နှစ်သစ်ကူးသူရဲကောင်းဘွဲ့ချီးမြှင့်မယ့်စာရင်းမှာထပ်မံချန်လှပ်ခြင်းခံရပြန်တဲ့ ဒေးဗစ်ဘက်ဟမ်း

ဒေးဗစ်ဘက်ဟမ်းဟာသူရဲကောင်းဘွဲ့ချီးမြှင့်ခံရရေးအတွက်

လိုအပ်တဲ့ရှင်းလင်းမှုများစွာပြုလုပ်ခဲ့ပေမယ့်လည်း

နှစ်သစ်ကူးသူရဲကောင်းဘွဲ့ချီးမြှင့်မယ့်စာရင်းမှာထပ်မံချန်လှပ်ခြင်းခံခဲ့ရပါတယ်။

အင်္ဂလန်အတွက်၁၁၅ပွဲကစားကာတတိယပွဲအများဆုံးကစားသူအဖြစ်

ရပ်တည်နေတဲ့ဒေးဗစ်ဘက်ဟမ်းဟာအားကစားလောကရဲ့

စံပြကစားသမားများထဲမှတစ်ဦးလည်းဖြစ်ပါတယ်။

ဒါပေမဲ့သူဟာယခင်တုန်းကအခွန်ရှောင်တိမ်းမှုပြဿနာကြောင့်

ဗြိတိန်ဘုရင်မကြီးရဲ့ဆာဘွဲ့ချီးမြှင့်ခံရမယ့်စာရင်းမှဖယ်ရှားခံခဲ့ရပါတယ်။

သူဟာလွန်ခဲ့တဲ့ဆယ်နှစ်တုန်းကအခွန်ရှောင်တိမ်းမှုကြောင့်

ဆာဘွဲ့ရရှိမယ့်စာရင်းမှချန်လှပ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဒါပေမဲ့သူဟာအခွန်ဌာနထံသို့အယူခံဝင်ကာအခွန်ကြွေးကျန်များကို

ရှင်းလင်းမှုများပြုလုပ်ပြီးနောက်ဇွန်လတွင်ချီးမြှင့်ဆာဘွဲ့စာရင်းတွင်

ထည့်သွင်းခြင်းခံခဲ့ရကြောင်းသတင်းထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့တကယ်တမ်းဆာဘွဲ့ချီးမြှင့်ခြင်းခံရမယ့်စာရင်းထွက်ပေါ်လာချိန်မှာတော့

ဒေးဗစ်ဘက်ဟမ်းဟာထပ်မံချန်လှပ်ခြင်းခံခဲ့ရပါတယ်။

ဒေးဗစ်ဘက်ဟမ်းဟာယခုတစ်ကြိမ်တွင်လည်းဆာဘွဲ့ချီးမြှင့်ခံရမယ့်

စာရင်းမှာချန်လှပ်ခြင်းခံရလို့အကြီးအကျယ်ဒေါသထွက်နေမှာသေချာနေပါတယ်။

သူဟာ၂၀၁၇ခုနှစ်တုန်းကဆာဘွဲ့ချီးမြှင့်ခံရမယ့်စာရင်းမှာချန်လှပ်ခံရပြီးနောက်

ယင်းဆုကိုလုံးဝဂရုမစိုက်ကြောင်းဆိုခဲ့ဖူးပါတယ်။

ဒေးဗစ်ဘက်ဟမ်းဟာအစောပိုင်းတုန်းက

OBE ဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရဖူးသူလည်းဖြစ်ပါတယ်။

zawgyi

ႏွစ္သစ္ကူးသူရဲေကာင္းဘြဲ႕ခ်ီးျမႇင့္မယ့္စာရင္းမွာထပ္မံခ်န္လွပ္ျခင္းခံရျပန္တဲ့ ေဒးဗစ္ဘက္ဟမ္း

ေဒးဗစ္ဘက္ဟမ္းဟာသူရဲေကာင္းဘြဲ႕ခ်ီးျမႇင့္ခံရေရးအတြက္

လိုအပ္တဲ့ရွင္းလင္းမႈမ်ားစြာျပဳလုပ္ခဲ့ေပမယ့္လည္း

ႏွစ္သစ္ကူးသူရဲေကာင္းဘြဲ႕ခ်ီးျမႇင့္မယ့္စာရင္းမွာထပ္မံခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။

အဂၤလန္အတြက္၁၁၅ပြဲကစားကာတတိယပြဲအမ်ားဆုံးကစားသူအျဖစ္

ရပ္တည္ေနတဲ့ေဒးဗစ္ဘက္ဟမ္းဟာအားကစားေလာကရဲ႕

စံျပကစားသမားမ်ားထဲမွတစ္ဦးလည္းျဖစ္ပါတယ္။

ဒါေပမဲ့သူဟာယခင္တုန္းကအခြန္ေရွာင္တိမ္းမႈျပႆနာေၾကာင့္

ၿဗိတိန္ဘုရင္မႀကီးရဲ႕ဆာဘြဲ႕ခ်ီးျမႇင့္ခံရမယ့္စာရင္းမွဖယ္ရွားခံခဲ့ရပါတယ္။

သူဟာလြန္ခဲ့တဲ့ဆယ္ႏွစ္တုန္းကအခြန္ေရွာင္တိမ္းမႈေၾကာင့္

ဆာဘြဲ႕ရရွိမယ့္စာရင္းမွခ်န္လွပ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။

ဒါေပမဲ့သူဟာအခြန္ဌာနထံသို႔အယူခံဝင္ကာအခြန္ေႂကြးက်န္မ်ားကို

ရွင္းလင္းမႈမ်ားျပဳလုပ္ၿပီးေနာက္ဇြန္လတြင္ခ်ီးျမႇင့္ဆာဘြဲ႕စာရင္းတြင္

ထည့္သြင္းျခင္းခံခဲ့ရေၾကာင္းသတင္းထြက္ေပၚခဲ့ပါတယ္။

ဒါေပမဲ့တကယ္တမ္းဆာဘြဲ႕ခ်ီးျမႇင့္ျခင္းခံရမယ့္စာရင္းထြက္ေပၚလာခ်ိန္မွာေတာ့

ေဒးဗစ္ဘက္ဟမ္းဟာထပ္မံခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။

ေဒးဗစ္ဘက္ဟမ္းဟာယခုတစ္ႀကိမ္တြင္လည္းဆာဘြဲ႕ခ်ီးျမႇင့္ခံရမယ့္

စာရင္းမွာခ်န္လွပ္ျခင္းခံရလို႔အႀကီးအက်ယ္ေဒါသထြက္ေနမွာေသခ်ာေနပါတယ္။

သူဟာ၂၀၁၇ခုႏွစ္တုန္းကဆာဘြဲ႕ခ်ီးျမႇင့္ခံရမယ့္စာရင္းမွာခ်န္လွပ္ခံရၿပီးေနာက္

ယင္းဆုကိုလုံးဝဂ႐ုမစိုက္ေၾကာင္းဆိုခဲ့ဖူးပါတယ္။

ေဒးဗစ္ဘက္ဟမ္းဟာအေစာပိုင္းတုန္းက

OBE ဘြဲ႕ခ်ီးျမႇင့္ျခင္းခံခဲ့ရဖူးသူလည္းျဖစ္ပါတယ္။