နှစ်သစ်ကူးအကြိုပရီးမီးယားလိဂ် နောက်ဆုံး ၅ပွဲဆက်အနိုင်မရဘူးဆိုတဲ့ ကျိန်စာဆိုးနဲ့ မန်စီးတီး ရင်ဆိုင်ခဲ့ရ

အဲဗာတန်ကိုအိမ်ကွင်းလက်ခံရင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံး

၁၁ပွဲ မှာ ၇ပွဲ နိုင်၊ ၄ပွဲ သရေနဲ့ရှုံးပွဲမရှိခဲ့တဲ့ မန်စီးတီးဟာ

ညာနောက်ခံနေရာမှာ ရီကိုလီဝစ်ကိုအသုံးပြုခဲ့တာကလွဲလို့

ကျန်နေရာတွေမှာ လူစုံထုတ်သုံးသွားခဲ့ပါတယ်။ အဲဗာတန်ကတော့

၃-၅-၂ နဲ့ ၅-၃-၂ ကိုအဆင်ပြေအောင်ကစားဖို့အတွက်

မိုင်ကိုလန်ကိုနဲ့ ပတ်တာဆန်တို့ကို wing back တွေအဖြစ်

အသုံးပြုသွားခဲ့ပြီး ကယ်လ်ဗက်လီဝင်တစ်ဦးတည်းကို

အထောင်ထား ကစားခဲ့ပါတယ်။ နှစ်သစ်ကူးအကြိုမှာကစားခဲ့တဲ့

ပရီးမီးယားလိဂ်နောက်ဆုံး ၄ပွဲဆက်အနိုင်မရခဲ့တဲ့ မန်စီးတီးဟာ

ဒီရာသီအနေအထားနဲ့ကြည့်ရင်တော့ အဖွင့်ဂိုးရခဲ့တဲ့ ၁၂ပွဲမှာ

၁၀ပွဲ နိုင်ပြီးအရှုံးမရှိခဲ့သလို ဒီပွဲမှာလည်း ဟာလန်းရဲ့ ပရီးမီးယားလိဂ်

၂၁ ဂိုးမြောက်သွင်းဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်မှာတော့

ဟာလန်းဟာ ဂွါဒီယိုလာလက်ထက် ပွဲ ၂၀ မှာ ၂၆ ဂိုး သွင်းထားပြီး

စပိန်သားလက်အောက်မှာ ပွဲအရေအတွက်အနည်းဆုံးနဲ့ ၂၅ ဂိုး

အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ်ရပ်တည်ထားနိုင်တာဖြစ်သလို

ပြိုင်ဘက်အဲဗာတန်တစ်သင်းလုံးထက် နော်ဝေသားက ၈ဂိုး

ပိုသွင်းထားတာဖြစ်တယ်။ အဲဗာတန်ကတော့ ၂၀၂၂ အတွင်းကစားခဲ့တဲ့

ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ၂၁ ပွဲအထိရှုံးပြီး အတော်လေး

အခြေအနေဆိုးခဲ့တာဖြစ်တယ်။ ၂၀၂၂ ခုနှစ်ထဲမှာ အဲဗာတန်က

ပရီးမီးယားလိဂ်အဝေးကွင်းရှုံးပွဲအများဆုံး(၁၂ပွဲ)အသင်းဖြစ်နေတာကြောင့်

အီတီဟတ်မှာ သူတို့အတွက်နေရာရဖို့ဆိုတာမလွယ်ခဲ့ပါဘူး။

တော်ဖီတွေဘက်က အားသာချက်ဆိုလို့ နှစ်သစ်ကူးအကြိုကစားခဲ့တဲ့

ပရီးမီးယားလိဂ်နောက်ဆုံး ၆ပွဲဆက်မရှုံးဘူးဆိုတဲ့ အချက်သာရှိခဲ့ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာ မာရက်ဇ်ရဲ့ ပေးပို့မှုကို ဟာလန်းကခက်ခက်ခဲခဲ

ပိတ်သွင်းပြီး မန်စီးတီးကို ဦးဆောင်စေခဲ့ပါတယ်။ ပွဲချိန် ၆၄ မိနစ်မှာ

ဒီမာရိုင်းဂရေးက ဂိုးသမားအီဒါဆန်ရဲ့အေဝးထောင့်ကိုဝေ့ဝိုက်ကန်သွင်းပြီး

အဲဗာတန်အတွက်ချေပဂိုးရယူခဲ့ပါတယ်။ ပွဲချိန် ၈၁ မိနစ်မှာ

မန်စီးတီးက ဒုတိယဂိုးရနိုင်လောက်တဲ့လှုပ်ခတ်မှုမျိုးလုပ်နိုင်ခဲ့ပေမဲ့

လွဲချော်ခဲ့ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာ မန်စီးတီးက

ဖိအားပေးမှုတွေဆက်တိုက်လုပ်နိုင်ခဲ့ပေမဲ့ လိုအပ်တဲ့အနိုင်ဂိုးကိုမရခဲ့ပါဘူး။

zawgyi

ႏွစ္သစ္ကူးအႀကိဳပရီးမီးယားလိဂ္ ေနာက္ဆုံး ၅ပြဲဆက္အႏိုင္မရဘူးဆိုတဲ့ က်ိန္စာဆိုးနဲ႔ မန္စီးတီး ရင္ဆိုင္ခဲ့ရ

