နှလုံးခုန်စက်ထည့်ထားရတာတောင် စိတ်မလျှော့သေးတဲ့ အဲရစ်ဆင်

မကြာသေးခင်က နှလုံးရောဂါခံစားခဲ့ရတဲ့ အဲရစ်ဆင်က သူဟာဒိန်းမတ်အသင်းနဲ့အတူ
ကာတာနိုင်ငံမှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ ဖလားကို ဝင်ရောက်ကစားနိုင်ဖို့

မျှော်လင့်နေတုန်းဘဲလို့ ထုတ်ပြောလိုက်ပါတယ်။ အသက် ၂၉ နှစ်ရှိတဲ့
အဲရစ်ဆင်ဟာ ဇွန်လ အတွင်းက ဖင်လန်နဲ့ရင်ဆိုင်ခဲ့တဲ့ ယူရို ၂၀၂၀ အုပ်စု

အဖွင့်ပွဲမှာ နှလုံးရောဂါကြောင့်ကွင်းထဲလဲကျခဲ့ရသူပါ။ အဲဒီတုန်းကသူဟာ

၅ မိနစ်လောက်နှလုံးခုန်ရပ်သွားတဲ့အထိဖြစ်ခဲ့တယ်လို့
မကြာသေးခင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


သူဟာနောက်ပိုင်းမှာပြန် လည်သက်သာလာပြီး နှလုံးခုန်စက်ထည့်ထားကာ

ကျန်းမာရေးကောင်းမွန်လာပေမယ့် စီးရီးအေစည်းမျဥ်းအရ

ဒီလိုစက်တပ်ဆင် ထားရင် ကစားခွင့်မရှိတော့လို့ ဒီဇင်ဘာလဆန်းပိုင်းမှာ
အင်တာမီလန်နဲ့တရားဝင်လမ်းခွဲခဲ့ရသူဖြစ်ပါတယ်။

ဒါပေမယ့်အခုဆိုရင် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပြီး လေ့ကျင့်ခန်းတွေကို
တစ်ဦးတည်းပြုလုပ်နေတဲ့ အဲရစ်ဆင်က ကမ္ဘာ့ဖလားမှာ ဒိန်းမတ်အသင်းနဲ့အတူ

ဝင်ပြိုင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဖွင့်ဟသွားပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်ပတ်က ဆေးစစ်မှုထပ်မံပြုလုပ် ခဲ့ပြီးနောက်ရုပ်ပိုင်းရော၊
စိတ်ပိုင်းဆိုင်ရာအရပါ အာလုံးကောင်းနေလို့ အခုလိုမျှော်လင့်နေတာဖြစ်ပါတယ်။


ဒိန်းမတ်ရုပ်သံတစ် ခုနဲ့တွေ့ဆုံရာမှာ အဲရစ်ဆင်က” ကျွန်တော့်ရည်မှန်းချက်က

ကာတာကမ္ဘာ့ဖလားမှာဝင်ပြိုင်နိုင်ဖို့ပါဘဲ။ ကျွန်တော်ဘောလုံးကစား ချင်ပါသေးတယ်။

ဒါဟာရည်မှန်းချက်ဖြစ်သလို အိပ်မက်တစ်ခုလည်းဖြစ်ပါတယ်။
နောက်ထပ်ကစားခွင့်ရမယ့်အသင်းရှိမလား ဆိုတာမသိပေမယ့်

ဘောလုံးပြန်ကစားဖို့ကကျွန်တော့်အိပ်မက်ပါဘဲ။ အခုချိန်မှာ
အရင်ကြံ့ခိုင်မှုပြည့်နေတုန်းကနဲ့ ဘာမှမကွဲပြား တော့တဲ့အတွက်

ပြန်ကစားရမယ်လို့လည်းယုံကြည်နေပါတယ်။ ပုံစံကောင်းလည်းပြန်ရနေပါပြီ။

နောက်ထပ်ကစားခွင့်ရမယ့် အချိန်အထိ ကျွန်တော့်ဘက်က
အရင်လိုအဆင့်မျိုးရှိနေတုန်းဆိုတာ သက်သေပြသွားမှာပါ” လို့ပြောသွားပါတယ်။

ဖင်လန်နဲ့ပွဲမှာ အဲရစ်ဆင်ဟာ ဖရီးကစ်ကန်ကာနီးမှာလဲကျသွားခဲ့တာဖြစ်ပြီး
ကစားဖော် ဆိုင်မွန်ကေဂျာရဲ့ဆုံးဖြတ်ချက်မှန်ကန် မှုနဲ့ ဆေးအဖွဲ့တွေရဲ့

ကြိုးပမ်းမှုတို့ကြောင့် အသက်ရှင်သန်ခွင့်ရခဲ့တာဖြစ်ပါတယ်။

zawgyi
ႏွလုံးခုန္စက္ထည့္ထားရတာေတာင္ စိတ္မေလွ်ာ့ေသးတဲ့ အဲရစ္ဆင္

မၾကာေသးခင္က ႏွလုံးေရာဂါခံစားခဲ့ရတဲ့ အဲရစ္ဆင္က သူဟာဒိန္းမတ္အသင္းနဲ႔အတူ
ကာတာႏိုင္ငံမွာက်င္းပမယ့္ ၂၀၂၂ ကမာၻ႔ ဖလားကို ဝင္ေရာက္ကစားႏိုင္ဖို႔

