နှစ်သစ်မှာ သွင်းဂိုးထက် အနီကတ်ပိုများနေတဲ့အာဆင်နယ်၊ ၂ ရက်အတွင်း ဖလားပြိုင်ပွဲ ၂ခုကနေ ထွက်လိုက်ရတဲ့ ပါတေး

အာဆင်နယ်ကွင်းလယ်လူ ပါတေးဟာ

လီဗာပူးကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလား
ဆီမီးဖိုင်နယ် ဒု-အကျော့ပွဲမှာ ၂ ဝါ၊ ၁နီနဲ့
ထုတ်ပယ်ခံခဲ့ရရာ အာဆင်နယ်အနေနဲ့
၂၀၂၂ အတွင်း သွင်းယူထားတဲ့
ဂိုးအရေအတွက်ထက် ပြသခံထားရတဲ့

အနီကတ်အရေအတွက်က ၃ ဆအထိ ပိုများနေပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ ပါတေးဟာ
ပွဲပြီးဖို့ ၁၅ မိနစ်အလိုကျမှ လူစားဝင်လာတာ
ဖြစ်ပေမယ့် ၈၇ မိနစ်၊ မိနစ် ၉၀ တွေမှာ
အဝါကတ် ဆက်တိုက်ပြသခံခဲ့ရလို့

အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။


ပါတေးအတွက်တော့ တကယ့်ကို
ဆိုးရွားတဲ့ ရက်သတ္တပတ်ဖြစ်ခဲ့ပြီး

လွန်ခဲ့တဲ့ ၂ ရက်ကမှ လက်ရွေးစင် ဂါနာအသင်းနဲ့အတူ
အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကနေ
အုပ်စုနောက်ဆုံးအဖြစ် ထွက်ခဲ့ရပြီးဖြစ်သလို
အခုလည်း အာဆင်နယ်နဲ့အတူ ကာရဘောင်ဖလားကနေ
ထွက်ခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေက ဂါနာအသင်း
စောစောစီးစီး ထွက်ခဲ့ရတာက အသင်းအတွက်
သတင်းကောင်းပဲလို့ ထင်မှတ်ခဲ့ပေမယ့် အခုတော့
ပါတေးလည်း ဘန်လေနဲ့လိဂ်ပွဲကို
ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ရတော့မှာဖြစ်ပါတယ်။


ပါတေးဟာ ပွဲစဖို့ ၇နာရီအလိုကျမှ ကင်မရွန်းကနေ
လန်ဒန်ကို ရောက်လာတာဖြစ်ပြီး ပွဲချိန် ၇၄ မိနစ်မှာ
စမစ်ရိုအစား လူစားဝင်ကစားခဲ့ပေမယ့်

မျှော်လင့်ထားသလိုဖြစ်မလာတဲ့အပြင်
၂ ဝါ ၁ နီနဲ့တောင် ထုတ်ပယ်ခံခဲ့ရပါသေးတယ်။
အာဆင်နယ်အတွက်လည်း ဆိုးရွားတဲ့လဖြစ်နေပြီး
၂၀၂၂ အတွင်း တိုက်စစ်က စုစုပေါင်း ၁ဂိုးပဲ
သွင်းယူထားနိုင်ချိန်မှာ အနီကတ်ပြသခံရတာက

၃ကြိမ်တောင် ရှိနေပြီဖြစ်ပါတယ်။
အာဆင်နယ်ဟာ နှစ်သစ်ရဲ့
ပထမဆုံးပွဲအဖြစ် မန်စီးတီးကို
အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့်
အဲဒီနောက်ပိုင်းကစားခဲ့တဲ့ ၃ပွဲဆက် ဂိုးပေါက်ပျောက်နေရပါတယ်။

ဒါ့အပြင် မန်စီးတီးနဲ့ပွဲမှာ နောက်ခံလူ ဂါဘရီရယ်
၂ဝါ၊ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရပြီး လီဗာပူးနဲ့
ဂိုးမရှိသရေကျခဲ့တဲ့ ကာရာဘောင်ဖလား
ပ-အကျော့ပွဲတုန်းကလည်း ကွင်းလယ်လူ
ရှာကာ စောစောစီးစီး အနီကတ်ပြသခံခဲ့ရပါတယ်။