နွေရာသီအပြောင်းအရွှေ့ဈေးကွက် အသုံးစရိတ်မှာ စံချိန်ထပ်ချိုးလိုက်တဲ့ ပရီးမီးယားလိဂ်

နွေရာသီအပြောင်းအရွှေ့ဈေးကွက် အသုံးစရိတ်ကို ပရီးမီးယားလိဂ်အသင်းတွေ စံချိန်ထပ်ချိုးလိုက်ပြန်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်ပိတ်ဖို့ ရက်ပိုင်းသာလိုတော့ချိန်မှာ ၂၀၁၇ ခုနှစ်ကတင်ထားခဲ့တဲ့ ပေါင် ၁.၄၃ ဘီလီယံ ထက်ကျော်လွန်ပြီး ပေါင် ၁.၅ ဘီလီယံနဲ့ စံချိန်သစ်ထပ်တင်လိုက်တာဖြစ်ပါတယ်။

ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွက် ပရီးမီးယားလိဂ်အသင်းတွေရဲ့ ငွေကြေးသုံးထားမှုဟာ ပြီးခဲ့တဲ့တစ်ရာသီလုံးစာ သုံးစွဲထားခဲ့တဲ့ ပေါင် ၁.၄၄ ဘီလီယံထက်တောင်များနေခဲ့တာပါ။ လက်ရှိပမာဏဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် နွေရာသီအပြောင်းအရွှေ့ဈေးကွက်ရဲ့ အမြင့်ဆုံး စံချိန်တင် အသုံးစရိတ်အဖြစ်ရှိနေတဲ့ ပေါင် ၁.၈၆ ဘီလီယံကို တောင်ကျော်သွားနိုင်ဖို့ရှိနေတာလည်းဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်ဝန်ဆောင်မှုကွန်ရက်တစ်ခုဖြစ်တဲ့ Deloitte ရဲ့ Sports Business Group လက်ထောက် ဒါရိုက်တာ ခရစ်ဝုဒ်ကတော့ ဒါဟာ ကိုဗစ်ကပ်ရောဂါနောက်ပိုင်း ပရီးမီးယားလိဂ်အသင်းတွေ စီးပွားရေး နလန်ပြန်ထူလာတာကို သက်သေပြနေတာဖြစ်တယ်လို့ဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် နွေရာသီအပြောင်းအရွှေ့ဈေးကွက် အခုလိုအချိန်မှာ ပရီးမီးယားလိဂ်အသင်းတွေရဲ့ စုစုပေါင်း အသုံး စရိတ်ဟာ ပေါင် ၈၉၅ သန်းသာရှိနေခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ပိတ်ခါနီးနောက်ဆုံးအပတ်မှာ ပေါင်သန်း ၂၀၀ ကျော်ထပ်တိုးလာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ်အသင်းတွေရဲ့ကစားသမားသစ်ခေါ်ယူထားမှုဟာ စုစုပေါင်း ၁၃၅ ယောက်ရှိနေခဲ့တာပါ။ ဒီအရေအတွက်ဟာ ၂၀၁၉ ဒါမှမဟုတ် ၂၀၂၀ ကထက်ပိုမိုများပြားတဲ့အရေ အတွက်ဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်နွေရာသီအပြောင်းအရွှေ့မှာတော့ စုစုပေါင်းကစားသမားသစ်ခေါ်ယူမှု ၁၄၈ ယောက်ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီထဲက ကစားသမားသုံးပုံနှစ်ပုံကို ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ပေါင်သန်း ၃၀ ကျော်ပေးရတဲ့ ကစားသမား ၁၄ ယောက်ပါဝင်ခဲ့တာပါ။ ဒီနွေရာသီမှာ ထိပ်တန်းခေါ်ယူမှုတွေ အဖြစ်တော့ နူနက်ဇ် ပေါင် ၈၅.၅သန်း၊

ကက်စ်မီရို ပေါင်သန်း ၇၀၊ ကူကူရယ်လာ ပေါင်သန်း ၆၀၊ ရစ်ချာလီဆင် ပေါင်သန်း ၆၀၊ စတားလင်း ပေါင် ၄၇.၅သန်း၊ ကူလီဘာလီ ပေါင် ၃၄ သန်းတို့အပြင် ပေါင်သန်း ၃၀ ကျော် ခေါ်ယူမှုတွေလည်း အများကြီးရှိနေခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ မန်ယူ၊ ချဲလ်ဆီး၊ အာဆင်နယ်၊ လီဗာပူး၊ နော်တင်ဟမ်တို့အပြင် တခြားအသင်းတချို့လည်း အပြောင်းအရွှေ့မပိတ်ခင် ငွေဆက်သုံးဦးမယ့်အလားအလာ တွေရှိနေတာကြောင့် ပေါင် ၁.၅ ဘီလီယံကိုတောင်ကျော်လွန်လာဖို့ ရှိနေပါတယ်။

(zawgyi)

ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ အသုံးစရိတ္ကို ပရီးမီးယားလိဂ္အသင္းေတြ စံခ်ိန္ထပ္ခ်ိဳးလိုက္ျပန္ပါတယ္။ အေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္ဖို႔ ရက္ပိုင္းသာလိုေတာ့ခ်ိန္မွာ ၂၀၁၇ ခုႏွစ္ကတင္ထားခဲ့တဲ့ ေပါင္ ၁.၄၃ ဘီလီယံ ထက္ေက်ာ္လြန္ၿပီး ေပါင္ ၁.၅ ဘီလီယံနဲ႔ စံခ်ိန္သစ္ထပ္တင္လိုက္တာျဖစ္ပါတယ္။

ဒီႏွစ္ေႏြရာသီ အေျပာင္းအေ႐ႊ႕ ေဈးကြက္အတြက္ ပရီးမီးယားလိဂ္အသင္းေတြရဲ႕ ေငြေၾကးသုံးထားမႈဟာ ၿပီးခဲ့တဲ့တစ္ရာသီလုံးစာ သုံးစြဲထားခဲ့တဲ့ ေပါင္ ၁.၄၄ ဘီလီယံထက္ေတာင္မ်ားေနခဲ့တာပါ။ လက္ရွိပမာဏဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ရဲ႕ အျမင့္ဆုံး စံခ်ိန္တင္ အသုံးစရိတ္အျဖစ္ရွိေနတဲ့

ေပါင္ ၁.၈၆ ဘီလီယံကို ေတာင္ေက်ာ္သြားႏိုင္ဖို႔ရွိေနတာလည္းျဖစ္ပါတယ္။ ပေရာ္ဖက္ရွင္နယ္ဝန္ေဆာင္မႈကြန္ရက္တစ္ခုျဖစ္တဲ့ Deloitte ရဲ႕ Sports Business Group လက္ေထာက္ ဒါ႐ိုက္တာ ခရစ္ဝုဒ္ကေတာ့ ဒါဟာ ကိုဗစ္ကပ္ေရာဂါေနာက္ပိုင္း ပရီးမီးယားလိဂ္အသင္းေတြ စီးပြားေရး နလန္ျပန္ထူလာတာကို သက္ေသျပေနတာျဖစ္တယ္လို႔ဆိုထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ အခုလိုအခ်ိန္မွာ ပရီးမီးယားလိဂ္အသင္းေတြရဲ႕ စုစုေပါင္း အသုံး စရိတ္ဟာ ေပါင္ ၈၉၅ သန္းသာရွိေနခဲ့တာျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ပိတ္ခါနီးေနာက္ဆုံးအပတ္မွာ ေပါင္သန္း ၂၀၀ ေက်ာ္ထပ္တိုးလာခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာ ပရီးမီးယားလိဂ္အသင္းေတြရဲ႕ကစားသမားသစ္ေခၚယူထားမႈဟာ

စုစုေပါင္း ၁၃၅ ေယာက္ရွိေနခဲ့တာပါ။ ဒီအေရအတြက္ဟာ ၂၀၁၉ ဒါမွမဟုတ္ ၂၀၂၀ ကထက္ပိုမိုမ်ားျပားတဲ့အေရ အတြက္ျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ေႏြရာသီအေျပာင္းအေ႐ႊ႕မွာေတာ့ စုစုေပါင္းကစားသမားသစ္ေခၚယူမႈ ၁၄၈ ေယာက္ရွိခဲ့တာျဖစ္ပါတယ္။ အဲဒီထဲက ကစားသမားသုံးပုံႏွစ္ပုံကို ေျပာင္းေ႐ႊ႕ေၾကးေတြနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး

ေပါင္သန္း ၃၀ ေက်ာ္ေပးရတဲ့ ကစားသမား ၁၄ ေယာက္ပါဝင္ခဲ့တာပါ။ ဒီေႏြရာသီမွာ ထိပ္တန္းေခၚယူမႈေတြ အျဖစ္ေတာ့ ႏူနက္ဇ္ ေပါင္ ၈၅.၅သန္း၊ ကက္စ္မီ႐ို ေပါင္သန္း ၇၀၊ ကူကူရယ္လာ ေပါင္သန္း ၆၀၊ ရစ္ခ်ာလီဆင္ ေပါင္သန္း ၆၀၊ စတားလင္း ေပါင္ ၄၇.၅သန္း၊ ကူလီဘာလီ ေပါင္ ၃၄ သန္းတို႔အျပင္ ေပါင္သန္း ၃၀ ေက်ာ္ ေခၚယူမႈေတြလည္း

အမ်ားႀကီးရွိေနခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာ မန္ယူ၊ ခ်ဲလ္ဆီး၊ အာဆင္နယ္၊ လီဗာပူး၊ ေနာ္တင္ဟမ္တို႔အျပင္ တျခားအသင္းတခ်ိဳ႕လည္း အေျပာင္းအေ႐ႊ႕မပိတ္ခင္ ေငြဆက္သုံးဦးမယ့္အလားအလာ ေတြရွိေနတာေၾကာင့္ ေပါင္ ၁.၅ ဘီလီယံကိုေတာင္ေက်ာ္လြန္လာဖို႔ ရွိေနပါတယ္။