
ဘာစီလိုနာအသင်းဟာ မနေ့ညတုန်းက ယူရိုပါလိဂ် ၃၂ သင်းအဆင့်အဖြစ်
နာပိုလီနဲ့ အိမ်ကွင်းကစားခဲ့ရာမှာ သူတို့ပရိသတ်တွေဟာ
ယူရိုပါလိဂ်တေးသွား ကိုဖွင့်လှစ်တဲ့အချိန်မှာ မင်သက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဘာစီလိုနာဟာ နှစ်ပေါင်း၂၀ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ်
ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေထွက်ခဲ့ရတဲ့အတွက်
ယူရိုပါလိဂ်ကိုရောက်ရှိသွားခဲ့ရတာပါ။
သူတို့ဟာအုပ်စုတွင်းမှာ ဘိုင်ယန်မြူးနစ်နဲ့ ဘင်ဖီကာ တို့ရဲ့နောက်မှာသာ
ရပ်တည်ခဲ့လို့ အသင်းရဲ့သမိုင်းမှာ ပထဆုံးအကြိမ်အဖြစ်
ယူရိုပါလိဂ်ပြိုင်ပွဲကိုဆင်းကစားခဲ့ရတာပါ။
ပွဲမစခင်မှာ နှစ်ဖက်အသင်းသားတွေကွင်းထဲမှာတန်းစီ နေကြတဲ့အချိန်မှာ
ဖွင့်လှစ်လိုက်တာက ယူရိုပါလိဂ်တေးသွားဖြစ်နေလို့
ပရိသတ်တွေဟာ ဘယ်လိုမှမယုံကြည်နိုင်အောင်ဖြစ်ခဲ့တာပါ။
သူတို့နားထဲမှာယဉ်နေတာက ချန်ပီယံလိဂ်တေးသွားသာဖြစ်လို့
ယူရိုပါလိဂ်တေးသွားကြားလိုက်ချိန်မှာ မယုံနိုင်လောက်အောင်ဖြစ်ပြီး
အဲဒီတော့မှသာ သူတို့တွေယူရိုပါလိဂ်မှာကစားနေရာပါလားဆိုတဲ့
အသိဝင်သွားကြတာလို့ စပိန်မီဒီယာတွေက ဖော်ပြပါတယ်။
တွစ်တာပေါ်မှာလည်း ဘာစီလိုနာ ကယူရိုပါလိဂ်ကစားရမှုအပေါ်
မယုံနိုင်တဲ့ မှတ်ချက်တွေ၊ မကျေနပ်တဲ့မှတ်ချက်တွေထွက်ပေါ်နေပါတယ်။
တစ်ဦးက” ယူရိုပါလိဂ်တေးသွား ကြားလိုက်ရချိန်မှာ
တကယ့်ကိုစိတ်ရှုပ်ထွေးခဲ့ရတယ်” လို့ဆိုပါတယ်။
နောက်တစ်ယောက်ကလည်း” ယူရိုပါလိဂ်သီချင်းသံကြားလိုက်ရချိန်မှာ
အရင်၁၀ နှစ်တုန်းက ဘာစီလိုနာဟာ ဥရောပမှာ အကောင်းဆုံးအသင်း
ဖြစ်ခဲ့တယ်ဆိုတာကိုတောင် မယုံနိုင်တော့ဘူး” လို့ကြေကွဲပြပါတယ်။
နောက်ထပ်ပို့စ်တစ်ခုမှာ” အခုတော့ နူးကမ့်မှာယူရိုပါလိဂ် ကစားရပြီပေါ့လေ၊
မယုံနိုင်စရာပါဘဲ။လက်မခံချင်လို့လည်းမရတော့ဘူး” လို့ရေးခဲ့ပါတယ်။
နောက်ထပ်တစ်ယောက်ကတော့ တော်တော့်ကိုပေါက်ကွဲနေပြီး”
စိတ်လှုပ်ရှားမှုတွေ၊ ခံစားချက်တွေကိုငါောက်ရေးမလုပ်ဘူး။
ဘာစီလိုနာရဲ့လူစာရင်းကြည့်ပြီး ယူရိုပါလိဂ်သီချင်းသံကြားရတာဟာ
တကယ့် f*****g ဘဲ”လို့ဆိုခဲ့ပါတယ်။
ဒီပွဲမှာဘာစီလိုနာဟာ တောရက်စ်ရဲ့အငြင်းပွားဖွယ်ပင်နယ်တီဂိုးနဲ့
၁-၁ သရေသာရခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့ရုန်းကန်ရမှာဖြစ်ပါတယ်။
zawgyi
