မွာ လင္ဒီေလာ့ဖ္ဟာ

ၿပိဳင္ဘက္ကစားသမားနဲ႔ေဘာလုံးယွဥ္လုတာကေန ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး

ေဆးကုသမႈခံယူၿပီးတဲ့ေနာက္ ပြဲဆက္လက္ကစားခဲ့ပါတယ္။

ဒါေပမဲ့လည္း မိနစ္ပိုင္းအၾကာမွာ လင္ဒီေလာ့ဖ္ဟာ သူ႔ရင္ၫႊန႔္က

ေအာင့္လာသလိုျဖစ္ၿပီး အသက္ရႉရခက္ခဲလာတာေၾကာင့္ နည္းျပရန္နစ္ခ္က

လင္ဒီေလာ့ဖ္နဲ႔ ဘာယီကို လူစားထိုးခဲ့တာျဖစ္ပါတယ္။

လင္ဒီေလာ့ဖ္ရဲ႕ဇနီးျဖစ္သူ နယ္လ္ဆင္လင္ဒီေလာ့ဖ္က လင္ဒီေလာ့ဖ္ကို

စမ္းသပ္စစ္ေဆးမႈေတြ ျပဳလုပ္ေနရဆဲျဖစ္ေပမယ့္

အေျခအေနေကာင္းတယ္လို႔ဆိုခဲ့ပါတယ္။ အခုေလာေလာဆယ္ေတာ့

လင္ဒီေလာ့ဖ္ဟာ သူ႔ေနအိမ္မွာ ႏွလုံးခုန္ႏႈန္းတိုင္းတာတဲ့စက္ဝတ္ဆင္ထားရၿပီး

ေနာက္ထပ္စမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္ရဦးမွာျဖစ္ပါတယ္။

နယ္လ္ဆင္လင္ဒီေလာ့ဖ္က “ေနာဝစ္ခ်္နဲ႔ပြဲကို ၾကည့္လိုက္ရခ်ိန္မွာ

လင္ဒီေလာ့ဖ္အတြက္ အရမ္းစိုးရိမ္ခဲ့ရပါတယ္။ မေန႔ကေတာ့

သူ႔ကို စမ္းသပ္စစ္ေဆးမႈေတြအမ်ားႀကီးျပဳလုပ္ခဲ့ၿပီး အေျခအေနအားလုံး

ေကာင္းမြန္ေစဖို႔ ႏွလုံးခုန္ႏႈန္းတိုင္းတာတဲ့စက္ကိရိယာကို

ႏွစ္ရက္ေလာက္ဝတ္ဆင္ထားရမွာပါ။ သူ ဒီလိုခံစားေနရခ်ိန္ သူ႔အနားမွာ

ကြၽန္မ ခ်က္ခ်င္းမရွိေပးႏိုင္တဲ့အတြက္ တကယ္ဝမ္းနည္းမိပါတယ္။

အခုအခ်ိန္မွာ အားလုံးအဆင္ေျပေနၿပီျဖစ္ၿပီး မနက္ျဖန္မွာျပဳလုပ္မယ့္

စမ္းသပ္ခ်က္အေျဖ ဘယ္လိုထြက္လာမလဲဆိုတာေစာင့္ၾကည့္ဖို႔ပဲ

ရွိပါေတာ့တယ္”လို႔ သူမရဲ႕ ကိုယ္ပိုင္ Blog ျဖစ္တဲ့ Elle မွာေရးသားခဲ့ပါတယ္။