
ယူရို ၂၀၂၀ ပြိုင်ပွဲမှာ နှလုံးရောဂါကြောင့် ကွင်းထဲမှာ သေမလိုဖြစ်ခဲ့ပြီး
၈ လကြာပြီးနောက်မှာတော့ ကွင်းလယ်လူအဲရစ်ဆင်ဟာ ဘောလုံးပြန်ကစားနိုင်ခဲ့ပါတယ်။
ချစ်သူများနေ့မှာ အသက် ၃၀ ပြည့်ခဲ့တဲ့ အဲဒီဒိန်းမတ်ကွင်းလယ်လူဟာ
ကွင်းပိတ်ကန်တဲ့ ခြေစမ်းပွဲတစ်ခုမှာ အသင်းသစ်ဘရန့်ဖို့ဒ်အတွက် ပထမဆုံးအကြိမ်
ကစားပေးခဲ့တာပါ။
အောက်တန်းအသင်းတစ်သင်းဖြစ်တဲ့ ဆောက်အန့်အသင်းနဲ့ ဒီခြေစမ်းပွဲကို
ဘရန့်ဖို့ဒ်အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ ကစားခဲ့တာပါ။
အဲဒီပွဲမှာ အဲရစ်ဆင်ဟာ တစ်နာရီကြာကစားခဲ့ကာ ပြီးခဲ့တဲ့နှစ်က ရှော့ရဖွယ်
အဖြစ်အပျက်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပွဲတစ်ပွဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ပြန်ကစားနိုင်တဲ့ သူ့ရဲ့ပထမဆုံးပွဲမှာပဲ အဲရစ်ဆင်ဟာ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ကာ
ဟက်ထရစ်ရသွားတဲ့ဒါဆေးလ်ဗားရဲ့ပထမဆုံးဂိုးကို ဖန်တီးပေးခဲ့တာပါ။
သူဟာ ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အလွတ်အနေနဲ့ ဘရန့်ဖို့ဒ်ကို
ရောက်လာပြီး ၆ လစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ နှလုံးမှာ စက်တပ်ထားသူတွေကို
ကစားခွင့်ပိတ်ပင်ထားတဲ့ စီးရီးအေရဲ့စည်းမျဉ်းကြောင့် သူဟာ အင်တာကနေ
အလွတ်ထွက်ခွာခွင့်ရခဲ့တာပါ။
ပြီးခဲ့တဲ့စနေ ပဲလေ့စ်နဲ့ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာလည်း အဲရစ်ဆင်ဟာ ကွင်းထဲဝင်ရောက်ပြီး
ဘရန့်ဖု့ိဒ်ကစားသမားအဖြစ် မိတ်ဆက်ခြင်းခံခဲ့ရပါတယ်။
အဲရစ်ဆင်အနေနဲ့ ပြိုင်ပွဲအသွင် ဘယ်တော့ပြန်ကစားနိုင်မယ်ဆိုတာကို ဘရန့်ဖို့ဒ်ဘက်က
တိကျရေရာတဲ့ဒိတ်မပေးသေးပါဘူး။ ဒါပေမဲ့ ကစားသမားသမားကတော့
သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်ရနိုင်မယ်လို့ ယုံကြည်နေပါတယ်။
Zawgyi
ႏွလုံးစက္တပ္ထားေပမဲ့ ပထမဆံုးျပန္ကစားတဲ့ပြဲမွာပဲ ဂိုးဖန္တီးေပးခဲ့တဲ့ အဲရစ္ဆင္
ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ႏွလုံးေရာဂါေၾကာင့္ ကြင္းထဲမွာ ေသမလိုျဖစ္ခဲ့ၿပီး
၈ လၾကာၿပီးေနာက္မွာေတာ့ ကြင္းလယ္လူအဲရစ္ဆင္ဟာ ေဘာလုံးျပန္ကစားႏိုင္ခဲ့ပါတယ္။
ခ်စ္သူမ်ားေန႔မွာ အသက္ ၃၀ ျပည့္ခဲ့တဲ့ အဲဒီဒိန္းမတ္ကြင္းလယ္လူဟာ
ကြင္းပိတ္ကန္တဲ့ ေျခစမ္းပြဲတစ္ခုမွာ အသင္းသစ္ဘရန႔္ဖို႔ဒ္အတြက္ ပထမဆုံးအႀကိမ္
ကစားေပးခဲ့တာပါ။
ေအာက္တန္းအသင္းတစ္သင္းျဖစ္တဲ့ ေဆာက္အန႔္အသင္းနဲ႔ ဒီေျခစမ္းပြဲကို
ဘရန႔္ဖို႔ဒ္အသင္းရဲ႕ေလ့က်င့္ေရးကြင္းမွာ ကစားခဲ့တာပါ။
အဲဒီပြဲမွာ အဲရစ္ဆင္ဟာ တစ္နာရီၾကာကစားခဲ့ကာ ၿပီးခဲ့တဲ့ႏွစ္က ေရွာ့ရဖြယ္
အျဖစ္အပ်က္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ပြဲတစ္ပြဲမွာ ပါဝင္ခဲ့တာျဖစ္ပါတယ္။
ျပန္ကစားႏိုင္တဲ့ သူ႔ရဲ႕ပထမဆုံးပြဲမွာပဲ အဲရစ္ဆင္ဟာ ဂိုးဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ကာ
ဟက္ထရစ္ရသြားတဲ့ဒါေဆးလ္ဗားရဲ႕ပထမဆုံးဂိုးကို ဖန္တီးေပးခဲ့တာပါ။
သူဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေနာက္ဆုံးေန႔မွာ အလြတ္အေနနဲ႔ ဘရန႔္ဖို႔ဒ္ကို
ေရာက္လာၿပီး ၆ လစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ပါတယ္။ ႏွလုံးမွာ စက္တပ္ထားသူေတြကို
ကစားခြင့္ပိတ္ပင္ထားတဲ့ စီးရီးေအရဲ႕စည္းမ်ဥ္းေၾကာင့္ သူဟာ အင္တာကေန
အလြတ္ထြက္ခြာခြင့္ရခဲ့တာပါ။
ၿပီးခဲ့တဲ့စေန ပဲေလ့စ္နဲ႔ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာလည္း အဲရစ္ဆင္ဟာ ကြင္းထဲဝင္ေရာက္ၿပီး
ဘရန႔္ဖု႔ိဒ္ကစားသမားအျဖစ္ မိတ္ဆက္ျခင္းခံခဲ့ရပါတယ္။
အဲရစ္ဆင္အေနနဲ႔ ၿပိဳင္ပြဲအသြင္ ဘယ္ေတာ့ျပန္ကစားႏိုင္မယ္ဆိုတာကို ဘရန႔္ဖို႔ဒ္ဘက္က
တိက်ေရရာတဲ့ဒိတ္မေပးေသးပါဘူး။ ဒါေပမဲ့ ကစားသမားသမားကေတာ့
သူ႔ရဲ႕အေကာင္းဆုံးပုံစံကို ျပန္ရႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။