ႏွစ္ေပါင္း၂၀ အတြင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ ယူ႐ိုပါလိဂ္ကိုေရာက္ရွိသြားခဲ့ရတဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင္းဟာ မေန႔ညတုန္းက ယူ႐ိုပါလိဂ္ ၃၂ သင္းအဆင့္အျဖစ္
နာပိုလီနဲ႔ အိမ္ကြင္းကစားခဲ့ရာမွာ သူတို႔ပရိသတ္ေတြဟာ
ယူ႐ိုပါလိဂ္ေတးသြား ကိုဖြင့္လွစ္တဲ့အခ်ိန္မွာ မင္သက္ခဲ့ၾကတယ္လို႔ သိရပါတယ္။
ဘာစီလိုနာဟာ ႏွစ္ေပါင္း၂၀ အတြင္းမွာ ပထမဆုံးအႀကိမ္အျဖစ္
ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေနထြက္ခဲ့ရတဲ့အတြက္
ယူ႐ိုပါလိဂ္ကိုေရာက္ရွိသြားခဲ့ရတာပါ။
သူတို႔ဟာအုပ္စုတြင္းမွာ ဘိုင္ယန္ျမဴးနစ္နဲ႔ ဘင္ဖီကာ တို႔ရဲ႕ေနာက္မွာသာ
ရပ္တည္ခဲ့လို႔ အသင္းရဲ႕သမိုင္းမွာ ပထဆုံးအႀကိမ္အျဖစ္
ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကိုဆင္းကစားခဲ့ရတာပါ။
ပြဲမစခင္မွာ ႏွစ္ဖက္အသင္းသားေတြကြင္းထဲမွာတန္းစီ ေနၾကတဲ့အခ်ိန္မွာ
ဖြင့္လွစ္လိုက္တာက ယူ႐ိုပါလိဂ္ေတးသြားျဖစ္ေနလို႔
ပရိသတ္ေတြဟာ ဘယ္လိုမွမယုံၾကည္ႏိုင္ေအာင္ျဖစ္ခဲ့တာပါ။
သူတို႔နားထဲမွာယဥ္ေနတာက ခ်န္ပီယံလိဂ္ေတးသြားသာျဖစ္လို႔
ယူ႐ိုပါလိဂ္ေတးသြားၾကားလိုက္ခ်ိန္မွာ မယုံႏိုင္ေလာက္ေအာင္ျဖစ္ၿပီး
အဲဒီေတာ့မွသာ သူတို႔ေတြယူ႐ိုပါလိဂ္မွာကစားေနရာပါလားဆိုတဲ့
အသိဝင္သြားၾကတာလို႔ စပိန္မီဒီယာေတြက ေဖာ္ျပပါတယ္။
တြစ္တာေပၚမွာလည္း ဘာစီလိုနာ ကယူ႐ိုပါလိဂ္ကစားရမႈအေပၚ
မယုံႏိုင္တဲ့ မွတ္ခ်က္ေတြ၊ မေက်နပ္တဲ့မွတ္ခ်က္ေတြထြက္ေပၚေနပါတယ္။
တစ္ဦးက” ယူ႐ိုပါလိဂ္ေတးသြား ၾကားလိုက္ရခ်ိန္မွာ
တကယ့္ကိုစိတ္ရႈပ္ေထြးခဲ့ရတယ္” လို႔ဆိုပါတယ္။
ေနာက္တစ္ေယာက္ကလည္း” ယူ႐ိုပါလိဂ္သီခ်င္းသံၾကားလိုက္ရခ်ိန္မွာ
အရင္၁၀ ႏွစ္တုန္းက ဘာစီလိုနာဟာ ဥေရာပမွာ အေကာင္းဆုံးအသင္း
ျဖစ္ခဲ့တယ္ဆိုတာကိုေတာင္ မယုံႏိုင္ေတာ့ဘူး” လို႔ေၾကကြဲျပပါတယ္။
ေနာက္ထပ္ပို႔စ္တစ္ခုမွာ” အခုေတာ့ ႏူးကမ့္မွာယူ႐ိုပါလိဂ္ ကစားရၿပီေပါ့ေလ၊
မယုံႏိုင္စရာပါဘဲ။လက္မခံခ်င္လို႔လည္းမရေတာ့ဘူး” လို႔ေရးခဲ့ပါတယ္။
ေနာက္ထပ္တစ္ေယာက္ကေတာ့ ေတာ္ေတာ့္ကိုေပါက္ကြဲေနၿပီး”
စိတ္လႈပ္ရွားမႈေတြ၊ ခံစားခ်က္ေတြကိုငါောက္ေရးမလုပ္ဘူး။
ဘာစီလိုနာရဲ႕လူစာရင္းၾကည့္ၿပီး ယူ႐ိုပါလိဂ္သီခ်င္းသံၾကားရတာဟာ
တကယ့္ f*****g ဘဲ”လို႔ဆိုခဲ့ပါတယ္။
ဒီပြဲမွာဘာစီလိုနာဟာ ေတာရက္စ္ရဲ႕အျငင္းပြားဖြယ္ပင္နယ္တီဂိုးနဲ႔
၁-၁ သေရသာရခဲ့တာေၾကာင့္ ေနာက္တစ္ဆင့္တက္ဖို႔႐ုန္းကန္ရမွာျဖစ္ပါတယ္။