ေမွ်ာ္လင့္ေနတုန္းဘဲလို႔ ထုတ္ေျပာလိုက္ပါတယ္။ အသက္ ၂၉ ႏွစ္ရွိတဲ့

အဲရစ္ဆင္ဟာ ဇြန္လ အတြင္းက ဖင္လန္နဲ႔ရင္ဆိုင္ခဲ့တဲ့ ယူ႐ို ၂၀၂၀ အုပ္စု
အဖြင့္ပြဲမွာ ႏွလုံးေရာဂါေၾကာင့္ကြင္းထဲလဲက်ခဲ့ရသူပါ။ အဲဒီတုန္းကသူဟာ

၅ မိနစ္ေလာက္ႏွလုံးခုန္ရပ္သြားတဲ့အထိျဖစ္ခဲ့တယ္လို႔
မၾကာေသးခင္ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ သူဟာေနာက္ပိုင္းမွာ

ျပန္ လည္သက္သာလာၿပီး ႏွလုံးခုန္စက္ထည့္ထားကာ

က်န္းမာေရးေကာင္းမြန္လာေပမယ့္ စီးရီးေအစည္းမ်ဥ္းအရ
ဒီလိုစက္တပ္ဆင္ ထားရင္ ကစားခြင့္မရွိေတာ့လို႔ ဒီဇင္ဘာလဆန္းပိုင္းမွာ

အင္တာမီလန္နဲ႔တရားဝင္လမ္းခြဲခဲ့ရသူျဖစ္ပါတယ္။
ဒါေပမယ့္အခုဆိုရင္ ႀကံ့ခိုင္မႈျပန္လည္ျပည့္ဝလာၿပီး ေလ့က်င့္ခန္းေတြကို

တစ္ဦးတည္းျပဳလုပ္ေနတဲ့ အဲရစ္ဆင္က ကမာၻ႔ဖလားမွာ ဒိန္းမတ္အသင္းနဲ႔အတူ

ဝင္ၿပိဳင္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ဖြင့္ဟသြားပါတယ္။
သူဟာၿပီးခဲ့တဲ့ႏွစ္ပတ္က ေဆးစစ္မႈထပ္မံျပဳလုပ္ ခဲ့ၿပီးေနာက္႐ုပ္ပိုင္းေရာ၊

စိတ္ပိုင္းဆိုင္ရာအရပါ အာလုံးေကာင္းေနလို႔ အခုလိုေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။
ဒိန္းမတ္႐ုပ္သံတစ္ ခုနဲ႔ေတြ႕ဆုံရာမွာ အဲရစ္ဆင္က” ကြၽန္ေတာ့္ရည္မွန္းခ်က္က

ကာတာကမာၻ႔ဖလားမွာဝင္ၿပိဳင္ႏိုင္ဖို႔ပါဘဲ။ ကြၽန္ေတာ္ေဘာလုံးကစား ခ်င္ပါေသးတယ္။

ဒါဟာရည္မွန္းခ်က္ျဖစ္သလို အိပ္မက္တစ္ခုလည္းျဖစ္ပါတယ္။
ေနာက္ထပ္ကစားခြင့္ရမယ့္အသင္းရွိမလား ဆိုတာမသိေပမယ့္

ေဘာလုံးျပန္ကစားဖို႔ကကြၽန္ေတာ့္အိပ္မက္ပါဘဲ။ အခုခ်ိန္မွာ
အရင္ႀကံ့ခိုင္မႈျပည့္ေနတုန္းကနဲ႔ ဘာမွမကြဲျပား ေတာ့တဲ့အတြက္

ျပန္ကစားရမယ္လို႔လည္းယုံၾကည္ေနပါတယ္။ ပုံစံေကာင္းလည္းျပန္ရေနပါၿပီ။

ေနာက္ထပ္ကစားခြင့္ရမယ့္ အခ်ိန္အထိ ကြၽန္ေတာ့္ဘက္က
အရင္လိုအဆင့္မ်ိဳးရွိေနတုန္းဆိုတာ သက္ေသျပသြားမွာပါ” လို႔ေျပာသြားပါတယ္။

ဖင္လန္နဲ႔ပြဲမွာ အဲရစ္ဆင္ဟာ ဖရီးကစ္ကန္ကာနီးမွာလဲက်သြားခဲ့တာျဖစ္ၿပီး
ကစားေဖာ္ ဆိုင္မြန္ေကဂ်ာရဲ႕ဆုံးျဖတ္ခ်က္မွန္ကန္ မႈနဲ႔ ေဆးအဖြဲ႕ေတြရဲ႕

ႀကိဳးပမ္းမႈတို႔ေၾကာင့္ အသက္ရွင္သန္ခြင့္ရခဲ့တာျဖစ္ပါတယ္။