ကမ္ဘာပေါ်မှာသြဇာအရှိဆုံးထဲက တစ်ဦးဖြစ်တဲ့သမ္မတဂျိုးဘိုင်ဒန်ဟာ အမေရိကန်အသင်းကစားမယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေကို စောင့်ကြည့်သွားမယ်လို့ ကတိပေးလိုက်ပါတယ်။
ဝေးလ်နဲ့အုပ်စုပွဲစဉ်မတိုင်ခင်မှာတော့ ဘိုင်ဒန်ဟာ အမေရိကန်အသင်းသားတွေကို အားပေးစကားပြောဆိုသွားခဲ့တယ်လို့သိရပါတယ်။ အစည်းအဝေးလုပ်နေတဲ့
အမေရိကန်အသင်းသားတွေကို သမတ္တကဖုန်းခေါ်ဆိုခဲ့တာဖြစ်တယ်။ “နည်းပြရေ ကျွန်တော်တော့ကစားဖို့အဆင်သင့်ဖြစ်နေပြီ” လို့ သမ္မတဘိုင်ဒန်က ဟာသလေးနှောပြီးစတင်ခဲ့တာပါ။
“ဒီပြိုင်ပွဲမှာ မင်းတို့အောက်အသင်းဆိုတာသိတယ်။ ဒါပေမဲ့ မင်းတို့မှာ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ကစားသမားအချို့ပိုင်ဆိုင်ထားတယ်။ ဒီနိုင်ငံအတွက်ကိုယ်စားပြုထားသလို
မင်းတို့ရဲ့နှလုံးသားတွေကို ဖောက်ထုတ်မယ်ဆိုတာ ငါသိနေတယ်။ အံ့အားသင့်သွားအောင်လုပ်ပြလိုက်စမ်းပါ။ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုရှိအောင်ကြိုးစားပါ၊
မင်းတို့ကိုယ်တိုင်နဲ့ မင်းတို့ မိသားစု၊ အသင်းဖော်တွေနဲ့ တစ်နိုင်ငံလုံးက မင်းတို့အပေါ်မူတည်နေတယ်” လို့ ဘိုင်ဒန်က ဆက်လက်ပြောဆိုခဲ့ပါတယ်။ နောက်တော့
လက်ရွေးစင်အသင်းသားတွေအားလုံးကို “မင်းတို့ကို ငါကြည့်နေမယ်လို့ ကတိပေးတယ်။ ကောင်လေးတွေလုပ်ပြလိုက်စမ်းပါ။ နှလုံးသားကိုဖောက်ထုတ်ပြလိုက်၊
မင်းတို့လုပ်မယ်ဆိုတာ ငါသိနေတယ်၊ မင်းတို့လုပ်မယ်ဆိုတာ ငါသိနေတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။
(Zawgyi)
နှလုံးသားကိုဖောက်ထုတ်ပြီးကြိုးစားပြလိုက်စမ်းလို့ အမေရိကန်အသင်းကို သမ္မတဂျိုးဘိုင်ဒန် တွန်းအားပေးလိုက်
ကမ္ဘာပေါ်မှာသြဇာအရှိဆုံးထဲက တစ်ဦးဖြစ်တဲ့သမ္မတဂျိုးဘိုင်ဒန်ဟာ အမေရိကန်အသင်းကစားမယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေကို စောင့်ကြည့်သွားမယ်လို့ကိပေးလိုက်ပါတယ်။