နှစ်တွေအကြာကြီး ဆိုးဆိုးရွားရွားဖြစ်နေတဲ့အသင်းကို သူ့ဘော့စ် ဘာလို့သွားရမှာလဲဆိုပြီး အေဂျက်စ်ကွင်းလယ်လူ မေးခွန်းသလိုလိုနဲ့ ယူနိုက်တက်ကို လှောင်ပြောင်

အေဂျက်စ်အသင်းကွင်းလယ်လူ ကလာဆန်က သူ့ဘော့စ်

အဲရစ်တန်ဟတ်အနေနဲ့ နှစ်တွေအကြာကြီး ဆိုးဆိုးရွားရွားဖြစ်နေတဲ့
ယူနိုက်တက်ကို ဘာဖြစ်လို့ သွားရမှာလဲဆိုပြီး မေးခွန်းထုတ်ရင်း
ယူနိုက်တက်ကို လှောင်ပြောင်လိုက်ပါတယ်။
၂၀၁၇ ကတည်းက အေဂျက်စ်အသင်းနည်းပြအဖြစ် ကိုင်တွယ်နေတဲ့
တန်ဟတ်ဟာ လာမယ့်နွေရာသီမှာ ယူနိုက်တက်အသင်းရဲ့

အမြဲတမ်းနည်းပြဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး
လက်ရှိယူနိုက်တက်ယာယီနည်းပြ ရန်းနစ်က လာမယ့်နွေရာသီမှာ
အသင်းရဲ့အကြံပေးအဖြစ် ပြောင်းလဲတာဝန်ယူမှာဖြစ်ပါတယ်။
၂၀၁၇-၁၈ ရာသီက အဲဗာတန်အသင်းနဲ့အတူ ယူနိုက်တက်နဲ့
ရင်ဆိုင်ခဲ့ဖူးတဲ့ ကလာဆန်က ကစားပုံမကောင်းဘဲ

ပြဿနာတွေတက်နေတဲ့အသင်းကို တန်ဟတ် ဘာလို့
ပြောင်းရမလဲဆိုတဲ့အကြောင်းရင်း သိချင်လိုက်တာဆိုပြီး
ယူနိုက်တက်ကို လှောင်ပြောင်လိုက်တာဖြစ်ပါတယ်။
”တန်ဟတ်က ကျွန်တော်တို့အသင်းနဲ့အတူ နှစ်တွေ
အကြာကြီး ကောင်းကောင်းစွမ်းဆောင်နေတာဖြစ်ပြီး

ယူနိုက်တက်ကတော့ ပြောင်းပြန်အဖြစ် နှစ်တွေအများကြီး
ဆိုးဆိုးရွားရွားဖြစ်နေတဲ့အသင်းပါ”လို့ ကလာဆန်က ပြောပါတယ်။
တန်ဟတ်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ကလာဆန်က
”အေဂျက်စ်မှာလည်း သူဆက်ရှိနေနိုင်တာပဲ။ ကျွန်တော်ကတော့
အဲဒီအတိုင်းမျှော်လင့်ပါတယ်”လို့ သူ့အမြင်ကို ပြောပါတယ်။

ယူနိုက်တက်အသင်းရဲ့အမြဲတမ်းနည်းပြဖြစ်လာဖို့ တန်ဟတ်နဲ့
ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုတို့ အပြိုင်ရေပန်းစားနေတာ
မှန်ပေမယ့် ဆီဗီလာအသင်းနည်းပြ လိုပက်တီဂူနဲ့
စပိန်အသင်းနည်းပြ အင်းနရစ်တို့လည်း ဖြစ်နိုင်ခြေရှိတဲ့စာရင်းထဲ ပါဝင်နေပါတယ်။

