နံပါတ်(၉) ရှာပုံတော်နဲ့အလုပ်ရှုပ်နေတဲ့ တူချယ်ကို သံချောင်းခေါက်လိုက်တဲ့ မိုရာတာ

အူဘာမီယန်ကိုမရတော့မယ့်အဆုံးမှာ အက်သလက်တီကိုတိုက်စစ်မှူး မိုရာတာကို ချဲလ်ဆီးပြန်ခေါ်မယ့် သတင်းတွေထွက်လာခဲ့ပါတယ်။ လိဒ်ရဲ့သွင်းဂိုးတွေကိုသာထိုင်ကြည့်ပြီး လက်မှိုင်ချနေရတဲ့ ချဲလ်ဆီးနည်းပြ တူချယ်အနေနဲ့ ရာသီသစ်အတွက် အသင့်မဖြစ်သေးဘူးဆိုတာ

သိသာနေပါတယ်။ လူကာကူနဲ့ ဝါနာတို့မရှိတော့တဲ့နောက်ပိုင်း နံပါတ်(၉)ပိုင်ရှင် အတွက်ခေါင်းစားနေရတဲ့ တူချယ်အတွက် အကျပ်ရိုက်နေပုံလည်းရပါတယ်။ တပည့်ဟောင်း အူဘာမီယန် ကိုခေါ်ဖို့ တစ်ချိန်လုံးလိုက်နေပေမယ့် အခုတော့ ဘာစီလိုနာတောင်းတဲ့ ပေါင် ၂၁ သန်းနဲ့

ဈေးမတည့်လို့ မိုရာတာဘက်ကိုရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၇ မှာရီးရဲလ်ကနေ ပေါင်သန်း ၆၀နဲ့ ချဲလ်ဆီးကိုရောက်လာခဲ့ဖူးတဲ့ မိုရာတာ ဟာပရီးမီးယားလိဂ်မှာ ရုန်းကန် သွားခဲ့ရပြီး စပိန်မြေကိုပြန်ရောက်သွားတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအတွက် နှစ်ရာသီမှာ ၂၄ဂိုးသာသွင်းပေးနိုင်ခဲ့တာပါ။ ၂၀၁၉ ခုနှစ်မှာ အက်သလက်တီကို အငှားပြန်ရောက်သွားခဲ့ပြီးနောက် အပြီးသတ်နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ မိုရာတာဆိုတာကလည်း ခရီးသွားတိုက်စစ်မှူးလို့တောင် ဆိုရမလိုပါ။

အက်သလက်တီကို ကိုအပြီးသတ်ပြောင်းရွှေ့ပြီးနောက် ဂျူဗင်တပ်ကို အငှားပြန်ချခံခဲ့ရတာဖြစ်ပါတယ်။ စီးရီးအေကိုရောက်သွားချိန်မှာတော့ မိုရာတာရဲ့ စန်းတွေပြန်ထလာခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်အတွက် နှစ်ရာသီကြာသွားကစားပေးခဲ့တဲ့ မိုရာတာဟာ (၉၂)ပွဲမှာ

(၃၂)ဂိုးသွင်းယူပြနိုင်ခဲ့ပြီးနောက် ဒီရာသီမှာ အက်သလက်တီကို ကိုပြန်ရောက်နေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဂီတာဖေးနဲ့ လာလီဂါရာသီသစ်အဖွင့်ပွဲမှာ အက်သလက်တီကိုအတွက် အနိုင်ဂိုးနှစ်ဂိုးသွင်းယူပြပြီး သူ့ရဲ့လာလီဂါရာသီသစ်ကို စတင်ထားခဲ့တာပါ။

ဒါဟာ နံပါတ်(၉)ရှာပုံတော်နဲ့ အခက်တွေ့နေတဲ့ ချဲလ်ဆီးနည်းပြ တူချယ်အတွက် သတိပေး ခေါင်းလောင်းသံလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီပွဲစဉ်အပြီးမှာပဲ အူဘာမီယန်နောက်ကိုလိုက်နေတဲ့ချဲလ်ဆီးဟာ မိုရာတာကို ပြန်ခေါ်မယ်ဆိုပြီး သတင်းတွေထွက်လာခဲ့တာဖြစ်ပါတယ်။

(zawgyi)

