
ဂါရတ်ဘေးလ်ဟာ အမေရိကန်အသင်းဘက်ကို ပင်နယ်တီကတစ်ဆင့်ချေပဂိုးပြန်လည်ရယူပေးခဲ့ပြီး ဒီသွင်းဂိုးဟာ ၆၄နှစ်အတွင်း ဝေးလ်အသင်းအတွက်ပထမဆုံးကမ္ဘာ့ဖလား





သွင်းဂိုးအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝေးလ်အသင်းက ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့်ပြိုင်ပွဲနဲ့အလှမ်းဝေးနေတာဟာ





နှစ်ပေါင်း ၆၀ကျော်နေပြီဖြစ်တယ်။ နည်းပြရော့ဘ်ပေ့ချ်ရဲ့အသင်းဟာ ယူကရိန်းနဲ့ပလေးအော့ဖ်ပွဲစဉ်မှာအနိုင်ရပြီး ကာတာကမ္ဘာ့ဖလားကိုနောက်ဖေးပေါက်ကဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်။
ယူရို ၂၀၁၆ မှာ ဝေးလ်အသင်းကမထင်မှတ်တဲ့အနေအထားနဲ့ဆီမီးဖိုင်နယ်အထိတက်ရောက်ခဲ့ပေမဲ့ ကမ္ဘာ့ဖလားနဲ့ပတ်သတ်ရင်တော့ နောက်ကောက်ကျနေဆဲဖြစ်တယ်။
ဘရာဇီးဂန္တဝင်တိုက်စစ်မှူးကြီးပီလီရဲ့ အကျော်ကြားဆုံးနေ့ရက်တွေနောက်ပိုင်းမှာ ဝေးလ်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့အလှမ်းဝေးနေခဲ့တာဖြစ်တယ်။





ကာတာကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်မှာတော့ အမေရိကန်နဲ့ရင်ဆိုင်ခဲ့ပြီး တီမိုသီဝီယာရဲ့ဂိုးနဲ့အရေးနိမ့်လုနီးပါးဖြစ်ခဲ့ပေမဲ့ ပွဲချိန် ၈၂ မိနစ်မှာ ရီးရဲလ်တိုက်စစ်မှူးဟောင်းဂါရတ်ဘေးလ်ဟာ





ပင်နယ်တီကတစ်ဆင့်ချေပဂိုးသွင်းယူပေးခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၆၄နှစ်ကြာ ဂိုးမရခဲ့မှုကိုအဆုံးသတ်နိုင်ခဲ့တာဖြစ်တယ်။
(Zawgyi)
ႏွစ္ေပါင္း ၆၀ ေက်ာ္အတြင္း ေဝးလ္အသင္းအတြက္ ပထမဆုံးကမာၻ႔ဖလားသြင္းဂိုးျပန္လည္ရယူေပးခဲ့တဲ့ ဂါရတ္ေဘးလ္





ဂါရတ္ေဘးလ္ဟာ အေမရိကန္အသင္းဘက္ကို ပင္နယ္တီကတစ္ဆင့္ေခ်ပဂိုးျပန္လည္ရယူေပးခဲ့ၿပီး ဒီသြင္းဂိုးဟာ ၆၄ႏွစ္အတြင္း ေဝးလ္အသင္းအတြက္ပထမဆုံးကမာၻ႔ဖလားသြင္းဂိုးအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။
၁၉၅၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေဝးလ္အသင္းကကြာတားဖိုင္နယ္အဆင့္အထိတက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔အဆင့္ၿပိဳင္ပြဲနဲ႔အလွမ္းေဝးေနတာဟာ





ႏွစ္ေပါင္း ၆၀ေက်ာ္ေနၿပီျဖစ္တယ္။ နည္းျပေရာ့ဘ္ေပ့ခ်္ရဲ႕အသင္းဟာ ယူကရိန္းနဲ႔ပေလးေအာ့ဖ္ပြဲစဥ္မွာအႏိုင္ရၿပီး ကာတာကမာၻ႔ဖလားကိုေနာက္ေဖးေပါက္ကဝင္ေရာက္ႏိုင္ခဲ့တာျဖစ္တယ္။
ယူ႐ို ၂၀၁၆ မွာ ေဝးလ္အသင္းကမထင္မွတ္တဲ့အေနအထားနဲ႔ဆီမီးဖိုင္နယ္အထိတက္ေရာက္ခဲ့ေပမဲ့ ကမာၻ႔ဖလားနဲ႔ပတ္သတ္ရင္ေတာ့ ေနာက္ေကာက္က်ေနဆဲျဖစ္တယ္။
ဘရာဇီးဂႏၲဝင္တိုက္စစ္မႉးႀကီးပီလီရဲ႕အေက်ာ္ၾကားဆုံးေန႔ရက္ေတြေနာက္ပိုင္းမွာ ေဝးလ္အသင္းက ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔အလွမ္းေဝးေနခဲ့တာျဖစ္တယ္။





ကာတာကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္မွာေတာ့ အေမရိကန္နဲ႔ရင္ဆိုင္ခဲ့ၿပီး တင္မိုသီဝီယာရဲ႕ဂိုးနဲ႔အေရးနိမ့္လုနီးပါးျဖစ္ခဲ့ေပမဲ့ ပြဲခ်ိန္ ၈၂ မိနစ္မွာ
ရီးရဲလ္တိုက္စစ္မႉးေဟာင္းဂါရတ္ေဘးလ္ဟာ ပင္နယ္တီကတစ္ဆင့္ေခ်ပဂိုးသြင္းယူေပးခဲ့ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ၆၄ႏွစ္ၾကာ ဂိုးမရခဲ့မႈကိုအဆုံးသတ္ႏိုင္ခဲ့တာျဖစ္တယ္။