
အာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲမှာ အီဂျစ်နဲ့ပင်နယ်တီအဆုံးအဖြတ်ကန်တော့
အသင်းခေါင်းဆောင်မာနီရဲ့အနိုင်ဂိုးနဲ့ ဆီနီဂေါဟာ အဲဒီပြိုင်ပွဲမှာ ပထမဆုံးအကြိမ်
ဗိုလ်စွဲခဲ့ပါတယ်။ အဲဒီလီဗာပူးတိုက်စစ်မှုးဟာ သာမန်ပွဲချိန်တုန်းက ပင်နယ်တီ
ကန်ခွင့်ရခဲ့ရာမှာ အသုံးမချနိုင်ခဲ့ပေမယ့် တကယ့်အဆုံးအဖြတ်အချိန်မှာတော့
သူ့ပင်နယ်တီဂိုးနဲ့ ဆီနီဂေါကို ဗိုလ်စွဲစေခဲ့တာပါ။
မာနီရဲ့ဂိုးနဲ့ ဆီနီဂေါဗိုလ်မစွဲခင် ချဲလ်ဆီးဂိုးသမားမန်ဒီက အီဂျစ်ဘက်က ကန်သွင်းမှုကို
ကာကွယ်ထားတာဖြစ်ပြီး ပင်နယ်တီရလဒ် ၄-၂ နဲ့ အနိုင်ရခဲ့တာပါ။
လီဗာပူးတိုက်စစ်အသင်းဖော်နှစ်ယောက်၊ နိုင်ငံအသင်းအသင်းခေါင်းဆောင်နှစ်ယောက်ရဲ့
အားပြိုင်ပွဲမှာ မာနီက ဆာလာကို အသာရခဲ့တာ ဖြစ်ပါတယ်။
ဆီနီဂေါက အရင်က အာဖရိကဖလားမှာ ဗိုလ်လုပွဲ ၂ ကြိမ်ရောက်ခဲ့ပေမယ့်
ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပြီး တတိယအကြိမ်ရောက်မှာသာ ဆုဖလားကိုင်မြှောက်နိုင်ခဲ့တာပါ။
အီဂျစ်ကတော့ အာဖရိကဖလားမှာ စံချိန်ထပ်တိုးအဖြစ် ၈ ကြိမ်မြောက်ဗိုလ်စွဲနိုင်မယ့်
အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ ဆီနီဂေါနည်းပြအလူးဆစ်ဆီကတော့ သူတို့ပြည်သူတွေဟာ
ဒီအောင်ပွဲအတွက် နှစ်ပေါင်း ၆၀ ကျော်စောင့်ခဲ့ရတာလို့ အရမ်းကိုစိတ်ခံစားရတဲ့ပုံစံနဲ့ ပြောသွားခဲ့ပါတယ်။
ဆီနီဂေါဟာ အလူးဆစ်ဆီလက်ထက် လွန်ခဲ့တဲ့ ၃ နှစ်တာအတွင်းမှာ အာဖရိကရဲ့
ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်အမြင့်ဆုံးအသင်းဖြစ်ခဲ့တာပါ။
သူကိုယ်တိုင်ကလည်း အသင်းခေါင်းဆောင်အဖြစ် ၂၀၀၂ ဗိုလ်လုပွဲကို နွှဲခဲ့တုန်းက
အဆုံးအဖြတ်ပင်နယ်တီလွဲခဲ့ဖူးတာကြောင့် အခုအောင်ပွဲအတွက် ဝမ်းသာအားရဖြစ်နေပါတယ်။
ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားဆုကို မာနီက ရရှိသွားခဲ့ပြီး ပြိုင်ပွဲရဲ့
အကောင်းဆုံးဂိုးသမားဆုကိုတော့ ဗိုလ်လုပွဲမှာ clean sheet ကစားနိုင်ခဲ့တဲ့
မန်ဒီက ရရှိသွားခဲ့တာပါ။
