နှလုံးသားနဲ့ ဘောလုံးကစားခဲ့လို့ နောက်တစ်ဆင့်တက်ခဲ့တာဆိုတဲ့ ကလော့ပ်

အေဂျက်ဇ်ကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးဟာ နှလုံးသားနဲ့ ဘောလုံးကစားခဲ့တဲ့ အသင်းဖြစ်တာကြောင့် ထိုက်ထိုက်တန်တန်နဲ့ကို နောက်တစ် ဆင့် တက်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က ပြောဆိုလိုက်ပါတယ်။ ဂျိုဟန်ခရိုက်ဖ်ကွင်းကြီးမှာ ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ လီ ဗာပူးဟာ အိမ်ရှင်အေဂျက်ဇ်ရဲ့ ပထမပိုင်း ဖိအားပေးမှုတွေကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး

ပွဲချိန် မိနစ် ၃၀ ကျော်လွန်လာတဲ့အချိန်မှာတော့ ပွဲကို ပြန်လည်စိုးမိုးနိုင်ခဲ့ တာကြောင့် ဆာလက်ရှ်၊ နူနက်ဇ်၊ အီလီယော့တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အ နိုင်ရပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။

ဒါကြောင့် ဒီပွဲမှာ အိမ်ရှင်အသင်းရဲ့ တိုက်စစ်ဆင်မှုကို နှလုံးသားနဲ့ရင်းပြီး ကြံ့ကြံ့ခံ ကစားပေးခဲ့တဲ့ လီဗာပူးအသင်းသားတွေအပေါ် ကလော့ပ်က အခုလို ချီးမွမ်း ခဲ့ပါတယ်။

‘’သူတို့ ဖိအားတွေ အများကြီး ဖန်တီးနိုင်ခဲ့ရာကနေပြီး အဲဒီလို အချိန်ကောင်းကနေတစ်ဆင့် သူတို့ဟာ နာရီဝက်လောက်အထိ ကစားပုံ ကောင်းခဲ့တာပါ။

သူတို့ကစားတာ အရမ်းကောင်းခဲ့သလို ကျွန်တော်တို့က လည်း လုံ့လကြီးကြီးနဲ့ ခံကစားခဲ့တာပါ။ အရမ်းကောင်းတဲ့သွင်းဂိုးတစ်ဂိုး ကျွန်တော်တို့ သွင်းခဲ့တယ်။

ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ကောင်း ကောင်း စတင်နိုင်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း ပွဲကို ထိန်းသွားခဲ့တာပါပဲ’’ ဂျာ မန်သား နည်းပြက ဆိုပါတယ်။

ဒါ့အပြင် ဒီပွဲမှာ ရောဘတ်ဆင်ရဲ့ ဖြတ်တင်း မှုကတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်အပေါ်မှာလည်း ကလော့ပ်က အခုလို ချီးမွမ်းခဲ့ပါတယ်။

‘’သူ့ဟာသူတောင် အံ့အားသင့် သွားမယ်လို့ ကျွန်တော်ထင်တယ်။ သူက တိုက်စစ်ရော ခံစစ်မှာပါ တကယ့် ကို ပွဲကောင်းတစ်ပွဲ ကစားပေးခဲ့တာပါ။

ခံစစ်ကို ဆင်းကူပေးသလို နှလုံးသားကြီးနဲ့ကို ကစားခဲ့တာဗျ။ အဲဒီတော့ ရလောက်ပြီလို့ ထင်တဲ့အချိန်မှာ သူ့ကို လူစားလဲပစ်ခဲ့တာပါ။

ကျွန်တော်တို့ နည်းစနစ်ပိုင်းကို နည်းနည်းလေး ပြောင်းပစ်ခဲ့တယ်။ ပြောင်းခဲ့တာပေါ့နော်။ အဲဒါက အလုပ်ဖြစ်ခဲ့တယ်လို့လည်း ကျွန်တော်ထင်တယ်။

အေဂျက်ဇ်က အသင်းကောင်း တစ်သင်းပါ။ ယုံကြည်မှု အမြဲရှိတဲ့ အသင်းဗျ။ အဲဒါကို နားလည်ထားရမယ်။ ဒါကို ကျွန်တော်တို့ လုပ် နိုင်ခဲ့ပြီး အဆင်ပြေခဲ့တယ်’’ လို့ ကလော့ပ်က ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါ တယ်။

(Zawgyi)

ႏွလုံးသားနဲ႔ ေဘာလုံးကစားခဲ့လို႔ ေနာက္တစ္ဆင့္တက္ခဲ့တာဆိုတဲ့ ကေလာ့ပ္

ေအဂ်က္ဇ္ကို ၃-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ လီဗာပူးဟာ ႏွလုံးသားနဲ႔ ေဘာ လုံးကစားခဲ့တဲ့ အသင္းျဖစ္တာေၾကာင့္ ထိုက္ထိုက္တန္တန္နဲ႔ကို ေနာက္တစ္ ဆင့္ တက္ေရာက္ႏိုင္ခဲ့တာျဖစ္တယ္လို႔ လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ့ပ္က ေျပာဆိုလိုက္ပါတယ္။

