နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရတာတောင်ဇွဲမလျှော့ဘဲ မက်ဆီရဲ့အင်္ကျီကို အဖွန်ဆိုဒေးဗီးစ် အရယူပြခဲ့

ပါရီမှာကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအေကျာ့ပွဲစဉ်မှာတော့

ဘိုင်ယန်မြူးနစ်က တောင်ပံတိုက်စစ်ကစားသမား ကင်စလေကိုမန်းရဲ့

တစ်လုံးတည်းသောဂိုးနဲ့ ပီအက်စ်ဂျီကိုအနိုင်ရခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ကနေဒါနောက်ခံလူ

အဖွန်ဆိုဒေးဗီးစ်ဟာ မက်ဆီနဲ့အင်္ကျီချင်းလဲလှယ်ခွင့်တောင်းဆိုခဲ့ပြီး

ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့အိပ်မက်တွေအမှန်တကယ်အသက်ဝင်ခဲ့တာဖြစ်တယ်။

အဖွန်ဆိုဒေးဗီးစ်ဟာ လွန်ခဲ့တဲ့ ၂နှစ်ခွဲလောက်တုန်းက မက်ဆီနဲ့ အင်္ကျီချင်းလဲဖို့

တောင်းဆိုခဲ့ပေမဲ့ အငြင်းခံခဲ့ရဖူးပါတယ်။ ၂၀၂၀ သြဂုတ်လအတွင်းမှာ

ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာတို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကစားခဲ့သလို

ဂျာမန်ဘီလူးကြီးက ၈ဂိုး အထိသွင်းခဲ့တာကြောင့် မက်ဆီဟာ

စိတ်ပျက်လက်ပျက်ဖြစ်ပြီး အဖွန်ဆိုဒေးဗီးစ်ရဲ့ဆန္ဒကိုငြင်းဆန်လိုက်တာဖြစ်တယ်။

ဒါနဲ့ပက်သတ်လို့ ဒေးဗီးစ်က “ကျွန်တော် တောင်းဆိုခဲ့ပေမယ့် သူနည်းနည်း

စိတ်ဆိုးသွားတယ်ထင်တယ်။ အဆင်ပြေပါ နောက်တစ်ကြိမ်မျှော်လင့်ပါတယ်” လို့

အဖွန်ဆိုဒေးဗီးစ်က BT Sport နဲ့တွေ့ဆုံမှုမှာ ပြောဆိုခဲ့ဖူးပါတယ်။

ဒါပေမဲ့ ရက်ပေါင်း ၉၀၀ ကျော်ကြာပြီးတဲ့နောက်မှာတော့ အသက် ၂၂နှစ်အရွယ်

ကနေဒါကြယ်ပွင့်ဟာ သူအမြဲအိပ်မက်ခဲ့တဲ့ မက်ဆီရဲ့အင်္ကျီကိုအရယူသွားနိုင်ခဲ့ပါပြီ။

မက်ဆီနဲ့အင်္ကျီလဲလှယ်ခွင့်ရခဲ့ပြီးနောက် အဖွန်ဆိုဒေးဗီးစ်ဟာ အသင်းဖော်မူလာနဲ့အတူ

ကွင်းထဲကနေ Parc des Princes အဝတ်လဲခန်းထဲကို ပီတိတွေဖြာပြီး

လျှောက်လှမ်းသွားခဲ့တာကိုတွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကိုမြင်တဲ့ ပရိသတ်တစ်ယောက်က

“ဒီပွဲမှာ အကောင်းဆုံးဖြစ်ခဲ့တာကတော့ အဖွန်ဆိုဒေးဗီးစ်ဟာ ၃နှစ်လောက်ကြာပြီးမှ

မက်ဆီရဲ့အင်္ကျီကိုရခဲ့တာပါ” လို့ မှတ်ချက်ပေးခဲ့သလို ဒုတိယတစ်ယောက်က

“အဖွန်ဆိုဒေးဗီးစ်က မက်ဆီရဲ့အင်္ကျီကိုအရယူသွားတာဟာ ရူးသွပ်စရာပါ၊

နောက်ဆုံးတော့သူရသွားပြီ” လို့ တုံ့ပြန်ခဲ့ပါတယ်။ တတိယတစ်ယောက်ကတော့

“အဖွန်ဆိုဒေးဗီးစ်အတွက်တော့ ဒီညအနိုင်ရတာထက် မက်ဆီရဲ့အင်္ကျီကို

ရလိုက်တာက ပိုပျော်ဖို့ကောင်းတယ်” လို့ တွစ်တာမှာ ရေးသားသွားခဲ့တာဖြစ်တယ်။

zawgyi

ႏွစ္ေပါင္းမ်ားစြာေစာင့္ဆိုင္းခဲ့ရတာေတာင္ဇြဲမေလွ်ာ့ဘဲ မက္ဆီရဲ႕အက်ႌကို အဖြန္ဆိုေဒးဗီးစ္ အရယူျပခဲ့

ပါရီမွာကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမေအက်ာ့ပြဲစဥ္မွာေတာ့

ဘိုင္ယန္ျမဴးနစ္က ေတာင္ပံတိုက္စစ္ကစားသမား ကင္စေလကိုမန္းရဲ႕

တစ္လုံးတည္းေသာဂိုးနဲ႔ ပီအက္စ္ဂ်ီကိုအႏိုင္ရခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့ ကေနဒါေနာက္ခံလူ

အဖြန္ဆိုေဒးဗီးစ္ဟာ မက္ဆီနဲ႔အက်ႌခ်င္းလဲလွယ္ခြင့္ေတာင္းဆိုခဲ့ၿပီး

ဒီတစ္ႀကိမ္မွာေတာ့ သူ႔ရဲ႕အိပ္မက္ေတြအမွန္တကယ္အသက္ဝင္ခဲ့တာျဖစ္တယ္။

အဖြန္ဆိုေဒးဗီးစ္ဟာ လြန္ခဲ့တဲ့ ၂ႏွစ္ခြဲေလာက္တုန္းက မက္ဆီနဲ႔ အက်ႌခ်င္းလဲဖို႔

ေတာင္းဆိုခဲ့ေပမဲ့ အျငင္းခံခဲ့ရဖူးပါတယ္။ ၂၀၂၀ ၾသဂုတ္လအတြင္းမွာ

ဘိုင္ယန္ျမဴးနစ္နဲ႔ ဘာစီလိုနာတို႔ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ကစားခဲ့သလို

ဂ်ာမန္ဘီလူးႀကီးက ၈ဂိုး အထိသြင္းခဲ့တာေၾကာင့္ မက္ဆီဟာ

စိတ္ပ်က္လက္ပ်က္ျဖစ္ၿပီး အဖြန္ဆိုေဒးဗီးစ္ရဲ႕ဆႏၵကိုျငင္းဆန္လိုက္တာျဖစ္တယ္။

ဒါနဲ႔ပက္သတ္လို႔ ေဒးဗီးစ္က “ကြၽန္ေတာ္ ေတာင္းဆိုခဲ့ေပမယ့္ သူနည္းနည္း

စိတ္ဆိုးသြားတယ္ထင္တယ္။ အဆင္ေျပပါ ေနာက္တစ္ႀကိမ္ေမွ်ာ္လင့္ပါတယ္” လို႔

အဖြန္ဆိုေဒးဗီးစ္က BT Sport နဲ႔ေတြ႕ဆုံမႈမွာ ေျပာဆိုခဲ့ဖူးပါတယ္။

ဒါေပမဲ့ ရက္ေပါင္း ၉၀၀ ေက်ာ္ၾကာၿပီးတဲ့ေနာက္မွာေတာ့ အသက္ ၂၂ႏွစ္အ႐ြယ္

ကေနဒါၾကယ္ပြင့္ဟာ သူအၿမဲအိပ္မက္ခဲ့တဲ့ မက္ဆီရဲ႕အက်ႌကိုအရယူသြားႏိုင္ခဲ့ပါၿပီ။

မက္ဆီနဲ႔အက်ႌလဲလွယ္ခြင့္ရခဲ့ၿပီးေနာက္ အဖြန္ဆိုေဒးဗီးစ္ဟာ အသင္းေဖာ္မူလာနဲ႔အတူ

ကြင္းထဲကေန Parc des Princes အဝတ္လဲခန္းထဲကို ပီတိေတြျဖာၿပီး

ေလွ်ာက္လွမ္းသြားခဲ့တာကိုေတြ႕ခဲ့ရပါတယ္။ ဒီျဖစ္ရပ္ကိုျမင္တဲ့ ပရိသတ္တစ္ေယာက္က

“ဒီပြဲမွာ အေကာင္းဆုံးျဖစ္ခဲ့တာကေတာ့ အဖြန္ဆိုေဒးဗီးစ္ဟာ ၃ႏွစ္ေလာက္ၾကာၿပီးမွ

မက္ဆီရဲ႕အက်ႌကိုရခဲ့တာပါ” လို႔ မွတ္ခ်က္ေပးခဲ့သလို ဒုတိယတစ္ေယာက္က

“အဖြန္ဆိုေဒးဗီးစ္က မက္ဆီရဲ႕အက်ႌကိုအရယူသြားတာဟာ ႐ူးသြပ္စရာပါ၊

ေနာက္ဆုံးေတာ့သူရသြားၿပီ” လို႔ တုံ႔ျပန္ခဲ့ပါတယ္။ တတိယတစ္ေယာက္ကေတာ့

“အဖြန္ဆိုေဒးဗီးစ္အတြက္ေတာ့ ဒီညအႏိုင္ရတာထက္ မက္ဆီရဲ႕အက်ႌကို

ရလိုက္တာက ပိုေပ်ာ္ဖို႔ေကာင္းတယ္” လို႔ တြစ္တာမွာ ေရးသားသြားခဲ့တာျဖစ္တယ္။