အဲဗာတန္ကိုအိမ္ကြင္းလက္ခံရင္ဆိုင္ခဲ့တဲ့ ပရီးမီးယားလိဂ္ေနာက္ဆုံး

၁၁ပြဲ မွာ ၇ပြဲ ႏိုင္၊ ၄ပြဲ သေရနဲ႔ရႈံးပြဲမရွိခဲ့တဲ့ မန္စီးတီးဟာ

ညာေနာက္ခံေနရာမွာ ရီကိုလီဝစ္ကိုအသုံးျပဳခဲ့တာကလြဲလို႔

က်န္ေနရာေတြမွာ လူစုံထုတ္သုံးသြားခဲ့ပါတယ္။ အဲဗာတန္ကေတာ့

၃-၅-၂ နဲ႔ ၅-၃-၂ ကိုအဆင္ေျပေအာင္ကစားဖို႔အတြက္

မိုင္ကိုလန္ကိုနဲ႔ ပတ္တာဆန္တို႔ကို wing back ေတြအျဖစ္

အသုံးျပဳသြားခဲ့ၿပီး ကယ္လ္ဗက္လီဝင္တစ္ဦးတည္းကို

အေထာင္ထား ကစားခဲ့ပါတယ္။ ႏွစ္သစ္ကူးအႀကိဳမွာကစားခဲ့တဲ့

ပရီးမီးယားလိဂ္ေနာက္ဆုံး ၄ပြဲဆက္အႏိုင္မရခဲ့တဲ့ မန္စီးတီးဟာ

ဒီရာသီအေနအထားနဲ႔ၾကည့္ရင္ေတာ့ အဖြင့္ဂိုးရခဲ့တဲ့ ၁၂ပြဲမွာ

၁၀ပြဲ ႏိုင္ၿပီးအရႈံးမရွိခဲ့သလို ဒီပြဲမွာလည္း ဟာလန္းရဲ႕ ပရီးမီးယားလိဂ္

၂၁ ဂိုးေျမာက္သြင္းဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ဒီပြဲမတိုင္ခင္မွာေတာ့

ဟာလန္းဟာ ဂြါဒီယိုလာလက္ထက္ ပြဲ ၂၀ မွာ ၂၆ ဂိုး သြင္းထားၿပီး

စပိန္သားလက္ေအာက္မွာ ပြဲအေရအတြက္အနည္းဆုံးနဲ႔ ၂၅ ဂိုး

အျမန္ဆုံးျပည့္တဲ့ ကစားသမားအျဖစ္ရပ္တည္ထားႏိုင္တာျဖစ္သလို

ၿပိဳင္ဘက္အဲဗာတန္တစ္သင္းလုံးထက္ ေနာ္ေဝသားက ၈ဂိုး

ပိုသြင္းထားတာျဖစ္တယ္။ အဲဗာတန္ကေတာ့ ၂၀၂၂ အတြင္းကစားခဲ့တဲ့

ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ၂၁ ပြဲအထိရႈံးၿပီး အေတာ္ေလး

အေျခအေနဆိုးခဲ့တာျဖစ္တယ္။ ၂၀၂၂ ခုႏွစ္ထဲမွာ အဲဗာတန္က

ပရီးမီးယားလိဂ္အေဝးကြင္းရႈံးပြဲအမ်ားဆုံး(၁၂ပြဲ)အသင္းျဖစ္ေနတာေၾကာင့္

အီတီဟတ္မွာ သူတို႔အတြက္ေနရာရဖို႔ဆိုတာမလြယ္ခဲ့ပါဘူး။

ေတာ္ဖီေတြဘက္က အားသာခ်က္ဆိုလို႔ ႏွစ္သစ္ကူးအႀကိဳကစားခဲ့တဲ့

ပရီးမီးယားလိဂ္ေနာက္ဆုံး ၆ပြဲဆက္မရႈံးဘူးဆိုတဲ့ အခ်က္သာရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာ မာရက္ဇ္ရဲ႕ ေပးပို႔မႈကို ဟာလန္းကခက္ခက္ခဲခဲ

ပိတ္သြင္းၿပီး မန္စီးတီးကို ဦးေဆာင္ေစခဲ့ပါတယ္။ ပြဲခ်ိန္ ၆၄ မိနစ္မွာ

ဒီမာ႐ိုင္းဂေရးက ဂိုးသမားအီဒါဆန္ရဲ႕ေအဝးေထာင့္ကိုေဝ့ဝိုက္ကန္သြင္းၿပီး

အဲဗာတန္အတြက္ေခ်ပဂိုးရယူခဲ့ပါတယ္။ ပြဲခ်ိန္ ၈၁ မိနစ္မွာ

မန္စီးတီးက ဒုတိယဂိုးရႏိုင္ေလာက္တဲ့လႈပ္ခတ္မႈမ်ိဳးလုပ္ႏိုင္ခဲ့ေပမဲ့

လြဲေခ်ာ္ခဲ့ပါတယ္။ ေနာက္ပိုင္းပြဲခ်ိန္ေတြမွာ မန္စီးတီးက

ဖိအားေပးမႈေတြဆက္တိုက္လုပ္ႏိုင္ခဲ့ေပမဲ့ လိုအပ္တဲ့အႏိုင္ဂိုးကိုမရခဲ့ပါဘူး။