ဂ်ိဳဟန္ခ႐ိုက္ဖ္ကြင္းႀကီးမွာ ကစားခဲ့တဲ့ အဲဒီပြဲစဥ္မွာ လီ ဗာပူးဟာ အိမ္ရွင္ေအဂ်က္ဇ္ရဲ႕ ပထမပိုင္း ဖိအားေပးမႈေတြကို ႀကံ့ႀကံ့ခံႏိုင္ခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၃၀ ေက်ာ္လြန္လာတဲ့အခ်ိန္မွာေတာ့ ပြဲကို

ျပန္လည္စိုးမိုးႏိုင္ခဲ့ တာေၾကာင့္ ဆာလက္ရွ္၊ ႏူနက္ဇ္၊ အီလီေယာ့တို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ အ ႏိုင္ရၿပီး ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာပါ။

ဒါေၾကာင့္ ဒီပြဲမွာ အိမ္ရွင္အသင္းရဲ႕ တိုက္စစ္ဆင္မႈကို ႏွလုံးသားနဲ႔ရင္းၿပီး ႀကံ့ႀကံ့ခံ ကစားေပးခဲ့တဲ့ လီဗာပူးအသင္းသားေတြအေပၚ ကေလာ့ပ္က အခုလို ခ်ီးမြမ္း ခဲ့ပါတယ္။

‘’သူတို႔ ဖိအားေတြ အမ်ားႀကီး ဖန္တီးႏိုင္ခဲ့ရာကေနၿပီး အဲဒီလို အခ်ိန္ေကာင္းကေနတစ္ဆင့္ သူတို႔ဟာ နာရီဝက္ေလာက္အထိ ကစားပုံ ေကာင္းခဲ့တာပါ။

သူတို႔ကစားတာ အရမ္းေကာင္းခဲ့သလို ကြၽန္ေတာ္တို႔က လည္း လုံ႔လႀကီးႀကီးနဲ႔ ခံကစားခဲ့တာပါ။ အရမ္းေကာင္းတဲ့သြင္းဂိုးတစ္ဂိုး ကြၽန္ေတာ္တို႔ သြင္းခဲ့တယ္။

ဒုတိယပိုင္းမွာေတာ့ ကြၽန္ေတာ္တို႔ ေကာင္း ေကာင္း စတင္ႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီေနာက္ပိုင္း ပြဲကို ထိန္းသြားခဲ့တာပါပဲ’’ ဂ်ာ မန္သား နည္းျပက ဆိုပါတယ္။

ဒါ့အျပင္ ဒီပြဲမွာ ေရာဘတ္ဆင္ရဲ႕ ျဖတ္တင္း မႈကတစ္ဆင့္ ေခါင္းတိုက္သြင္းယူခဲ့တဲ့ တိုက္စစ္မႉး ဒါဝင္ႏူနက္ဇ္အေပၚမွာ လည္း ကေလာ့ပ္က အခုလို ခ်ီးမြမ္းခဲ့ပါတယ္။

‘’သူ႔ဟာသူေတာင္ အံ့အားသင့္ သြားမယ္လို႔ ကြၽန္ေတာ္ထင္တယ္။ သူက တိုက္စစ္ေရာ ခံစစ္မွာပါ တကယ့္ ကို ပြဲေကာင္းတစ္ပြဲ ကစားေပးခဲ့တာပါ။

ခံစစ္ကို ဆင္းကူေပးသလို ႏွလုံးသား ႀကီးနဲ႔ကို ကစားခဲ့တာဗ်။ အဲဒီေတာ့ ရေလာက္ၿပီလို႔ ထင္တဲ့အခ်ိန္မွာ သူ႔ကို လူစားလဲပစ္ခဲ့တာပါ။

ကြၽန္ေတာ္တို႔ နည္းစနစ္ပိုင္းကို နည္းနည္းေလး ေျပာင္း ပစ္ခဲ့တယ္။ ေျပာင္းခဲ့တာေပါ့ေနာ္။

အဲဒါက အလုပ္ျဖစ္ခဲ့တယ္လို႔လည္း ကြၽန္ ေတာ္ထင္တယ္။ ေအဂ်က္ဇ္က အသင္းေကာင္း တစ္သင္းပါ။ ယုံၾကည္မႈ အၿမဲရွိတဲ့ အသင္းဗ်။ အဲဒါကို နားလည္ထားရမယ္။

ဒါကို ကြၽန္ေတာ္တို႔ လုပ္ ႏိုင္ခဲ့ၿပီး အဆင္ေျပခဲ့တယ္’’ လို႔ ကေလာ့ပ္က ပြဲအၿပီးမွာ ေျပာဆိုသြားခဲ့ပါ တယ္။