နှစ်ကြိမ်တိုင်အသည်းကွဲပြီးတဲ့နောက် ဖာဒီနန်ကျေးဇူးကြောင့် Idol ကြီးရော်နယ်ဒိုနဲ့ တွေ့ဆုံခွင့်ရတော့မယ့် Speed

ရော်နယ်ဒိုကစားတာကိုကြည့်ခွင့်ရဖို့အတွက် အမေရိက ကနေ မန်ချက်စတာအထိလာရောက်ခဲ့တဲ့ Speed ဟာနှစ်ကြိမ်တိုင်အသည်းကွဲခဲ့ရတာပါ။

ဗီလာနဲ့ ကာရာဘောင်းပွဲစဉ်မှာ Idol ဖြစ်တဲ့ရော်နယ်ဒိုကိုမြင်တွေ့ခွင့်ရဖို့အတွက် အပြေးလေးခရီးနှင်လာခဲ့ပေမဲ့

ပေါ်တူဂီစူပါစတားကဖျားနေခဲ့ပြီး တန်ဟတ်ရဲ့လူစာရင်းမှာမပါဝင်ခဲ့ပါဘူး။

ကွင်းထဲမှာ ရော်နယ်ဒိုရဲ့ကျောနံပါတ် ၇ ဂျာစီကိုင်ပြီးယောင်လည်လည်ဖြစ်နေတဲ့ Speed ကိုပရိတ်အချို့က

CR7 မပါတဲ့ ဗီလာနဲ့ပွဲစဉ်လူစာရင်းနဲ့ယှဉ်တွဲပြီးနောက်ပြောင်ခဲ့ကြပါတယ်။

ပွဲအပြီးမှာတော့ Speed ဟာ မန်ချက်မြို့လမ်းမထက်မှာလျှောက်လည်ရင်း အသည်းကွဲပြခဲ့ပါတယ်။

ဆိုရှယ်မီဒီယာကြယ်ပွင့် Speed ဟာ ရော်နယ်ဒိုနဲ့တွေ့ဆုံခွင့်အတွက်ဇွဲမလျှော့ခဲ့ဘဲ ဖူလ်ဟမ်နဲ့ပွဲကိုကြည့်ရှုဖို့အတွက် လန်ဒန်အနောက်ပိုင်းကိုခရီးနှင်ခဲ့ပြန်ပါတယ်။

ဒါပေမဲ့ ရော်နယ်ဒိုဟာ ကြံ့ခိုင်မှုအပြည့်အဝမကောင်းမွန်တဲ့အတွက် ယူနိုက်တက်အသင်းလူစာရင်းထဲမပါဝင်ခဲ့ပြန်ပါဘူး။

Sky Sports ရဲ့ဘောလုံးပွဲတင်ဆက်သူဖြစ်တဲ့ ဂျေမီရက်နပ်ကတော့ ဆယ်ကျော်သက်ကောင်လေးဟာသူ့ဆန္ဒတွေမပြည့်ဝခဲ့တဲ့အတွက်

အသည်းကွဲနေတယ်ဆိုတဲ့စိတ်မကောင်းစရာသတင်းကိုတင်ဆက်ပေးခဲ့ပါတယ်။

ဒါကို သနားစိတ်ဝင်ခဲ့တဲ့ ဖာဒီနန်ကတော့ မဝေးတဲ့အနာဂတ်မှာ Speed လေးကို ရော်နယ်ဒိုနဲ့တွေ့ဆုံခွင့်ရဖို့ကြိုးစားပေးမယ်လို့သိရပါတယ်။

SPORTbible ကတစ်ဆင့် ဖာဒီနန်နဲ့ Speed တို့မျက်နှာချင်းဆိုင်တွေ့ဆုံမှုမှာတော့ သူနဲ့ရော်နယ်ဒိုကြားတွေ့ဆုံမှုလေးတစ်ခုကိုဖန်တီးပေးမယ်ဆိုတာထင်ရှားခဲ့ပါတယ်။

“မင်းရော်နယ်ဒိုကို သဘောကျတာလား။ မင်းက ငါ့ကိုချိတ်ပေးစေချင်နေတာလား။ ဟေး…ကောင်လေး” လို့ ဖာဒီနန်က

ဗီဒီယိုတွေ့ဆုံမှုမှာပြောဆိုခဲ့တဲ့နောက် Speed က “လုပ်ပါ…ဘရို ငါ့ကိုမလိမ်ရဘူးနော်” လို့ တုံ့ပြန်ခဲ့ပါတယ်။

ဒီအခြေအနေကိုကြည့်ရင်တော့ Speed ရဲ့ဆန္ဒတွေပြည့်ဝဖို့အတော်လေးနီးစပ်သွားပါပြီ။

zawgyi

ႏွစ္ႀကိမ္တိုင္အသည္းကြဲၿပီးတဲ့ေနာက္ ဖာဒီနန္ေက်းဇူးေၾကာင့္ Idol ႀကီးေရာ္နယ္ဒိုနဲ႔ ေတြ႕ဆုံခြင့္ရေတာ့မယ့္ Speed

