နှစ်သစ်ကို ဟက်ထရစ်နဲ့ စတင်နိုင်ခဲ့တဲ့ ဘက်ပီ

တနင်္လာညက ကစားခဲ့တဲ့ စတုတ္ထတန်းကလပ်ဗန်နက်စ်နဲ့

ပြင်သစ်အက်ဖ်အေဖလား ၃၂ သင်းအဆင့်ပွဲစဉ်မှာ အမ်ဘက်ပီရဲ့

ဟက်ထရစ်ဂိုးနဲ့အတူ ပီအက်စ်ဂျီဟာ ၄-၀ နဲ့ အနိုင်ရခဲ့ပါတယ်။

အဲဒီပွဲမှာ အမ်ဘက်ပီဟာ ၁၈ မိနစ်တာကာလအတွင်း

ပီအက်စ်ဂျီအတွက် ၃ ဂိုးသွင်းပေးနိုင်ခဲ့တာပါ။

တစ်နည်းအားဖြင့် သူဟာ နှစ်သစ် ၂၀၂၂ ကို ဟက်ထရစ်ဂိုးနဲ့ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အမ်ဘက်ပီဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ် ၂၅ ပွဲမှာ ၁၈ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာတော့ အမ်ဘက်ပီဟာ

၂၀၁ ဂိုးရှိသွားခဲ့တာ ဖြစ်ပါတယ်။ ၂၃ နှစ်အရွယ် ကစားသမားတစ်ယောက်က

ပရိုကစားသမားဘ၀ ဂိုး ၂၀၀ ကျော်သွင်းထားတာဆိုတော့

တကယ့်ကိုအောချလောက်စရာစွမ်းဆောင်နိုင်မှုပါ။

အဲဒီမှာ သူဟာ လက်ရှိကလပ်အသင်း ပီအက်စ်ဂျီအတွက်

ဂိုးပေါင်း ၁၅၀ သွင်းယူထားတာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း သူဟာ ပီအက်စ်ဂျီအတွက် ဂိုး ၁၅၀ သွင်းပေးနိုင်ခဲ့တဲ့

တတိယမြောက်ကစားသမားဖြစ်လာပါတယ်။

အမ်ဘက်ပီဟာ အသင်းဟောင်းမိုနာကိုအတွက် ၂၇ ဂိုးသွင်းပေးခဲ့ပြီး

ပြင်သစ်လက်ရွေးစင်အသင်းအတွက်တော့ ၂၄ ဂိုးသွင်းပေးထားတာပါ။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဂိုးသွင်းစက်ဖြစ်နေတာကြောင့်လည်း ရီးရဲလ်က

သူ့ကို အသည်းအသန်ခေါ်ယူလိုနေပြီး သူကိုယ်တိုင်ကလည်း

သူ့အိပ်မက်အသင်းဖြစ်တဲ့ အဲဒီကိုပြောင်းချင်နေတာပါ။

ဒါပေမဲ့ ပီအက်စ်ဂျီကတော့ အမ်ဘက်ပီကို ကာလရှည်စာချုပ်သစ်နဲ့ ထိန်းထားလိုနေပါတယ်။

ပီအက်စ်ဂျီဟာ ပြင်သစ်အက်ဖ်အေဖလား နောက်ဆုံး ၇ ကြိမ်မှာ

၆ ကြိမ်ဗိုလ်စွဲထားပြီး ၂၀၁၅ နောက်ပိုင်းကတည်းက

အဲဒီမှာ ဗိုလ်လုပွဲကို နှစ်တိုင်းတက်ရောက်နိုင်ခဲ့တာပါ။

zawgyi
























