နှလုံးသားနဲ့ ထုဆစ်ခဲ့တဲ့ မာနေးပုံတူဟာ အပြောင်မြောက်ဆုံးလက်ရာ မဖြစ်ခဲ့ပေမဲ့ ကောင်းကွက်တွေ ရှိနေတယ်

လီဗာပူးကနေ ဘိုင်ယန်မြူးနစ်ကိုပြောင်းရွှေ့ခဲ့တဲ့ မာနေးဟာမွေးရပ်မြေ ဘမ်ဘာလီအတွက်တော့ တကယ့်သူရဲကောင်းတစ်ယောက်ဖြစ်တယ်။

ပရဟိတလုပ်ငန်းတွေကို စွမ်းစွမ်းတမံဆောင်ရွက်ပေးနေတဲ့ မာနေးဟာ မွေးရပ်မြေမှာဆေးရုံသစ်တည်ဆောက်ဖို့အတွက် ပေါင် ၅၀၀၀၀၀ မတည်ပေးခဲ့သလို

အလယ်တန်းကျောင်းသစ်ဆောက်ဖို့အတွက် မကြာသေးခင်ကမှ ပေါင် ၂၀၀၀၀၀ အထိထောက်ပံ့ပေးခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး၊ဝေးလံခေါင်ဖျားတဲ့ကျေးရွာတွေ

ဖွံ့ဖြိုးတိုးတက်မှု ရှိလာစေဖို့ မာနေးကငွေကြေးများစွာလှူဒါန်းထားပြီး ဒေသတွင်းအထောက်အပံ့ဖြစ်စေဖို့အတွက် စက်သုံးဆီဆိုင်တွေနဲ့ စာကြည့်တိုက်တွေဆောက်လုပ်ပေးခဲ့ပါတယ်။

ဘမ်ဘာလီဒေသအတွက် အကောင်းဆုံး ထောက်ပံ့ပေးနေတဲ့ ဘိုင်ယန်တိုက်စစ်မှူးကိုတော့ ဆီနီဂေါအနုပညာရှင်တစ်ယောက်က လက်ရွေးစင်အသင်းဂျာစီနဲ့ဒီဇိုင်းဆွဲပြီး

သစ်သားပုံတူရုပ်တုပြုလုပ်ခဲ့ပါတယ်။ ၂၀၂၁ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွင်းအောင်ပွဲခံပုံရိပ် ဒီဇိုင်းနဲ့ဒီရုပ်တုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းဆိုရှယ်မီဒီယာထက်မှာပျံနှံ့ခဲ့တာဖြစ်တယ်။

“အကောင်းဆုံးမဟုတ် ခဲ့ရင်တောင် နှလုံးသားနဲ့ဖန်တီးခဲ့တယ်လို့ယုံကြည်တယ်” လို့ တွစ်တာပရိသတ်တစ် ယောက်ကမှတ်ချက်ပေးခဲ့သလို ဒုတိယတစ်ယောက်က

“ကိုယ်လုံးပိုင်းဆိုင်ရာပြော စရာမရှိပေမဲ့ ပိုမိုကောင်းမွန်တဲ့ ဦးခေါင်းနဲ့အစားထိုးနိုင်ပါစေ။ သစ်သားနဲ့ဆိုတော့ လုပ်ရခက်မယ်ထင်ပါတယ်။” လို့ ရေးသားသွားခဲ့ပါတယ်။

ဒါပေမဲ့ အခြားတစ်ဖက်မှာတော့ နော်ဝေအနုပညာရှင် ဘာရန်းဆိုသူက သစ်သားနဲ့ပြု လုပ်ရတာဟာပိုပြီးအသက်ဝင်သလိုပေါက်ကွဲအားပိုပြင်းတယ်လို့ယူဆခဲ့ပါတယ်။

ဘာရန်းဟာ နော်ဝေနိုင်ငံတောင်ပိုင်းက ဂျီရန်ခရိုင်အနီးရှိ အယ်လ်ဂတ်မြို့မှာ မန်စီးတီးတိုက်စစ်မှူးဟာလန်းရဲ့ပုံတူကိုသစ်သားနဲ့ထုလုပ်ပေးခဲ့သူဖြစ်တယ်။

“သစ်သားနဲ့လုပ်ရတာကောင်းပါတယ်။ ပေါက်ကွဲအားပြင်းသလို ပိုပြီးအသက်ဝင်ပါတယ်။ ဒါက သူတို့ရဲ့ကိုယ်ပိုင်စရိုက်လက္ခဏာတွေပါ” လို့ ဘာရန်းကပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ဟာလန်းကလည်း ဆီနီဂေါရဲ့ မာနေးနည်းတူ သိပ်ပြီးပုံမလာခဲ့ပါဘူး။

(Zawgyi)

ႏွလုံးသားနဲ႔ ထုဆစ္ခဲ့တဲ့ မာေနးပုံတူဟာ အေျပာင္ေျမာက္ဆုံးလက္ရာ မျဖစ္ခဲ့ေပမဲ့ ေကာင္းကြက္ေတြ ရွိေနတယ္