ေရာ္နယ္ဒိုကစားတာကိုၾကည့္ခြင့္ရဖို႔အတြက္ အေမရိက ကေန မန္ခ်က္စတာအထိလာေရာက္ခဲ့တဲ့ Speed ဟာႏွစ္ႀကိမ္တိုင္အသည္းကြဲခဲ့ရတာပါ။

ဗီလာနဲ႔ ကာရာေဘာင္းပြဲစဥ္မွာ Idol ျဖစ္တဲ့ေရာ္နယ္ဒိုကိုျမင္ေတြ႕ခြင့္ရဖို႔အတြက္ အေျပးေလးခရီးႏွင္လာခဲ့ေပမဲ့

ေပၚတူဂီစူပါစတားကဖ်ားေနခဲ့ၿပီး တန္ဟတ္ရဲ႕လူစာရင္းမွာမပါဝင္ခဲ့ပါဘူး။

ကြင္းထဲမွာ ေရာ္နယ္ဒိုရဲ႕ေက်ာနံပါတ္ ၇ ဂ်ာစီကိုင္ၿပီးေယာင္လည္လည္ျဖစ္ေနတဲ့ Speed ကိုပရိတ္အခ်ိဳ႕က

CR7 မပါတဲ့ ဗီလာနဲ႔ပြဲစဥ္လူစာရင္းနဲ႔ယွဥ္တြဲၿပီးေနာက္ေျပာင္ခဲ့ၾကပါတယ္။

ပြဲအၿပီးမွာေတာ့ Speed ဟာ မန္ခ်က္ၿမိဳ႕လမ္းမထက္မွာေလွ်ာက္လည္ရင္း အသည္းကြဲျပခဲ့ပါတယ္။

ဆိုရွယ္မီဒီယာၾကယ္ပြင့္ Speed ဟာ ေရာ္နယ္ဒိုနဲ႔ေတြ႕ဆုံခြင့္အတြက္ဇြဲမေလွ်ာ့ခဲ့ဘဲ ဖူလ္ဟမ္နဲ႔ပြဲကိုၾကည့္ရႈဖို႔အတြက္ လန္ဒန္အေနာက္ပိုင္းကိုခရီးႏွင္ခဲ့ျပန္ပါတယ္။

ဒါေပမဲ့ ေရာ္နယ္ဒိုဟာ ႀကံ့ခိုင္မႈအျပည့္အဝမေကာင္းမြန္တဲ့အတြက္ ယူႏိုက္တက္အသင္းလူစာရင္းထဲမပါဝင္ခဲ့ျပန္ပါဘူး။

Sky Sports ရဲ႕ေဘာလုံးပြဲတင္ဆက္သူျဖစ္တဲ့ ေဂ်မီရက္နပ္ကေတာ့ ဆယ္ေက်ာ္သက္ေကာင္ေလးဟာသူ႔ဆႏၵေတြမျပည့္ဝခဲ့တဲ့အတြက္

အသည္းကြဲေနတယ္ဆိုတဲ့စိတ္မေကာင္းစရာသတင္းကိုတင္ဆက္ေပးခဲ့ပါတယ္။

ဒါကို သနားစိတ္ဝင္ခဲ့တဲ့ ဖာဒီနန္ကေတာ့ မေဝးတဲ့အနာဂတ္မွာ Speed ေလးကို ေရာ္နယ္ဒိုနဲ႔ေတြ႕ဆုံခြင့္ရဖို႔ႀကိဳးစားေပးမယ္လို႔သိရပါတယ္။

SPORTbible ကတစ္ဆင့္ ဖာဒီနန္နဲ႔ Speed တို႔မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆုံမႈမွာေတာ့ သူနဲ႔ေရာ္နယ္ဒိုၾကားေတြ႕ဆုံမႈေလးတစ္ခုကိုဖန္တီးေပးမယ္ဆိုတာထင္ရွားခဲ့ပါတယ္။

“မင္းေရာ္နယ္ဒိုကို သေဘာက်တာလား။ မင္းက ငါ့ကိုခ်ိတ္ေပးေစခ်င္ေနတာလား။ ေဟး…ေကာင္ေလး” လို႔ ဖာဒီနန္က

ဗီဒီယိုေတြ႕ဆုံမႈမွာေျပာဆိုခဲ့တဲ့ေနာက္ Speed က “လုပ္ပါ…ဘ႐ို ငါ့ကိုမလိမ္ရဘူးေနာ္” လို႔ တုံ႔ျပန္ခဲ့ပါတယ္။

ဒီအေျခအေနကိုၾကည့္ရင္ေတာ့ Speed ရဲ႕ဆႏၵေတြျပည့္ဝဖို႔အေတာ္ေလးနီးစပ္သြားပါၿပီ။