အူဘာမီယန္ကိုမရေတာ့မယ့္အဆုံးမွာ အက္သလက္တီကိုတိုက္စစ္မႉး မိုရာတာကို ခ်ဲလ္ဆီးျပန္ေခၚမယ့္ သတင္းေတြထြက္လာခဲ့ပါတယ္။ လိဒ္ရဲ႕သြင္းဂိုးေတြကိုသာထိုင္ၾကည့္ၿပီး လက္မႈိင္ခ်ေနရတဲ့ ခ်ဲလ္ဆီးနည္းျပ တူခ်ယ္အေနနဲ႔ ရာသီသစ္အတြက္ အသင့္မျဖစ္ေသးဘူးဆိုတာ

သိသာေနပါတယ္။ လူကာကူနဲ႔ ဝါနာတို႔မရွိေတာ့တဲ့ေနာက္ပိုင္း နံပါတ္(၉)ပိုင္ရွင္ အတြက္ေခါင္းစားေနရတဲ့ တူခ်ယ္အတြက္ အက်ပ္႐ိုက္ေနပုံလည္းရပါတယ္။ တပည့္ေဟာင္း အူဘာမီယန္ ကိုေခၚဖို႔ တစ္ခ်ိန္လုံးလိုက္ေနေပမယ့္ အခုေတာ့ ဘာစီလိုနာေတာင္းတဲ့

ေပါင္ ၂၁ သန္းနဲ႔ ေဈးမတည့္လို႔ မိုရာတာဘက္ကိုေရာက္သြားခဲ့ၿပီျဖစ္ပါတယ္။ ၂၀၁၇ မွာရီးရဲလ္ကေန ေပါင္သန္း ၆၀နဲ႔ ခ်ဲလ္ဆီးကိုေရာက္လာခဲ့ဖူးတဲ့ မိုရာတာ ဟာပရီးမီးယားလိဂ္မွာ ႐ုန္းကန္ သြားခဲ့ရၿပီး စပိန္ေျမကိုျပန္ေရာက္သြားတဲ့ ကစားသမားလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးအတြက္ ႏွစ္ရာသီမွာ ၂၄ဂိုးသာသြင္းေပးႏိုင္ခဲ့တာပါ။ ၂၀၁၉ ခုႏွစ္မွာ အက္သလက္တီကို အငွားျပန္ေရာက္သြားခဲ့ၿပီးေနာက္ အၿပီးသတ္နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။ မိုရာတာဆိုတာကလည္း ခရီးသြားတိုက္စစ္မႉးလို႔ေတာင္ ဆိုရမလိုပါ။

အက္သလက္တီကို ကိုအၿပီးသတ္ေျပာင္းေ႐ႊ႕ၿပီးေနာက္ ဂ်ဴဗင္တပ္ကို အငွားျပန္ခ်ခံခဲ့ရတာျဖစ္ပါတယ္။ စီးရီးေအကိုေရာက္သြားခ်ိန္မွာေတာ့ မိုရာတာရဲ႕ စန္းေတြျပန္ထလာခဲ့တာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္အတြက္ ႏွစ္ရာသီၾကာသြားကစားေပးခဲ့တဲ့ မိုရာတာဟာ (၉၂)ပြဲမွာ

(၃၂)ဂိုးသြင္းယူျပႏိုင္ခဲ့ၿပီးေနာက္ ဒီရာသီမွာ အက္သလက္တီကို ကိုျပန္ေရာက္ေနခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဂီတာေဖးနဲ႔ လာလီဂါရာသီသစ္အဖြင့္ပြဲမွာ အက္သလက္တီကိုအတြက္ အႏိုင္ဂိုးႏွစ္ဂိုးသြင္းယူျပၿပီး သူ႔ရဲ႕လာလီဂါရာသီသစ္ကို စတင္ထားခဲ့တာပါ။

ဒါဟာ နံပါတ္(၉)ရွာပုံေတာ္နဲ႔ အခက္ေတြ႕ေနတဲ့ ခ်ဲလ္ဆီးနည္းျပ တူခ်ယ္အတြက္ သတိေပး ေခါင္းေလာင္းသံလည္း ျဖစ္ခဲ့ပါတယ္။ အဲဒီပြဲစဥ္အၿပီးမွာပဲ အူဘာမီယန္ေနာက္ကိုလိုက္ေနတဲ့ခ်ဲလ္ဆီးဟာ မိုရာတာကို ျပန္ေခၚမယ္ဆိုၿပီး သတင္းေတြထြက္လာခဲ့တာျဖစ္ပါတယ္။