Zawgyi
ႏွစ္ေပါင္း ၆၀ ေက်ာ္ေစာင့္ခဲ့ရတဲ့ ဆီနီေဂါရဲ႕အာဖရိကဖလားေအာင္ပြဲ
အာဖရိကႏိုင္ငံမ်ားဖလားဗိုလ္လုပြဲမွာ အီဂ်စ္နဲ႔ပင္နယ္တီအဆုံးအျဖတ္ကန္ေတာ့
အသင္းေခါင္းေဆာင္မာနီရဲ႕အႏိုင္ဂိုးနဲ႔ ဆီနီေဂါဟာ အဲဒီၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္
ဗိုလ္စြဲခဲ့ပါတယ္။ အဲဒီလီဗာပူးတိုက္စစ္မႈးဟာ သာမန္ပြဲခ်ိန္တုန္းက ပင္နယ္တီ
ကန္ခြင့္ရခဲ့ရာမွာ အသုံးမခ်ႏိုင္ခဲ့ေပမယ့္ တကယ့္အဆုံးအျဖတ္အခ်ိန္မွာေတာ့
သူ႔ပင္နယ္တီဂိုးနဲ႔ ဆီနီေဂါကို ဗိုလ္စြဲေစခဲ့တာပါ။
မာနီရဲ႕ဂိုးနဲ႔ ဆီနီေဂါဗိုလ္မစြဲခင္ ခ်ဲလ္ဆီးဂိုးသမားမန္ဒီက အီဂ်စ္ဘက္က ကန္သြင္းမႈကို
ကာကြယ္ထားတာျဖစ္ၿပီး ပင္နယ္တီရလဒ္ ၄-၂ နဲ႔ အႏိုင္ရခဲ့တာပါ။
လီဗာပူးတိုက္စစ္အသင္းေဖာ္ႏွစ္ေယာက္၊ ႏိုင္ငံအသင္းအသင္းေခါင္းေဆာင္ႏွစ္ေယာက္ရဲ႕
အားၿပိဳင္ပြဲမွာ မာနီက ဆာလာကို အသာရခဲ့တာ ျဖစ္ပါတယ္။
ဆီနီေဂါက အရင္က အာဖရိကဖလားမွာ ဗိုလ္လုပြဲ ၂ ႀကိမ္ေရာက္ခဲ့ေပမယ့္
ဒုတိယနဲ႔သာ ေက်နပ္ခဲ့ရၿပီး တတိယအႀကိမ္ေရာက္မွာသာ ဆုဖလားကိုင္ေျမႇာက္ႏိုင္ခဲ့တာပါ။
အီဂ်စ္ကေတာ့ အာဖရိကဖလားမွာ စံခ်ိန္ထပ္တိုးအျဖစ္ ၈ ႀကိမ္ေျမာက္ဗိုလ္စြဲႏိုင္မယ့္
အခြင့္အေရးကို လက္လႊတ္ခဲ့ရပါတယ္။ ဆီနီေဂါနည္းျပအလူးဆစ္ဆီကေတာ့ သူတို႔ျပည္သူေတြဟာ
ဒီေအာင္ပြဲအတြက္ ႏွစ္ေပါင္း ၆၀ ေက်ာ္ေစာင့္ခဲ့ရတာလို႔ အရမ္းကိုစိတ္ခံစားရတဲ့ပုံစံနဲ႔ ေျပာသြားခဲ့ပါတယ္။
ဆီနီေဂါဟာ အလူးဆစ္ဆီလက္ထက္ လြန္ခဲ့တဲ့ ၃ ႏွစ္တာအတြင္းမွာ အာဖရိကရဲ႕
ဖီဖာကမာၻ႔အဆင့္သတ္မွတ္ခ်က္အျမင့္ဆုံးအသင္းျဖစ္ခဲ့တာပါ။
သူကိုယ္တိုင္ကလည္း အသင္းေခါင္းေဆာင္အျဖစ္ ၂၀၀၂ ဗိုလ္လုပြဲကို ႏႊဲခဲ့တုန္းက
အဆုံးအျဖတ္ပင္နယ္တီလြဲခဲ့ဖူးတာေၾကာင့္ အခုေအာင္ပြဲအတြက္ ဝမ္းသာအားရျဖစ္ေနပါတယ္။
ၿပိဳင္ပြဲတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားဆုကို မာနီက ရရွိသြားခဲ့ၿပီး ၿပိဳင္ပြဲရဲ႕
အေကာင္းဆုံးဂိုးသမားဆုကိုေတာ့ ဗိုလ္လုပြဲမွာ clean sheet ကစားႏိုင္ခဲ့တဲ့
မန္ဒီက ရရွိသြားခဲ့တာပါ။