အိုးလ်ထရက်ဖို့ဒ်ကွင်းထဲက ယူနိုက်တက်နဲ့ ဘာစီလိုနာကစားသမားတွေ
ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ ဘရာဇီးကြယ်ပွင့် ကက်စ်မီရိုရဲ့တုံ့ပြန်ပုံက
ရယ်စရာကောင်းခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ရေပန်းအစားဆုံးတစ်သင်းဖြစ်တဲ့
ယူနိုက်တက်ဟာ နှစ်ကျော့ပေါင်းရလဒ် ၄-၃ နဲ့ ဘာစီလိုနာကိုကျော်ဖြတ်ခဲ့တာဖြစ်တယ်။
ဘာစီလိုနာက လီဝန်ဒေါစကီးရဲ့ ပင်နယ်တီဂိုးနဲ့စတင်ဦးဆောင်ခဲ့ပေမယ့်
ဘရာဇီးကစားသမားတွေဖြစ်တဲ့ ဖရက်ဒ်နဲ့ အန်တိုနီတို့က သရဲနီတွေအတွက်
နှစ်ဂိုးသွင်းယူပြီး စပိန်ထိပ်သီးကလပ်ကို ယူရိုပါလိဂ်ပြိုင်ပွဲက ဖယ်ထုတ်နိုင်ခဲ့တာပါ။
ဒုတိယပိုင်းပွဲစဉ်အလယ်လောက်မှာတော့ ဘစ်ဆာကာက ဖရန်ကီဒီဂျောင်ကို
ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးနောက် မြေပေါ်လဲကျနေတဲ့ နယ်သာလန်သားကို
ဘရူနိုဖာနန်ဒက်စ်က ဘောလုံးနဲ့တည်ကန်ခဲ့တာဖြစ်တယ်။
နှစ်ဖက်ကစားသမားတွေဟာ ထိပ်တိုက်တွေ့မှုမှာပါဝင်ဖို့အတွက်
အလျင်အမြန်ပြေးလာခဲ့ကြပါတယ်။ ဒါပေမယ့် တစ်ယောက်သောသူကတော့
အဖြစ်အပျက်ကိုမမြင်ချင်ယောင်ဆောင်ခဲ့တာပါ။ ကက်စ်မီရိုဟာ ခေါင်းပေါ်
လက်တင်ပြီး ဘာတွေဖြစ်နေသလဲဆိုတာသိဖို့ နောက်ကိုလှမ်းကြည့်ခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ ပဲလေ့စ်နဲ့ပွဲစဉ်မှာ အခုလိုမျိုးထိပ်တိုက်
တွေ့ဆုံတဲ့ထဲကိုပါဝင်ခဲ့ပြီး ပြိုင်ဘက်ကွင်းလယ်လူ ဝဲလ်ဟုချ်ကိုလည်ပင်းညှစ်တဲ့
ပုံစံပြုမှုခဲ့တာကြောင့် အနီကတ်နဲ့ထုတ်ပယ်ခံရပြီး ၃ပွဲ ပယ်ကျခံထားရသူဖြစ်တယ်။
ရီးရဲလ်ကစားသမားဟောင်းဖြစ်တာကြောင့် ဘာစီလိုနာနဲ့ရင်ဆိုင်ရတဲ့ပွဲတွေ
ဘယ်လောက်ပြင်းထန်တယ်ဆိုတာ ကက်စ်မီရိုသိထားပါတယ်။
သူ့ရဲ့တုံ့ပြန်ပုံကိုမြင်တဲ့ ပရိသတ်တွေကတော့ “ဘရို…မွေးနေ့မှာအားလပ်ရက်
တစ်ရက်ယူဖို့ဆုံးဖြတ်လိုက်တယ်၊ ကျွန်တော် သူ့ကိုအပြစ်မတင်ပါဘူး” ၊
“ဘာဖြစ်မယ်ဆိုတာ သူသိတယ်။ ထက်မြက်တဲ့ကောင်” ၊
“သူ့မျက်နှာမှာပြန်ပြောနိုင်တဲ့ ရင်ခုန်သံတွေရလာတယ်။ မင်း ကက်စ်မီရိုကိုချစ်တတ်ရမယ်” ၊
“ကက်စ်မီရိုက ကျွန်တော်မပါဘူးလို့ပြောပါတယ်” လို့ အသီးသီး မှတ်ချက်ပေးခဲ့ကြပါတယ်။
zawgyi
နှစ်ဖက်ကစားသမားတွေရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့အပေါ် မသိသလိုသာနေလိုက်တဲ့ ကက်စ်မီရိုရဲ့တုံ့ပြန်မှုကို ပရိသတ်တွေသဘောကျနေ
တွေ့ဆုံတဲ့ထဲကိုပါဝင်ခဲ့ပြီး ပြိုင်ဘက်ကွင်းလယ်လူ ဝဲလ်ဟုခ်ျကိုလည်ပင်းညှစ်တဲ့