ကမ္ဘာ့ဖလားချန်ပီယံဆုကိုသိမ်းပိုက်ပြီး ၂၀၂၂ ကိုကုန်ဆုံးခွင့်ရခဲ့တဲ့
မက်ဆီအတွက်တော့ အတော်လေးကြည်နူးစရာအခိုက်အတန့်
ဖြစ်ခဲ့ပါတယ်။ အာဂျင်တီးနားအတွက် ၃ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဆု
ရယူအပြီးမှာ ၂၀၂၂ ကကုန်ဆုံးသွားခဲ့ပေမဲ့ သူ့အတွက်တော့
ဘယ်တော့မှမေ့လိုရနိုင်မှာမဟုတ်ဘူးလို့ မက်ဆီက အင်စတာဂရမ်
စာမျက်နှာကနေ အမှတ်တရပို့စ်တင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်အတွက်
ဘလွန်းဒီအော်ဆန်ခါတင်အယောက် ၃၀ စာရင်းထဲတောင်မဝင်ခဲ့တဲ့
မက်ဆီဟာ နှစ်ကုန်ခါနီးမှာတော့ သူ့ဘဝတစ်လျှောက်အလိုချင်ဆုံးဖြစ်တဲ့
ကမ္ဘာ့ဖလားချန်ပီယံဆုကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်။ ၂၀၂၂ နဲ့ပက်သတ်လို့
အင်စတာဂရမ်စာမျက်နှာကတစ်ဆင့် မက်ဆီက “နှစ်တစ်နှစ်
ကုန်ဆုံးသွားပေမဲ့ ဘယ်တော့မှမမေ့ပါဘူး။ ကျွန်တော်အမြဲတမ်း
မက်ခဲ့တဲ့ အိပ်မက်ဖြစ်လာခဲ့တယ်။ အံ့အားသင့်စရာတစ်ခုကို
မိသားစုနဲ့မျှဝေနိုင်ခဲ့သလို လဲကျချိန်မှာတော့အားပေးခဲ့သူတွေ
အားလုံးကို အမြဲတမ်းကြမ်းပြင်မှာနေခွင့်မပြုပါဘူး။
အားလုံးနဲ့အတူလိုချင်မိတဲ့ အမှတ်တရတစ်ခုကိုအတူမျှဝေနိုင်ခဲ့တာက
အံ့အားသင့်ဖို့ကောင်းတယ်” လို့ ရေးသားသွားခဲ့ပါတယ်။
ဆက်လက်ပြီး ပီအက်စ်ဂျီကြယ်ပွင့်က နှစ်သစ်အတွက်ပါ
ဆုမွန်ကောင်းစကားဆိုသွားခဲ့ပြန်ပါတယ်။ “ပါရီ၊ ဘာစီလိုနာနဲ့
အခြားနိုင်ငံကမြို့ကြီးတွေမှာရှိတဲ့သူတွေရဲ့ အားပေးမှုမရဘဲနဲ့
ဒီနေရာကိုရောက်မလာနိုင်ဘူး။ အံ့အားသင့်စရာကောင်းတဲ့
၂၀၂၃ မှာ အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်။ ငါတို့အတူပွေ့ဖက်ထားရအောင်” လို့
မက်ဆီက အင်စတာဂရမ်စာမျက်နှာကတစ်ဆင့်
နှစ်သစ်ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။
zawgyi
နှစ်ဟောင်းကို ဘယ်တော့မှမမေ့သလို နှစ်သစ်ကိုအားလုံးအတူတူပွေ့ဖက်ထားကြမယ်လို့ မက်ဆီ ဆုမွန်ကောင်းတောင်းပေးလိုက်