နွေရာသီမှာ ရှယ်ကြမ်းပလန်နဲ့ အပီဝုန်းတော့မယ့် အာဆင်နယ်

သတင်းတွေရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ
လာမယ့်နွေရာသီအတွင်း ကစားသမားသစ်ခေါ်ယူရေးအတွက်
ပေါင်သန်း ၁၈၀အထိ သုံးစွဲဖို့ ပြင်ဆင်နေတယ်လို့ သိရရာ
ဒီအတိုင်းဆိုရင် အသင်းသမိုင်းတစ်လျှောက်
ဈေးကွက်တစ်ခုအတွင်း စံချိန်တင်
ငွေသုံးစွဲမှုအဖြစ် စံချိန်တင်သွားမှာဖြစ်ပါတယ်။
ဒီအတိုင်းဆိုရင် အာဆင်နယ်အသင်းပိုင်ရှင်
ခရိုယန်ကီက နည်းပြအာတီတာကို
ဆက်လက်ယုံကြည်နေတဲ့သဘောဖြစ်ပြီး
နွေရာသီမှာ အသင်းကို အကြီးအကျယ်
ပြင်ဆင်ဖို့ လုပ်ဆောင်နေပါတယ်။


The Sun သတင်းစာရဲ့ဖော်ပြချက်အရ အာဆင်နယ်ဟာ
နွေရာသီမှာ တိုက်စစ်မှူးတွေဖြစ်တဲ့ ကယ်လ်ဗက်လီဝင်နဲ့
အီဆက်၊ ကွင်းလယ်လူ ရူဗင်နီဗက်စ်တို့ကို
အဓိကပစ်မှတ်တွေအဖြစ် ခေါ်ယူဖို့
စီစဉ်နေတယ်လို့ သိရပါတယ်။
ဒါပေမဲ့ အဲဒီကစားသမားအားလုံးက
ဈေးကြီးမှာသေချာပြီး ဆိုစီဒက်အသင်းတိုက်စစ်မှူး
အီဆက်ရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၇၅သန်းရှိသလို
အဲဗာတန်တိုက်စစ်မှူး ကယ်လ်ဗက်လီဝင်ရဲ့
တန်ကြေးကလည်း ပေါင်သန်း ၆၀ရှိပါတယ်။


ဝုဗ်ကနေ နီဗက်စ်ကို ခေါ်မယ်ဆိုရင်လည်း
အနည်းဆုံး ပေါင် ၄၅သန်းကုန်ကျမှာဖြစ်ရာ
သူတို့ ၃ယောက်စလုံးကိုခေါ်ယူဖြစ်မယ်ဆိုရင်
အာဆင်နယ်ရဲ့ငွေကြေးသုံးစွဲမှုက
စံချိန်တင်ဖြစ်လာမှာ သေချာပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့ဲတဲ့နွေရာသီကလည်း
ကစားသာမားသစ်ခေါ်ယူရေးအတွက်
ပေါင်သန်း ၁၅၀အထိ သုံးစွဲခဲ့ပြီး
ဘင်ဝှိုက်၊ အိုဒီဂတ်၊ ရမ်းစ်ဒေးလ်၊ တိုမီယာဆု၊
လိုကွန်ဂါနဲ့ တာဗာရက်စ်တို့ကို ခေါ်ယူခဲ့ပါတယ်။
အဲဒီကစားသမားတွေအားလုံးနီးပါး အသင်းမှာ
ခြေစွမ်းပြနေရာ အသင်းပိုင်ရှင် ခရိုယန်ကီက
လာမယ့်နွေရာသီမှာလည်း အာတီတာအတွက်
များပြားတဲ့ အပြောင်းအရွှေ့စရိတ် ထုတ်ပေးဖွယ်ရှိနေပါတယ်။
လာမယ့်နွေရာသီမှာ ဘယ်လာရင်၊ မစ်လန်းနိုင်းစ်၊ နယ်လ်ဆင်၊
ဂွမ်ဒိုဇီ၊ တော်ရဲရား၊ ရူနာဆန်နဲ့ မာဗရိုပါနို့စ်တို့ကို
ရောင်းထုတ်ဖွယ်ရှိနေပါတယ်။