Zawgyi

ႏွစ္ေတြအၾကာႀကီး ဆုိးဆိုးရြားရြားျဖစ္ေနတဲ့အသင္းကို သူ႕ေဘာ့စ္ ဘာလုိ႔သြားရမွာလဲဆုိၿပီး ေအဂ်က္စ္ကြင္းလယ္လူ ေမးခြန္းသလုိလုိနဲ႔ ယူႏုိက္တက္ကို ေလွာင္ေျပာင္
ေအဂ်က္စ္အသင္းကြင္းလယ္လူ ကလာဆန္က သူ႕ေဘာ့စ္
အဲရစ္တန္ဟတ္အေနနဲ႔ ႏွစ္ေတြအၾကာႀကီး ဆုိးဆုိးရြားရြားျဖစ္ေနတဲ့

ယူႏုိက္တက္ကို ဘာျဖစ္လုိ႔ သြားရမွာလဲဆုိၿပီး ေမးခြန္းထုတ္ရင္း
ယူႏုိက္တက္ကို ေလွာင္ေျပာင္လုိက္ပါတယ္။
၂၀၁၇ ကတည္းက ေအဂ်က္စ္အသင္းနည္းျပအျဖစ္ ကုိင္တြယ္ေနတဲ့
တန္ဟတ္ဟာ လာမယ့္ေႏြရာသီမွာ ယူႏုိက္တက္အသင္းရဲ႕
အၿမဲတမ္းနည္းျပျဖစ္လာဖို႔ ေရပန္းအစားဆုံးျဖစ္ေနၿပီး

လက္ရွိယူႏုိက္တက္ယာယီနည္းျပ ရန္းနစ္က လာမယ့္ေႏြရာသီမွာ
အသင္းရဲ႕အႀကံေပးအျဖစ္ ေျပာင္းလဲတာ၀န္ယူမွာျဖစ္ပါတယ္။
၂၀၁၇-၁၈ ရာသီက အဲဗာတန္အသင္းနဲ႔အတူ ယူႏုိက္တက္နဲ႔
ရင္ဆုိင္ခဲ့ဖူးတဲ့ ကလာဆန္က ကစားပံုမေကာင္းဘဲ
ျပႆနာေတြတက္ေနတဲ့အသင္းကို တန္ဟတ္ ဘာလို႔

ေျပာင္းရမလဲဆုိတဲ့အေၾကာင္းရင္း သိခ်င္လုိက္တာဆိုၿပီး
ယူႏုိက္တက္ကို ေလွာင္ေျပာင္လုိက္တာျဖစ္ပါတယ္။
”တန္ဟတ္က ကၽြန္ေတာ္တို႔အသင္းနဲ႔အတူ ႏွစ္ေတြ
အၾကာႀကီး ေကာင္းေကာင္းစြမ္းေဆာင္ေနတာျဖစ္ၿပီး
ယူႏုိက္တက္ကေတာ့ ေျပာင္းျပန္အျဖစ္ ႏွစ္ေတြအမ်ားႀကီး

ဆုိးဆုိးရြားရြားျဖစ္ေနတဲ့အသင္းပါ”လုိ႔ ကလာဆန္က ေျပာပါတယ္။
တန္ဟတ္ရဲ႕အနာဂတ္နဲ႔ပတ္သက္လုိ႔ ကလာဆန္က
”ေအဂ်က္စ္မွာလည္း သူဆက္ရွိေနႏုိင္တာပဲ။ ကၽြန္ေတာ္ကေတာ့
အဲဒီအတုိင္းေမွ်ာ္လင့္ပါတယ္”လုိ႔ သူ႕အျမင္ကို ေျပာပါတယ္။
ယူႏုိက္တက္အသင္းရဲ႕အၿမဲတမ္းနည္းျပျဖစ္လာဖို႔ တန္ဟတ္နဲ႔

ပီအက္စ္ဂ်ီအသင္းနည္းျပ ပိုခ်က္တီႏိုတို႔ အၿပိဳင္ေရပန္းစားေနတာ
မွန္ေပမယ့္ ဆီဗီလာအသင္းနည္းျပ လိုပက္တီဂူနဲ႔
စပိန္အသင္းနည္းျပ အင္းနရစ္တို႔လည္း ျဖစ္ႏိုင္ေျခရွိတဲ့စာရင္းထဲ ပါ၀င္ေနပါတယ္။