လီဗာပူးကေန ဘိုင္ယန္ျမဴးနစ္ကိုေျပာင္းေ႐ႊ႕ခဲ့တဲ့ မာေနးဟာေမြးရပ္ေျမ ဘမ္ဘာလီအတြက္ေတာ့ တကယ့္သူရဲေကာင္းတစ္ေယာက္ျဖစ္တယ္။

ပရဟိတလုပ္ငန္းေတြကို စြမ္းစြမ္းတမံေဆာင္႐ြက္ေပးေနတဲ့ မာေနးဟာ ေမြးရပ္ေျမမွာေဆး႐ုံသစ္တည္ေဆာက္ဖို႔အတြက္ ေပါင္ ၅၀၀၀၀၀

မတည္ေပးခဲ့သလို အလယ္တန္းေက်ာင္းသစ္ေဆာက္ဖို႔အတြက္ မၾကာေသးခင္ကမွ ေပါင္ ၂၀၀၀၀၀ အထိေထာက္ပံ့ေပးခဲ့ပါတယ္။

ဒါတင္မကေသးပါဘူး၊ေဝးလံေခါင္ဖ်ားတဲ့ေက်း႐ြာေတြ ဖြံ႕ၿဖိဳးတိုးတက္မႈ ရွိလာေစဖို႔ မာေနးကေငြေၾကးမ်ားစြာလႉဒါန္းထားၿပီး

ေဒသတြင္းအေထာက္အပံ့ျဖစ္ေစဖို႔အတြက္ စက္သုံးဆီဆိုင္ေတြနဲ႔ စာၾကည့္တိုက္ေတြေဆာက္လုပ္ေပးခဲ့ပါတယ္။ ဘမ္ဘာလီေဒသအတြက္

အေကာင္းဆုံးေထာက္ပံ့ေပးေနတဲ့ ဘိုင္ယန္တိုက္စစ္မႉးကိုေတာ့ ဆီနီေဂါအႏုပညာရွင္တစ္ေယာက္က လက္ေ႐ြးစင္အသင္းဂ်ာစီနဲ႔ဒီဇိုင္းဆြဲၿပီး သစ္သားပုံတူ႐ုပ္တုျပဳလုပ္ခဲ့ပါတယ္။

၂၀၂၁ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲအတြင္းေအာင္ပြဲခံပုံရိပ္ ဒီဇိုင္းနဲ႔ဒီ႐ုပ္တုဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းဆိုရွယ္မီဒီယာထက္မွာပ်ံႏွံ႔ခဲ့တာျဖစ္တယ္။ “အေကာင္းဆုံးမဟုတ္

ခဲ့ရင္ေတာင္ ႏွလုံးသားနဲ႔ဖန္တီးခဲ့တယ္လို႔ယုံၾကည္တယ္” လို႔ တြစ္တာပရိသတ္တစ္ ေယာက္ကမွတ္ခ်က္ေပးခဲ့သလို ဒုတိယတစ္ေယာက္က “ကိုယ္လုံးပိုင္းဆိုင္ရာေျပာ စရာမရွိေပမဲ့

ပိုမိုေကာင္းမြန္တဲ့ဦးေခါင္းနဲ႔အစားထိုးႏိုင္ပါေစ။ သစ္သားနဲ႔ဆိုေတာ့လုပ္ရခက္မယ္ထင္ပါတယ္။” လို႔ ေရးသားသြားခဲ့ပါတယ္။ ဒါေပမဲ့အျခားတစ္ဖက္မွာေတာ့

ေနာ္ေဝအႏုပညာရွင္ဘာရန္းဆိုသူက သစ္သားနဲ႔ျပဳ လုပ္ရတာဟာပိုၿပီးအသက္ဝင္သလိုေပါက္ကြဲအားပိုျပင္းတယ္လို႔ယူဆခဲ့ပါတယ္။ ဘာရန္းဟာ

ေနာ္ေဝႏိုင္ငံေတာင္ပိုင္းက ဂ်ီရန္ခ႐ိုင္အနီးရွိ အယ္လ္ဂတ္ၿမိဳ႕မွာ မန္စီးတီးတိုက္စစ္မႉးဟာလန္းရဲ႕ပုံတူကိုသစ္သားနဲ႔ထုလုပ္ေပးခဲ့သူျဖစ္တယ္။ “သစ္သားနဲ႔လုပ္ရတာေကာင္းပါတယ္။

ေပါက္ကြဲအားျပင္းသလို ပိုၿပီးအသက္ဝင္ပါတယ္။ ဒါက သူတို႔ရဲ႕ကိုယ္ပိုင္စ႐ိုက္လကၡဏာေတြပါ” လို႔ ဘာရန္းကေျပာဆိုခဲ့ပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕ဟာလန္းကလည္း

ဆီနီေဂါရဲ႕ မာေနးနည္းတူ သိပ္ၿပီးပုံမလာခဲ့ပါဘူး။